What is Risk assessment?
ဘေးအန္တရာယ်တွက်ချက်မှု
Risk
assessment is the overall process of risk analysis and risk evaluation. In
other world, it is the investigation of what in your work, could lead to an
event which may cause harm to people or property, so that you can weigh up
whether you have taken enough precautions or if you should do more to prevent an
accident from occurring.
ဘေးအန္တရာယ်ကိုခွဲခြမ်းစိတ်ဖြာခြင်းနှင့်
ချင့်ချိန်တွက်ဆခြင်း တို့ပါဝင်သော ဖြစ်စဉ်တစ်ခုလုံးကို ဘေးအန္တရာယ်တွက်ချက်မှုဟု ခေါ်ပါသည်။
အခြားတစ်နည်းအားဖြင့်ဆိုသော် လုပ်ငန်းခွင်ရှိ မည်သည့်အချက်များသည် လူ(သို့)စက်ပစ္စည်းကို
ထိခိုက်စေမည့်ဖြစ်ရပ်များကို ဦးတည်စေသနည်းကို စစ်ဆေးမှုပြုခြင်းဖြစ်ပါသည်။ သို့မှသာ
အလုပ်အတွက် ဘေးအန္တရာယ်မဖြစ်စေရန် လုံလောက်သောသတိထားမှုရှိ၊ မရှိကိုတွက်ဆနိုင်မည်ဖြစ်သည်။
ထိုအလုပ်ကို လုပ်ကိုင်ခဲ့လျှင် ထိခိုက်မှုမှ ကာကွယ်နိုင်ရန် ပိုမိုကာကွယ်နိုင်မည်ဖြစ်ပါသည်။
A risk
is the combination of the likelihood of an event to occur, and the consequences
to the event. In other words a risk is the chance, high or low, that people or
property will be damaged because of a hazard.
ဖြစ်ရပ်တစ်ခုကိုဖြစ်စေနိုင်ခြင်းနှင့်
ဖြစ်ရပ်တစ်ခုဆီသို့ဦးတည်သောအကျိုးဆက်များ အတူတကွပါဝင်နေသောအရာကို ဘေးအန္တရာယ်ဟု ခေါ်ပါသည်။
အန္တရာယ်တစ်ခုကြောင့် လူ(သို့မဟုတ်) စက်ပစ္စည်းထိခိုက်ပျက်စီးစေနိုင်သည့် အခွင့်အလမ်း
( အနည်း(သို့)အများ) ကို ဘေးအန္တရာယ်ဟု ခေါ်ပါသည်။
Almost
everything we do onboard includes risks, therefore tasks onboard have to be
analysed for potential dangers.
ကျွန်ုပ်တို့
သင်္ဘောပေါ်တွင် ဆောင်ရွက်သောကိစ္စတိုင်းလိုလိုတွင် ဘေးအန္တရာယ်များပါဝင်ပါသည်။ ထို့ကြောင့်
သင်္ဘောပေါ်ရှိအလုပ်များ၏ ဖြစ်နိုင်ချေရှိသောဘေးအန္တရာယ်ကို ခွဲခြမ်းစိတ်ဖြာရန်လိုအပ်ပါသည်။
Risk Analysis
ဘေးအန္တရာယ်ကို ခွဲခြမ်းစိတ်ဖြာခြင်း
Risk
analysis forms part of the risk management process. It involves identifying the
risks and determining the likelihood (or probability ) and consequences of each
risk.
ဘေးအန္တရာယ်ကိုခွဲခြမ်းစိတ်ဖြာခြင်းသည်
ဘေးအန္တရာယ်စီမံခန့်ခွဲခြင်းဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ထိုအဆင့်တွင် ဘေးအန္တရာယ်ကို
အသိအမှတ်ပြုခြင်း(သတ်မှတ်ခြင်း) နှင့် ဘေးအန္တရာယ်ဖြစ်နိုင်ချေကို သတ်မှတ်ပါသည်။ ထို့ပြင်
ဘေးအန္တရာယ်တစ်ခုချင်း၏ အကျိုးဆက်များကို အသိအမှတ်ပြုခြင်း ( သတ်မှတ်ခြင်း ) ပါဝင်ပါသည်။
Risk identification
ဘေးအန္တရာယ်အသိအမှတ်ပြုခြင်း ( ဘေးအန္တရာယ်ကိုသတ်မှတ်ခြင်း
)
When analyzing risks, we have to first identify the
hazards that we can create the risks.
ဘေးအန္တရာယ်ခွဲခြမ်းစိတ်ဖြာခြင်းတွင် ပထမဆုံးအနေဖြင့် ဘေးအန္တရာယ်ကိုဖြစ်ပေါ်စေမည့်
အန္တရာယ်ကိစ္စများကို သတ်မှတ်ရပါမည်။
Identifying hazards
အန္တရာယ်ကိစ္စများကို အသိအမှတ်ပြုခြင်း ( သတ်မှတ်ခြင်း )
The first step in any risk assessment is to identify
the hazards that creates the risks. A hazard is anything that has the potential
to cause harm.
ဘေးအန္တရာယ်တွက်ချက်မှုတွင်
ဘေးအန္တရာယ်ကိုဖြစ်စေမည့် အန္တရာယ်ကိစ္စများကို အသိအမှတ်ပြုခြင်းသည် ပထမဆုံးဖြစ်ပါသည်။
ထိခိုက်မှုဖြစ်စေမည့်အလားအလာရှိသောကိစ္စတိုင်းကို အန္တရာယ်ကိစ္စဟု ခေါ်ပါသည်။
In the marine environment, we have a variety of
hazards present.
Here are some examples of potential hazards.
- Weather,
such wind, sea, fog, heat, cold, snow, etc.
- Chemical
hazards, such as fumes or contact
- Electrical
hazards
- High
pressure medium, such as steam, gas etc
- Moving
or rotating machinery parts
- High
noise level
- Working
at heights
- Slippery
surfaces
- Handling
heavy weights
- Inadequate
lighting
- Inadequate
ventilation spaces, especially enclosed spaces
- Unsecured
objects in a moving seaway
- Unsecured
openings
- Damaged
tools or equipments
ရေကြောင်းဆိုင်ရာပတ်ဝန်းကျင်တွင် အန္တရာယ်ကိစ္စများစွာ ရှိပါသည်။
ဖြစ်နိုင်ချေရှိသော အန္တရာယ်ကိစ္စအချို့မှာ
- ရာသီဥတု
( လေလှိုင်း၊ ပင်လယ်၊ မြူနှင်း၊ အပူ၊ အအေး၊ ဆီးနှင်း )
- ဓါတုဗေဒအန္တရာယ်
( အမှုန်အမွှား၊ ထိတွေ့မိခြင်း )
- လျှပ်စစ်အန္တရာယ်
- ဖိအားမြင့်အငွေ့များ
( ရေနွေးငွေ့၊ ဓါတ်ငွေ့များ )
- ရွှေ့လျားနေသော
(သို့) လည်ပတ်နေသောစက်ပစ္စည်းများ
- အသံဆူညံခြင်း
- အမြင့်တွင်
အလုပ်လုပ်ခြင်း
- ချောမွေ့နေသောမျက်နှာပြင်များ
- လေးလံသောအရာဝတ္ထုများကို
ကိုင်တွယ်ရခြင်း
- အလင်းရောင်
မလုံလောက်မှု
- လေဝင်လေထွက်မကောင်းမှု
( အလုံပိတ်အခန်းများ )
- လှုပ်နေသောပင်လယ်ပြင်တွင်
ဖမ်းမထားသောအရာဝတ္ထုများရွှေ့လျားခြင်း
- ပိတ်ကာမထားသော
အပေါက်များ
- ပျက်စီးနေသောကိရိယာများ၊
စက်ပစ္စည်းများ
Risk estimation
ဘေးအန္တရာယ်တွက်ချက်မှု
Then we have to estimate both the likelihood and the
consequences of the event.
- Likelihood
- Consequences
ဖြစ်ရပ်တစ်ခု၏ အကျိုးဆက်များနှင့် ဖြစ်နိုင်ချေ နှစ်မျိုးလုံးကို
ခန့်မှန်းတွက်ချက်ပါမည်။
- ဖြစ်နိုင်ချေ
- အကျိုးဆက်
Likelihood
Likelihood is the extent to which an event is likely
to occur. When professional risk analyzers do a risk analysis they put scores
on the likelihood.
There are different ways to determine the likelihood
of a risk developing into an accident. Here are some examples.
Incident History such as looking back to see how often
accident happens in the past.
Model analysis such as making a theoretical model of a
job to estimate the likelihood of an accident.
Component Failure Rate Data such as asking the
manufacture of the equipment how often it breaks down.
ဖြစ်နိုင်ချေ
ဖြစ်နိုင်ချေ ဆိုသည်မှာ ဖြစ်ရပ်တစ်ခုသည် မည်သည့်အတိုင်းအတာပမာဏအထိ
ဖြစ်နိုင်သနည်းကို ဆိုလိုပါသည်။ ဘေးအန္တရာယ်ကို ခွဲခြမ်းစိတ်ဖြာသူများသည် ဘေးအန္တရာယ်ခွဲခြမ်းစိတ်ဖြာမှုစီမံခန့်ခွဲရေးကို
ပြုလုပ်သောအခါတွင် ဖြစ်နိုင်ချေ ( Likelihood ) ကို အမှတ်ပေးစနစ်ဖြင့် သတ်မှတ်ပါသည်။
ဘေးအန္တရာယ်ဖြစ်နိုင်ခြေမှ ထိခိုက်မှု ( Accident ) ဖြစ်ပွါးနိုင်ခြင်းကို
အဆုံးအဖြတ်ပေးရာတွင် မတူညီသောနည်းစနစ်များကို အသုံးပြုကြပါသည်။
ဥပမာအားဖြင့်
ထိခိုက်မှုမှတ်တမ်းများ - ယခင်အချိန်များတွင် မည့်သည့်အချိန်အပိုင်းအခြားအတွင်း
ထိခိုက်မှုများ ဖြစ်ပွါးလေ့ရှိသနည်း။
ထိခိုက်မှုဖြစ်ပွါးခြင်းကို ခန့်မှန်းရန်အတွက် အလုပ်တစ်ခုကို
သီအိုရီအရ ပုံစံတူတည်ဆောက်ပြီး ၊ ထိုမော်ဒယ် ( Model ) ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း
( Model analysis ) နည်းလမ်း။
အစိတ်အပိုင်းများ ပျက်စီးနှုန်း အချက်အလက်များ (
Components failure rate Data ) - စက်ပစ္စည်းများ၏ အစိတ်အပိုင်းများသည် မည်မျှအချိန်အတိုင်းအတာအကြာတွင်
ပျက်စီးလေ့ရှိသနည်းကို မှတ်သားထားသော စက်ပစ္စည်းထုတ်လုပ်သူများ၏ အချက်အလက်များ။
Please check out the tables for example of scoring the
likelihood :
ဘေးအန္တရာယ်ဖြစ်နိုင်ချေကို အမှတ်ပေးထားပုံ ဥပမာကို လေ့လာကြည့်ပါ။
5. Frequent :
Expected to occur in more than 1% of the times the task is performed
4. Likely
: Expected to occur between 0.2
and 1% of the times the tasks is performed
3. Possible :
Expected to occur between 0.04% to 0.2% of the times the task is performed
2. Rare :
Expected to occur between 0.02% to 0.04% of the times the task is performed
1. Unlikely :
Expected to occur less than 0.02% of the times the task is performed
5- မကြာခဏ ( Frequent ) :
ဘေးအန္တရာယ်ဖြစ်ပွါးနှုန်းသည် ၁% အထက်ကျော်လွန်သောဖြစ်နိုင်ချေ။
4- ဖြစ်နိုင်ခြင်း ( Likely ) : ဘေးအန္တရာယ်ဖြစ်ပွါးနှုန်းသည်
ဝ.၂% နှင့် ၁% အကြားဖြစ်နိုင်ချေ။
3- ဖြစ်တန်စွမ်း ( Possible ) : ဘေးအန္တရာယ်ဖြစ်ပွါးနှုန်းသည်
ဝ.၀၄% နှင့် ၀.၂% အကြားဖြစ်နိုင်ချေ။
2- ဖြစ်ခဲခြင်း ( Rare )
: ဘေးအန္တရာယ်ဖြစ်ပွါးနှုန်းသည် ၀.၀၂% နှင့် ၀.၀၄% အကြားဖြစ်နိုင်ချေ။
1- မဖြစ်နိုင်ခြင်း ( Unlikely ) : ဘေးအန္တရာယ်ဖြစ်ပွါးနှုန်းသည်
ဝ.၀၂% အောက်ဖြစ်နိုင်ချေ။
Consequence
Consequence is the outcome of an event. There can be
more than one consequence of an event. The consequence can have an economical
and/or human nature.
There are different ways of determining the
consequence of an accident.
Here are some examples:
Modelling i.e making either a computerized or theoretical
model of an accident scenario.
Incident History i.e, looking back at previous
accidents to see what consequences they caused.
Examples of consequence:
Damage to human ( injury or death )
Environmental damage ( pollution )
Property damage ( damage to your own ship, other
ships, cargo, equipment or shore facilities. )
အကျိုးဆက် ( Consequence )
အကျိုးဆက် ဆိုသည်မှာ ဖြစ်ရပ်တစ်ခု၏ နောက်ဆက်တွဲအဖြစ်အပျက်ကို
ဆိုလိုပါသည်။ ဖြစ်ရပ်တစ်ခုတွင် အကျိုးဆက်တစ်ခုထက်မက ဖြစ်နိုင်ပါသည်။ အကျိုးဆက်သည် ငွေကြေးစီးပွါးရေအရထိခိုက်ခြင်း
ဖြစ်နိုင်သလို၊ လူ၊ကိုယ်ခန္ဓာအား ထိခိုက်ခြင်း ဖြစ်နိုင်ပါသည်။
ထိခိုက်မှုတစ်ခု ( Accident ) ၏ အကျိုးဆက်ကို ဆုံးဖြတ်သောနည်းလမ်းပေါင်းများစွာ
ရှိပါသည်။
--မော်ဒယ်ပြုလုပ်ခြင်း ( Modelling ) : ထိခိုက်မှုတစ်ခုကို သီအိုရီအရပုံစံတူမြင်ကွင်းပြုလုပ်ပြီး
ခန့်မှန်ခြင်း၊ --ကွန်ပြုတာဖြင့် မော်ဒယ်ပြုလုပ်ပြီး ခန့်မှန်းခြင်း။
ထိခိုက်မှုမှတ်တမ်းဟောင်းများ ( Accident history ) : ယခင်ဖြစ်ပွါးခဲ့သော
ထိခိုက်မှုမှတ်တမ်းများအရ --မည်သည့်အကျိုးဆက်များဖြစ်ပွါးခဲ့သနည်းကို လေ့လာခြင်း။
ဥပမာအားဖြင့် အကျိုးဆက်များမှာ -
--လူ၊ ကိုယ်ခန္ဓာကို ထိခိုက်ခြင်း ( သေဆုံးခြင်း (သို့) ကိုယ်လက်ထိခိုက်ခြင်း
)
--ပတ်ဝန်းကျင်ထိခိုက်ခြင်း ( ပတ်ဝန်းကျင်ညစ်ညမ်းခြင်း )
--စက်ပစ္စည်းထိခိုက်ခြင်း ( မိမိ၏သင်္ဘောကို ထိခိုက်ခြင်း၊ အခြားသင်္ဘောကို
ထိခိုက်ခြင်း ၊ကုန်ပစ္စည်းထိခိုက်ခြင်း၊ စက်ပစ္စည်းထိခိုက်ခြင်း (သို့) ဆိပ်ကမ်းပစ္စည်းများ
ထိခိုက်ခြင်း )
No comments:
Post a Comment