အင်ဂျင် Cooling water system တွင် ပါဝင်သည့် Load-controlled cylinder cooling system ဖြစ်ပါသည်။ ယခင်ရေးသားထားသော Cooling water system နှင့် ဆက်၍ ဖတ်ရှုလေ့လာနိုင်ပါသည်။ )
အင်ဂျင်သည် Slow steaming ကဲ့သို့ Low Load ( ဝန်ပေါ့ ) ဖြစ်နေချိန်တွင် ဆလင်ဒါလိုင်နာ (Cylinder Liner ) ၏ မျက်နှာပြင်အပူချိန် ကျနေပါသည်။ အပူချိန်လျှော့ကျခြင်းကြောင့် နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် Cold corrosion ဖြစ်လာနိုင်ပါသည်။
Cold-corrosion ကို ကာကွယ်ရန်အတွက် Load ( ဝန် ) အလိုက်ထိန်းချုပ်ထားသော Cooling system ( အအေးခံစနစ်) ဖြစ်သော Load-controlled cylinder cooling ကို အင်ဂျင်ထုတ်လုပ်သူများမှ တီထွင်လာကြပါသည်။
ထိုစနစ်တွင် ရေအေးစီးကြောင်းကို နှစ်ခု ခွဲထားပါသည်။
a(1) Primary circuit – cylinder head ကို အအေးခံသည်။ Liner ကို အအေးမခံပါ။
b(2) Secondary circuit - အင်ဂျင်မှ ပြန်ထွက်လာသော ရေပူ ( Uncooled water ) ဖြင့် လိုင်နာဆီသို့ ပို့ပေးပြီး လိုင်နာကို အအေးခံသည်။ အပူချိန်မြင့်သောရေမှ ရေငွေ့ပျံခြင်း ( vapourization) ဖြစ်နိုင်သဖြင့် တားဆီးရန် ရေဖိအားကို ( 4- 6 bar ) ကို ထိန်းထားပါသည်။
MAN အင်ဂျင် S and G 80, 90 and 95-bore engines များတွင် တပ်ဆင်ထားသော Load-dependent cylinder liner ( LDCL ) jacket cooling water system ကို ရှင်းပြပါမည်။
အင်ဂျင်တွင် Cooling water pipe ၂ စုံကို တပ်ဆင်ထားပါသည်။ ပန့်အပို တစ်စုံနှင့် 3-way Control valve ကိုလည်း တပ်ဆင်ထားပါသည်။
ဆလင်ဒါ လိုင်နာ ( Cylinder liner ) တွင် ရေအပူချိန်ကို 130’C အထိ ထိန်းထားသည်။ Exhaust valve နှင့် Cylinder cover တွင် ရေအပူချိန်မှာ ( 80 ~ 90 ‘C ) တွင် ထားရှိသည်။
3-way control valve ဖြင့် ရေအပူချိန်ကို လိုအပ်သလို ထိန်းညှိပေးသည်။
ပုံတွင်ကြည့်ရှုနိုင်ပါသည်။
ထိုစနစ်၏ ကောင်းကျိုးမှာ
- Cylinder lubrication feed rate ကို လျှော့ချနိုင်သည်။
- Cylinder bore insulation ကို ထည့်ရန် မလိုပါ။
- Cylinder liner corrosion ကို လျှော့ချနိုင်သည်။
Cylinder Liner အတွင်း စီးသော Cooling water ပမာဏကို ထိန်းချုပ်သော အခြားနည်းစနစ် များလည်း ရှိသည်။ ထိုစနစ်သည် ပုံမှန်ရေလိုင်းတွင် Orifice တပ်ဆင်ခြင်း၊ Thermostatic valve တပ်ဆင်ခြင်း ဖြစ်သည်။
Cold corrosion ကို ကာကွယ်ရန်အတွက် တချို့သော MAN engine များတွင် Cylinder liner အတွင်း ပို့ပေးသောရေစီးကြောင်းကို By-pass valve တပ်ဆင်ထားသည်။ By-pass ratio ကို cooling water outlet line တွင် orifice တပ်ဆင်ထားပြီး ထိန်းချုပ်သည်။ ထိုအခါ Cylinder Liner အတွင်း ရေစီးကြောင်းသည် စီးနှုန်းနည်းပါးသောကြောင့် Cylinder Liner အပူချိန်ကို မြင့်စေသည်။
ထိုစနစ်ကို Jacket Cooling Water By-pass Basic (JBB) system ဟုခေါ်ပါသည်။
JBB system ကို ပိုမိုကောင်းမွန်အောင် Thermostatic valve တပ်ဆင်ထားသောစနစ်ကို Internal Jacket Cooling Water By-pass Controlled (JBC) system ဟုခေါ်ပါသည်။
Thermostatic valve ကို Cylinder Liner အဝင် Cooling water line တွင် တပ်ဆင်ထားသည်။ Thermostatic valve သည် Engine Load အပေါ်မူတည်ပြီး ရေစီးနှုန်းကို ထိန်းချုပ်ပေးသည်။ Engine Load မြင့်တက်သောအခါတွင် Valve ကို ဖွင့်ပေးပြီး၊ Load ကျဆင်းသောအခါတွင် Valve ကို ပိတ်ပေးသည်။
ထိုနည်းဖြင့် Cylinder Liner ရှိ အပူချိန်ကို ထိန်းထားခြင်းဖြင့် Cold corrosion ကို ကာကွယ်ပါသ
Jacket cooling line တွင် Bypass v/v တပ်ထားသည်။
Jacket cooling line တွင် Thermostatic expansion v/v တပ်ဆင်ထားပြီး Liner temp ကို ထိန်းထားသည်
လိုင်း ၂ လိုင်း တပ်ဆင်ပြီး 3-way v/v ဖြင့် Liner temp ကို ထိန်းပေးသည်။
Liner cooling water line တွင် Orifice တပ်ဆင်ပြီး temp ကို ထိန်းထားသည်
ည်။
Load-controlled cylinder cooling ၏ အဓိကရည်ရွယ်ချက်မှာ ဆလင်ဒါလိုင်နာတွင် Cold corrosion ကို လျှော့ကျစေရန်ဖြစ်ပါသည်။
Ref: Reed Series- Motor Engineering Knowledge(Vol 12 )
MAN B&W Service letter
လေးစားလျှက်
TWH
( Zawgyi )
အင်ဂျင်သည်
Cold-corrosion
ထိုစနစ်တွင်
a(1) Primary
b(2) Secondary
MAN
( 80 ~ 90 ‘C ) တွင် ထားရှိသည်။
- Cylinder
- Cylinder
- Cylinder
Cylinder
ဖြစ်သည်။
Cold
မြင့်စေသည်။
ထိုစနစ်ကို
JBB
Thermostatic
Valve ကို ပိတ်ပေးသည်။
ထိုနည်းဖြင့်
Load-controlled
Ref:
MAN B&W Service letter
လေးစားလျှက်
TWH
No comments:
Post a Comment