( Lightening strike may have sparked fatal tanker fire
)
ဓါတုဗေဒတင်သင်္ဘောတစ်စင်းသည်
မလေးရှားနိုင်ငံဆိပ်ကမ်း ( Labuan, Malaysia ) တွင် ဆိုက်ကပ်ထားစဉ် မီးလောင်ခြင်းနှင့်
ပြင်းထန်သောပေါက်ကွဲမှုဖြစ်ပွါးပြီး၊ သင်္ဘောသားငါးဦးသေဆုံးသွားပါသည်။ ဂျူလိုင်လ ၂၆ ရက်၊
မနက် 02:30 ခန့်တွင် ပြင်းထန်သောပေါက်ကွဲသံ ၃ ချက်ကို ကြားလိုက်ရပါသည်ဟု ဒေသခံများက
ရဲကိုပြောပြကြပါသည်။
မီးလောင်မှုကို
ငြိမ်းသတ်ရန် မီးသတ်သမား ၇၀ ကျော်ကို စေလွှတ်ထားပါသည်။ သို့သော်လည်း မီးသည် အပြင်းအထန်လောင်ကျွမ်းနေသောကြောင့်
မီးစတင်လောင်ကျွမ်းပြီး နာရီ ၈၀ အကြာတွင်မှ မီးသတ်သမားများ သင်္ဘောအပေါ်သို့ တက်ရောက်နိုင်ပါသည်။
မီးသတ်သမားများသည် သင်္ဘောမှ ဆီယိုစိမ့်မှုကို တားဆီးရန်အတွက် ဆီကန်များကို ပိတ်ဆို့ရန်ကြိုးစားခဲ့ပါသည်ဟု
လဘန်းမီးသတ်နှင့် ကယ်ဆယ်ရေးဌာန ( Labuan Fire& Rescue Department ) မှ ပြောဆိုပါသည်။
သေဆုံးသူလေးဦးမှာ မလေးရှားလူမျိုးများဖြစ်ပြီး၊
တစ်ဦးမှာ ဖိလစ်ပိုင်လူမျိုးဖြစ်ပါသည်။ ဆီသင်္ဘောပိုင်ရှင်မှ သေဆုံးသူများကို ကြေညာပါသည်။
၎င်းတို့မှာ ဆီလောင်း Shahril Azmibin Baharudin, သာမာန်သင်္ဘောသား ( OS ) Mohammed
Hanafi bin Kalil, စီနီယာပန့်မင်း ( Senior pump man ) Zahari bin Hassin, Dect
Cadet – Muhammad Nazri bin Khamsani နှင့် AB – Errol Calaluan Colangoy တို့ဖြစ်ပါသည်။
“သေဆုံးသူငါးဦးအနက်
သုံးဦးကို မိသားစုများမှ ခွဲခြားအသိအမှတ်ပြုပေးပါသည်။ ( Khamsani နှင့် Colangoy
) တို့နှစ်ဦးကို နောက်ဆုံးအဖြေအတွက် DNA စစ်ဆေးခြင်း ပြုလုပ်ရန် Labuan Police သို့
တောင်းဆိုထားပါသည်။ အသီးသီးသောမိသားစုဝင်များမှ သေဆုံးသူများကို ခွဲခြားအသိအမှတ်ပြုခြင်းကို
ပြုလုပ်ခဲ့ပါသည်။” ဟု သင်္ဘောပိုင်ရှင် MISC မှ ပြောကြားပါသည်။
တန်ချိန်
37,961 dwt ရှိသော မလေးရှားအလံလွှင့်ထားသော ဆီသင်္ဘောမှာ Petronas Chemicals methanol
terminal မှ မီသနော ၆ တန်ကို တင်ဆောင်စဉ် ပေါက်ကွဲမှုများစတင်ဖြစ်ပွါးပြီး၊ မီးလောင်ကျွမ်းခြင်း
ဖြစ်ပါသည်။ မီးတောက်များမှတဆင့် အနီးရှိ Petronas မြေအောက်ဆီလောင်ကန်သို့ မီးမကူးစက်လောင်ကျွမ်းစေရန်အတွက်
သင်္ဘောကိုရွှေ့ပါသည်။ Malaysia Maritime Enforcement Agency မှ ဆီသင်္ဘောကို ဆိပ်ကမ်းမှ
ဆွဲသင်္ဘောဖြင့် ဆွဲယူပြီး ရွှေ့ရန်ကြိုးစားပါသည်။ သို့သော်လည်း ကြိုးသည် မီးလောင်ကျွမ်းပြီး၊
သင်္ဘောကိုမရွှေ့နိုင်ပါ။ ဂျူလိုင်လ ၂၈ ရက်နေ့တွင် သင်္ဘောကိုဆိပ်ကမ်းမှ မီတာ ၂၅၀ အကွာအဝေးသို့
ရွှေ့ထားနိုင်ပြီး၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းမရှိစေရန် ထိန်းသိမ်းလိုက်နိုင်ပါသည်ဟု အာဏာပိုင်များမှ
ကြေညာချက်ထုတ်ပြန်ပါသည်။
“သင်္ဘောတွင်
ဆီတန်ချိန် ၁၀၀၀ ကျောက်ကို တင်ဆောင်ထားပြီး၊ သင်္ဘောပတ်ဝန်းကျင်တွင် ဆီအတားများ (
Oil slick ) ချထားပြီး၊ သင်္ဘောကို သီးသန့်ထိန်းသိမ်းထားနိုင်ပါပြီ။ နောက်ထပ်ပတ်ဝန်းကျင်
ညစ်ညမ်းမှုကို ဂျူလိုင်လ ၃၁ ရက်နေ့တွင် ရပ်တန့်သွားသည်အထိ ထိန်းသိမ်းထားနိုင်ပါပြီ”
ဟု MISC မှ ပြောကြားပါသည်။
ဂျူလိုင်လ
၂၉ ရက်နေ့တွင် သင်္ဘောအပေါ်သို့ ဒေသဆိုင်ရာအာဏာပိုင်များ၊ ကျွမ်းကျင်သူများ တက်ရောက်စစ်ဆေးနိုင်သောအခြေအနေသို့
ရောက်ရှိသွားကြောင်းကြေညာခဲ့ပါသည်။ စုံစမ်းစစ်ဆေးရေးများပြုလုပ်နေစဉ်အတွင်း သင်္ဘောကို
ဆိပ်ကမ်းတွင် ထိန်းသိမ်းထားပါသည်။ SAS မဂ္ဂဇင်းမှ ပေါက်ကွဲမှု၏အကြောင်းအရင်းကို ဆုံးဖြတ်နိုင်ခြင်း
မရှိသေးပါဟု ဖေါ်ပြခဲ့ပါသည်။ မိုးကြိုးပစ်ခြင်းကြောင့် ပေါက်ကွဲခြင်းဖြစ်နိုင်ပါသည်ဟု
လဘန်းရဲဌာန ( Labuan police ) မှ ကနဦးပိုင်းသတင်းပို့ချက်များအရ ခန့်မှန်းပြောကြားပါသည်။
ပထမဆုံးအကြိမ်ပေါက်ကွဲမှုများ မဖြစ်ပေါ်ခင် မိနစ် ၂၀ ခန့်တွင် မိုးကြိုးမုန်တိုင်းဖြစ်ပေါ်နေပြီး၊
မိုးကြိုးများပစ်နေပါသည်ဟု မျက်မြင်သက်သေများမှ ပြောကြားပါသည်။
( IHS – Safety At Sea – Oct 2012 မှ ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။
)
No comments:
Post a Comment