သင်္ဘောတစ်စင်း၏ Economiser ကို Drydock တွင် ပုံမှန်စစ်ဆေးခြင်းနှင့်
survey လုပ်ရန်အတွက် အဖုံးများဖွင့်၍ စစ်ဆေးပါသည်။ Economiser ရှိ ရေပိုက်လိုင်းများ
( water tubes ) အကြားရှိ အပူပေးရန် မီးခိုးဖြတ်သန်းသောနေရာသည် ဆိုးဆိုးရွားရွားပိတ်ဆို့ပြီး၊
မာကျောသောဂျိုးများအလွှာလိုက် ကပ်လျှက်ရှိပါသည်။ ပြင်းပြင်းထန်ထန်သန့်ရှင်းရေးလုပ်ရမည်ဖြစ်ပြီး၊
အချိန်လည်းကြာမည်ဖြစ်ပါသည်။
ထပ်မံ၍ စစ်ဆေးတွေ့ရှိအရ
မာကျောသောဂျိုးများသည် ပေါက်ထွက်လာသောလောင်စာဆီများ ဖြစ်ပါသည်။ ထိုလောင်စာဆီများသည်
Boiler ၏မီးလောင်ခန်း ( furnance ) မှတဆင့် ရောက်ရှိလာခြင်းဖြစ်သည်။ ပြဿနာ၏ကွင်းဆက်ရှာဖွေမှုအရ
Boiler burner ရှိ Solenoid valve တပ်ထားသော လောင်စာဆီပိုက်ပျော့သုံးချောင်းကို နေရာလွဲမှားစွာ
တပ်ဆင်ထားပါသည်။ ထိုပိုက်များမှာ ဖိအားမြှင့်လောင်စာလိုင်း ( High-pressure )၊ ဖိအားလျှော့လောင်စာလိုင်း
( Low-pressure )၊ လှည့်လည်လောင်စာလိုင်း ( Circulating fuel line ) တို့ဖြစ်ပါသည်။
ဖိအားလျှော့လောင်စာလိုင်းနှင့် လှည့်လည်လောင်စာလိုင်းကို နေရာလွဲမှာစွာ တပ်ဆင်ထားသည်။
Boiler ၏ မီးလောင်ခြင်းဖြစ်စဉ်သည် အဆင်ပြေသောကြောင့် သင်္ဘောသားများသည် ထိုလွဲမှားမှုကို
သတိမပြုမိကြပါ။
မီးတောက်ငြိမ်းသောအခါ
လှည့်လည်လောင်စာလိုင်းမှ လောင်စာဆီများသည် ဖိအားလျှော့ပိုက်ခေါင်းကျဉ်း ( Low
pressure nozzle ) မှ တဆင့် စီးကျသွားပါသည်။ အချိန်ကြာသောအခါ မီးမလောင်သောလောင်စာဆီ
( unburnt fuel ) သည် ခေါင်းတိုင်သို့ လေဖြင့် လွင့်ပါသွားပြီး ရေပိုက်လိုင်းများ၏
အပေါ်တွင် အလွှာနှင့်ဂျိုးများဖြစ်လာပါသည်။
မှတ်သားသင့်သောအချက်
ပိုက်များ၊ အဆက်များအားလုံးကို ချိတ်ဆွဲထားရမည်။ သို့မှသာ
မှားယွင်းတပ်ဆင်ခြင်း ကင်းဝေးမည်ဖြစ်သည်။
( Report Number
201261 )
( Safety at Sea မဂ္ဂဇင်းမှ ပြန်ဆိုရေးသားပါသည်။ )
No comments:
Post a Comment