Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, October 12, 2013

လျှပ်စစ်ဓါတ်အားပြတ်တောက်မှုကြောင့် ထိခိုက်မှုများဖြစ်ပွါးခြင်းကို UK Club မှ စစ်ဆေးတွေ့ရှိ



( UK Club examines blackouts )

          မိန်းအင်ဂျင်ရပ်သွားခြင်း၊ လျှပ်စစ်ဓါတ်အားပြတ်တောက်ခြင်း ( Blackouts ) တို့နှင့် ဆက်စပ်လျှက်ရှိသော ထိခိုက်မှုများမြင့်တက်နေခြင်းကို UK Club မှ ဘေးအန္တရာယ်စမ်းစစ်သူများမှ လေ့လာတွေ့ရှိပြီး၊ ဘေးအန္တရာယ်အထူးပြုချက်စာတမ်း “လျှပ်စစ်ဓါတ်အားပြတ်တောက်ခြင်း” ကိုထုတ်ဝေလိုက်ပါသည်။ ( Risk Focus : Loss of Power ) ယခုထုတ်ဝေခြင်းသည် UK Club မှ ထုတ်ဝေသောတတိယအကြိမ်မြောက် ဘေးအန္တရာယ်အထူးပြုစာတမ်းဖြစ်ပါသည်။ 

          လေ့လာမှုတွင် ထိခိုက်မှုပေါင်း ၇၀၀ ကျော်ကို သရုပ်ခွဲလေ့လာထားခြင်း ဖြစ်ပါသည်။ လျှော်ကြေးတောင်းထားသည့် ထိခိုက်မှုအရေအတွက်သည် သိသာထင်ရှားစွာများပြားလျှက်ရှိပါသည်။ တချို့သောထိခိုက်မှုများ၏လျှော်ကြေးငွေမှာ ဒေါလာသန်းပေါင်းများစွာ ဖြစ်ပါသည်။ 

          လေ့လာချက်အရ လျှပ်စစ်ဓါတ်အားပြတ်တောက်ခြင်းများ ( Blackouts ) ၏ လေးပုံတစ်ပုံမှာ လူသားတို့၏အမှားအယွင်းကြောင့် ဖြစ်ပါသည်။ တချို့သောလျှပ်စစ်ဓါတ်အားပြတ်တောက်ခြင်းမှာ အလုပ်အစီအစဉ်မှားယွင်းမှု ( procedural error ) ကြောင့် ဖြစ်ပါသည်။ “ခလုတ်မှားယွင်းနှိပ်ခြင်း”၊ “လျှပ်စစ်ဓါတ်အားပေးနေသည့် ဂျင်နရေတာကို ရပ်မိခြင်း (သို့) ရုတ်တရက်ရပ်သွားခြင်း” စသည့်ကိစ္စများကြောင့် ဖြစ်ပါသည်။ 

          လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများ၏ ၁၆% မှာ လျှပ်စစ်ပိုင်းဆိုင်ရာဖြစ်သည်။ Bow thruster စတင်မောင်းနှင်ခြင်း၊  ကြိုးရစ်စက် ( Mooring winches ) (သို့) ကရိန်း ( Deck cranes ) စသည့် Deck machineries များ မောင်းနှင်ခြင်းကြောင့် လျှပ်စစ်ဓါတ်အားမလုံမလောက်ဖြစ်ပြီး ဓါတ်အားပြတ်တောက်ရခြင်းကဲ့သို့ ကိစ္စများမှဖြစ်ရသောထိခိုက်မှုများသည် သိသာထင်ရှားသောထိခိုက်မှုများဖြစ်ပါသည်။ 

          ဂျင်နရေတာအင်ဂျင်များတွင် လောင်စာဆီပြတ်တောက်ခြင်းကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်ခြင်းရာခိုင်နှုန်းမှာ ၁၆% ဖြစ်ပြီး၊ အရေအတွက်အားဖြင့် ၆၄ ခု ဖြစ်ပါသည်။ လောင်စာဆီပြတ်တောက်မှုများတွင် လောင်စာဆီစစ် ( Fuel filter ) များ ပိတ်ဆို့ခြင်းကြောင့်ထိခိုက်မှုမှာ မြင့်မားလျှက်ရှိပါသည်။ အလိုလျှောက်စနစ်ရပ်တန့်ခြင်း ( Automation failure ) မှာ ထိခိုက်မှုများ၏ ၁၆% ရှိပြီး၊ ထိန်းချုပ်ကိရိယာများရပ်တန့်ခြင်း ( failure of control equipment ) မှာ ထိခိုက်မှုများ၏ ၂၀% ရှိပြီး၊ စက်မှုပိုင်းဆိုင်ရာချို့ယွင်းမှု ( mechanical failure ) ကြောင့် ထိခိုက်မှုမှာ ၇% ဖြစ်ပါသည်။ 

( Copies of the study can be downloaded from the club website’s…. www.ukpandi.com.  )
( IHS – Safety at Sea – January 2013.. မှ ပြန်ဆိုခြင်း ဖြစ်ပါသည်။  )

မိုးကြိုးပစ်ခြင်းကြောင့် ဆီသင်္ဘောတစ်စင်းမီးလောင်ခြင်း




( Lightening strike may have sparked fatal tanker fire )

          ဓါတုဗေဒတင်သင်္ဘောတစ်စင်းသည် မလေးရှားနိုင်ငံဆိပ်ကမ်း ( Labuan, Malaysia ) တွင် ဆိုက်ကပ်ထားစဉ် မီးလောင်ခြင်းနှင့် ပြင်းထန်သောပေါက်ကွဲမှုဖြစ်ပွါးပြီး၊ သင်္ဘောသားငါးဦးသေဆုံးသွားပါသည်။ ဂျူလိုင်လ ၂၆ ရက်၊ မနက် 02:30 ခန့်တွင် ပြင်းထန်သောပေါက်ကွဲသံ ၃ ချက်ကို ကြားလိုက်ရပါသည်ဟု ဒေသခံများက ရဲကိုပြောပြကြပါသည်။ 

          မီးလောင်မှုကို ငြိမ်းသတ်ရန် မီးသတ်သမား ၇၀ ကျော်ကို စေလွှတ်ထားပါသည်။ သို့သော်လည်း မီးသည် အပြင်းအထန်လောင်ကျွမ်းနေသောကြောင့် မီးစတင်လောင်ကျွမ်းပြီး နာရီ ၈၀ အကြာတွင်မှ မီးသတ်သမားများ သင်္ဘောအပေါ်သို့ တက်ရောက်နိုင်ပါသည်။ မီးသတ်သမားများသည် သင်္ဘောမှ ဆီယိုစိမ့်မှုကို တားဆီးရန်အတွက် ဆီကန်များကို ပိတ်ဆို့ရန်ကြိုးစားခဲ့ပါသည်ဟု လဘန်းမီးသတ်နှင့် ကယ်ဆယ်ရေးဌာန ( Labuan Fire& Rescue Department ) မှ ပြောဆိုပါသည်။

          သေဆုံးသူလေးဦးမှာ မလေးရှားလူမျိုးများဖြစ်ပြီး၊ တစ်ဦးမှာ ဖိလစ်ပိုင်လူမျိုးဖြစ်ပါသည်။ ဆီသင်္ဘောပိုင်ရှင်မှ သေဆုံးသူများကို ကြေညာပါသည်။ ၄င်းတို့မှာ ဆီလောင်း Shahril Azmibin Baharudin, သာမာန်သင်္ဘောသား ( OS ) Mohammed Hanafi bin Kalil, စီနီယာပန့်မင်း ( Senior pump man ) Zahari bin Hassin, Dect Cadet – Muhammad Nazri bin Khamsani နှင့် AB – Errol Calaluan Colangoy တို့ဖြစ်ပါသည်။

          “သေဆုံးသူငါးဦးအနက် သုံးဦးကို မိသားစုများမှ ခွဲခြားအသိအမှတ်ပြုပေးပါသည်။ ( Khamsani နှင့် Colangoy ) တို့နှစ်ဦးကို နောက်ဆုံးအဖြေအတွက် DNA စစ်ဆေးခြင်း ပြုလုပ်ရန် Labuan Police သို့ တောင်းဆိုထားပါသည်။ အသီးသီးသောမိသားစုဝင်များမှ သေဆုံးသူများကို ခွဲခြားအသိအမှတ်ပြုခြင်းကို ပြုလုပ်ခဲ့ပါသည်။” ဟု သင်္ဘောပိုင်ရှင် MISC မှ ပြောကြားပါသည်။ 

          တန်ချိန် 37,961 dwt ရှိသော မလေးရှားအလံလွှင့်ထားသော ဆီသင်္ဘောမှာ Petronas Chemicals methanol terminal မှ မီသနော ၆ တန်ကို တင်ဆောင်စဉ် ပေါက်ကွဲမှုများစတင်ဖြစ်ပွါးပြီး၊ မီးလောင်ကျွမ်းခြင်း ဖြစ်ပါသည်။ မီးတောက်များမှတဆင့် အနီးရှိ Petronas မြေအောက်ဆီလောင်ကန်သို့ မီးမကူးစက်လောင်ကျွမ်းစေရန်အတွက် သင်္ဘောကိုရွှေ့ပါသည်။ Malaysia Maritime Enforcement Agency မှ ဆီသင်္ဘောကို ဆိပ်ကမ်းမှ ဆွဲသင်္ဘောဖြင့် ဆွဲယူပြီး ရွှေ့ရန်ကြိုးစားပါသည်။ သို့သော်လည်း ကြိုးသည် မီးလောင်ကျွမ်းပြီး၊ သင်္ဘောကိုမရွှေ့နိုင်ပါ။ ဂျူလိုင်လ ၂၈ ရက်နေ့တွင် သင်္ဘောကိုဆိပ်ကမ်းမှ မီတာ ၂၅၀ အကွာအဝေးသို့ ရွှေ့ထားနိုင်ပြီး၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းမရှိစေရန် ထိန်းသိမ်းလိုက်နိုင်ပါသည်ဟု အာဏာပိုင်များမှ ကြေညာချက်ထုတ်ပြန်ပါသည်။ 

          “သင်္ဘောတွင် ဆီတန်ချိန် ၁၀၀၀ ကျောက်ကို တင်ဆောင်ထားပြီး၊ သင်္ဘောပတ်ဝန်းကျင်တွင် ဆီအတားများ ( Oil slick ) ချထားပြီး၊ သင်္ဘောကို သီးသန့်ထိန်းသိမ်းထားနိုင်ပါပြီ။ နောက်ထပ်ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဂျူလိုင်လ ၃၁ ရက်နေ့တွင် ရပ်တန့်သွားသည်အထိ ထိန်းသိမ်းထားနိုင်ပါပြီ” ဟု MISC မှ ပြောကြားပါသည်။ 

          ဂျူလိုင်လ ၂၉ ရက်နေ့တွင် သင်္ဘောအပေါ်သို့ ဒေသဆိုင်ရာအာဏာပိုင်များ၊ ကျွမ်းကျင်သူများ တက်ရောက်စစ်ဆေးနိုင်သောအခြေအနေသို့ ရောက်ရှိသွားကြောင်းကြေညာခဲ့ပါသည်။ စုံစမ်းစစ်ဆေးရေးများပြုလုပ်နေစဉ်အတွင်း သင်္ဘောကို ဆိပ်ကမ်းတွင် ထိန်းသိမ်းထားပါသည်။ SAS မဂ္ဂဇင်းမှ ပေါက်ကွဲမှု၏အကြောင်းအရင်းကို ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါဟု ဖေါ်ပြခဲ့ပါသည်။ မိုးကြိုးပစ်ခြင်းကြောင့် ပေါက်ကွဲခြင်းဖြစ်နိုင်ပါသည်ဟု လဘန်းရဲဌာန ( Labuan police ) မှ ကနဦးပိုင်းသတင်းပို့ချက်များအရ ခန့်မှန်းပြောကြားပါသည်။ ပထမဆုံးအကြိမ်ပေါက်ကွဲမှုများ မဖြစ်ပေါ်ခင် မိနစ် ၂၀ ခန့်တွင် မိုးကြိုးမုန်တိုင်းဖြစ်ပေါ်နေပြီး၊ မိုးကြိုးများပစ်နေပါသည်ဟု မျက်မြင်သက်သေများမှ ပြောကြားပါသည်။ 

( IHS – Safety At Sea – Oct 2012 မှ ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။ )

စင်ကာပူတွင် ရေကြောင်းပညာသင်ဆုများ ချီးမြှင့်ခြင်း



                            
                    ( ပညာရေးအတွက် ရင်းနှီးမြှပ်နှံခြင်းကို သိစေရန်အတွက်ဖြစ်ပါသည်။ )

          စင်ကာပူနိုင်ငံမှ ကျောင်းသား ၄၀ ဦးသည် ရေကြောင်းပညာနှင့်သက်ဆိုင်သော ပညာရပ်များကို စင်ကာပူနိုင်ငံနှင့် အခြားပြင်ပနိုင်ငံများတွင် တက်ရောက်သင်ကြားရန်အတွက် ပညာသင်ဆုများ ချီးမြှင့်ခြင်း ခံရပါသည်။ ပညာသင်ဆုများ၏ စုစုပေါင်းတန်ဖိုးသည် S$ 1.4 M ( $ 1.1 M ) ဖြစ်ပါသည်။ 

          ရေကြောင်းပညာတတ်ကျွမ်းမှုကို တိုးတက်စေရန်အတွက် ပညာသင်ဆုကို အပိုင်းသုံးပိုင်းခွဲပြီး ချီးမြှင့်ခြင်းဖြစ်ပါသည်။ ကျောင်းသား ၂၈ ဦးကို MaritimeONE ( Maritime Outreach Network ) အပိုင်း၊ ကျောင်းသား ၁၁ ဦးကို Tripartite Maritime Scholarship Scheme ( TMSS ) ၊ ကျောင်းသားတစ်ဦးကို Seafaring Alternative … Investment For Life ( SAIL ) အပိုင်း စသည်ဖြင့် ခွဲခြားချီးမြှင့်ခြင်း ဖြစ်ပါသည်။ 

          စင်ကာပူနိုင်ငံကို နိုင်ငံတကာ ရေကြောင်းဌာနများတွင် ဦးဆောင်သောနိုင်ငံတစ်ခုဖြစ်စေရန် ထူထောင်သွားမည်ဟု Singapore Maritime Foundation (SMF) and Maritime-ONE chairman ဖြစ်သူ Micheal Chia မှ ပြောကြားပါတယ်။ 


          MaritimeONE scholarship ပညာသင်ဆုများကို သင်္ဘောနှင့်သင်္ဘောစီမံခန့်ခွဲရေးကုမ္ပဏီများမှ ငွေကြေးထည့်ဝင်ထူထောင်ထားခြင်းဖြစ်ပါသည်။ ထိုကုမ္ပဏီများအပြင် Lloyd’s Register Educational Trust နှင့် Singapore Polytechic ၏ အစိတ်အပိုင်းဖြစ်သော Singapore Maritime Academy ( SMA ) တို့ပါဝင်ပါသည်။ 

          “စင်ကာပူသင်္ဘောစက်မှုလုပ်ငန်းကြီးကို ရှေ့ကို ပဲ့ကိုင်မောင်းနှင်ဖို့အတွက် အကောင်းဆုံးသော ကျွမ်းကျင်တတ်မြောက်သူတွေကို လိုအပ်ပါတယ်။ သင်္ဘောကျင်းလုပ်ငန်း၊ အခြားဆားဗစ်လုပ်ငန်း၊ ကမ်းလွန်ရေနံပြင်လုပ်ငန်း (သို့) ပင်လယ်ပြင်ဆိုင်ရာရှေ့တန်းရောက်လုပ်ငန်းတွေမှာ လိုအပ်ပါတယ်” လို့ မစ္စတာချီးယားက ပြောဆိုကြေညာလိုက်ပါတယ်။ 

          “စင်ကာပူရေကြောင်းလုပ်ငန်းများသည် တိုးတက်နေသောလုပ်ငန်းဖြစ်ပြီး၊ အမျိုးမျိုးသောအထူးပြုဘာသာရပ်ခွဲများတွင် ကျွမ်းကျင်သည့်လူငယ်များ၏ ဘဝတသက်စာအတွက် ကြီးမားသည့်အခွင့်အလမ်းကို ကမ်းလှမ်းလျှက်ရှိပါသည်။” ဟုဆက်လက်ပြောကြားပါသည်။

          ပညာသင်ဆုများသည် Nanyang Technological University ( NTU ) မှ Bachelor of Science in Maritime Studies တက်နေသည့် ဘွဲကြိုကျောင်းသားများ၊ Newcastle University,UK နှင့် Singapore Institute of Technology တို့ပူးပေါင်းဖွင့်လှစ်ထားသည့်  Bachelor of Engineering(Hons) in Naval Architecture, Offshore Engineering and Maritime Engineering ဘာသာရပ်များ တက်ရောက်နေသည့်ကျောင်းသားများ၊ Singapore Management University (SMU) မှ Bachelor of Science ( Economics )  တက်ရောက်နေသည့်ကျောင်းသားများကို သူတို့၏စာသင်နှစ်များတလျှောက် သင်ကြားရန်ပေးအပ်ခြင်းဖြစ်ပါသည်။ 

          TMSS နှင့် SAIL scholarship များသည် Singapore Maritime Academy (SMA) တွင် ဖွင့်လှစ်သည့် လေ့ကျင်ရေးအစီအစဉ်များအတွက်ပေးအပ်ခြင်းဖြစ်ပြီး၊ ထိုလေ့ကျင်ရေးအစီအစဉ်များ ပြီးဆုံးလျှင် ပင်လယ်ပြင်တွင် အလုပ်လုပ်ကိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။ 

( More information at  www.smf.com.sg/maritimeone.html  )
(  IHS – Safety At Sea – Nov 2012 မှ ဘာသာပြန်ဖေါ်ပြခြင်းဖြစ်ပါသည်။ )

Friday, September 13, 2013

ကျူးကျော်သူတွေ ရင်ဆိုင်ရမယ့် JetGun



ဓါးပြရန်ကာကွယ်ရေးအတွက် ရေအားသုံးအမြောက်များ( anti-piracy water canons ) ဈေးကွက်တွင် ရရှိပြီ ဖြစ်ပါသည်။ သင်္ဘောပိုင်ရှင်များနှင့် တန်ဖိုးကြီးမားသော ဆီတင်သင်္ဘော၊ LNG တင် သင်္ဘောကိုင်တွယ်မောင်းနှင်သူများအတွက် ဓါးပြရန်ကာကွယ်ရေးအတွက်အဖြေ JetGun 1008 ကို ကိုရီးယားထုတ်လုပ်သူ TankTech မှ ထုတ်လုပ်လိုက်ပါပြီ။ 

          ထိုကိရိယာတွင် လည်နေသော Jet Guns များပါဝင်ပြီး၊ သင်္ဘောဘေးတွင် တပ်ဆင်ထားရပါမည်။ ထို Jet Guns များမှ ဖိအားမြှင့်ရေကန့်လန့်ကာ ( a continuous high-pressure water curtain ) တစ်ခုကို သင်္ဘော၏ဘေးဖက်တွင် အဆက်မပြတ်ဖန်တီးထားမည်ဖြစ်သည်။ သင်္ဘောသားများမှ Jet Guns များကို လုံခြုံဘေးကင်းသောနေရာမှနေ၍ မောင်းနှင်နိုင်ပါမည်။ ထိုရေကန့်လန့်ကာမှ တိုက်ခိုက်သည်ဓါးပြများကို မောင်းထုတ်နိုင်သလို၊ အဝေးမှလာရောက်မည့်ဓါးပြများ သင်္ဘောကို ရှောင်ကွင်းသွားစေမည့် အဟန့်အတားတစ်ခု ဖြစ်ပါသည်။
          Jet gun သုံး၊ လေးလက်ကို ဘီးတစ်ခုမှ စပုတ်တံတွေလည်သလို လည်စေပြီး ရေကန့်လန့်ကာကို ဖန်တီးစေသောကိရိယာကို ကနဦးအခြားထုတ်လုပ်သူတွေ ထုတ်လုပ်ဖူးပါတယ်။ TankTech ကုမ္ပဏီမှ ထုတ်လုပ်သောကိရိယာမှာ Jet gun နှစ်ခုကို V-ပုံစံ ရှေ့တိုး၊ နောက်ဆုတ်လှုပ်ရှားစေပြီး၊ V-ပုံစံ ဖိအားမြှင့်ရေဖြင့် ကာကွယ်ရေးကို ပြုလုပ်မှာဖြစ်ပါတယ်။ 

          “TankTech ကုမ္ပဏီအပါအဝင် အခြားထုတ်လုပ်သူ၏ ရေအားဖြင့်မောင်းနှင်သော ဓါးပြရန်ကာကွယ်ရေးကိရိယာများကို ဈေးကွက်ထဲတွင် ရရှိနိုင်ပါသည်။ သို့သော်လည်း အချို့ထုတ်လုပ်သူများမှာ သင်္ဘောပေါ်ရှိရေပန့်၏စွမ်းရည်လို တကယ့်အခြေအနေတွေကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါဘူး။” ဟု TankTech Sales Deputy manager Yongkee Chung မှ ပြောကြားပါတယ်။ 

          “ရေထောက်ပံပေးနိုင်မှုနှင့် ရေပန့်စွမ်းရည်က ကန့်သတ်ချက်ရှိပါတယ်။ ကျွန်တော်တို့က ပန့်စွမ်းရည်ကို အပေါ်မူတည်ပြီး JetGun ကို ဒီဇိုင်းလုပ်ထားပါတယ်။” ဟု Yongkee Chung မှ ဆက်လက်ပြောပြပါတယ်။ Yongkee Chung မှ 350m3/hr စွမ်းရည်ရှိသော VLCC သင်္ဘော၏ပန့်ကို ဥပမာပေးပါတယ်။ 

          “အကယ်၍ ကျွန်တော်တို့ 41m3/hr စွမ်းရည်ရှိသောJetGun များကို တပ်ဆင်သုံးစွဲခဲ့မယ်ဆိုရင် JetGun ၈ ချောင်းကို တပြိုင်နက်တည်း သုံးလို့ရပါတယ်။”
          “JetGun ၈ ချောင်းဆိုသည့် ပမာဏသည် သင်္ဘောဘေးတလျှောက်ကို ကာကွယ်ဖို့ လုံလောက်မှု မရှိပါဘူး။ သင်္ဘောပိုင်ရှင်မှ နောက်ထပ် JetGun တစ်ချောင်းထပ်တပ်မယ်ဆိုရင်တော့ သင်္ဘောပန့်မှ ရေကို လုံလောက်အောင်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။”

          “TankTech မှ ထုတ်လုပ်သည့် JetGun မှာ 26m3/hr သုံးစွဲသည့်အတွက် ရေမလုံလောက်မှု ပြဿနာကို မဖြစ်တော့ပါဘူး။ ” ဟု Yongkee Chung မှ ရှင်းလင်းပြောကြားပါတယ်။”
          TankTech ကုမ္ပဏီမှ UK ရေကြောင်းအာမခံပွဲစား ( UK marine insurance broker ) Marsh နှင့် သဘောတူညီမှုပြုလုပ်ပြီးလို့ထင်ပါတယ်။ TankTech JetGun များကို တပ်ဆင်ထားသောသင်္ဘောများကို Marsh မှ အာမခံပရီမီယံကြေးကို ၅% မှ ၁၀% လျှော့ပြီး ယူပေးပါတယ်။
For more details, go to

( IHS – Safety at Sea magazine – June 2010 မှ ဘာသာပြန်ခြင်းဖြစ်ပါတယ်။ )

မြန်မာသင်္ဘေားသားများအတွက် အလုပ်အကိုင် အနာဂါတ်



သင်္ဘောသား အလုပ်အကိုင်ရှားပါးနေမှု သင်္ဘောကုမ္ပဏီများနှင့် ရေကြောင်းဦးစီးဌာန ဆွေးနွေးမည်
(ခိုင်ခိုင်စိုး )

ရန်ကုန်- သင်္ဘောသားအလုပ်အကိုင်နှင့် ပတ်သက်၍ သင်္ဘောကုမ္ပဏီများနှင့် ရေကြောင်းညွှန်ကြားမှုဦးစီး ဌာနတို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

       သင်္ဘောသားအလုပ်အကိုင်သည် ယခင်ထက်ရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရသည့်အတွက် ကုမ္ပဏီများနှင့် ယခုနှစ်အတွင်းတွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

      “သင်္ဘောသားအလုပ်အကိုင်ကို ဘာကြောင့် မပေးနိုင်တာလဲ။ ဘယ်လိုတွေပေးနိုင်မလဲဆိုတာကို ကုမ္ပဏီတွေကို ခေါ်ပြီးနည်လမ်းရှာဖို့ လုပ်သွားမယ်” ဟု ရေကြောင်းညွှန်ကြားမှုဦးစီဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။

        ရေကြောင်းဦးစီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားသည့် သင်္ဘောသားဦးရေသည် ခုနှစ်သောင်းကျော်ရှိသော်လည်း လက်ရှိတွင် နှစ်သောင်းကျော်သာ တာဝန်ထမ်းဆောင်နေရပြီး သင်္ဘောအရာရှိအဆင့်ပင် တာဝန်ထမ်းဆောင်ရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုများပင်ရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။

      …… အချို့ကုမ္ပဏီများသည် ယင်းလက်မှတ်ကိုပင် အသိအမှတ်ပြု လက်ခံခြင်း မရှိကြောင်း သင်္ဘောသားအချို့က ပြောသည်။

     “လက်မခံတာတော့ မဟုတ်ဘူး။ ရေကြောင်းက အသိအမှတ်ပြုလက်မှတ်က IMO အသိအမှတ်ပြုထားတာ။ အရည်အချင်းမပြည့်စုံတဲ့အတွက် သင်္ဘောသားအခွင့်အရေးက နည်းနေတာ” ဟု UNITY SHIPPING အေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းက ပြောသည်။
…………………..
( 7Days – 24 July, 2013 )
-----------------------------------------------------------------------------------------------

တရုတ်ပြည်တွင် Simulator နှင့် လေ့ကျင်ခြင်း ဖွံ့ဖြိုးတိုးတက်လာခြင်း

( Simulator training booming in China )

          တရုတ်ပြည်တွင် Simulator သုံးစွဲ၍ လေ့ကျင့်မှုသည် ရုတ်တရက်မြင့်မားလာပါသည်။ STCW လိုအပ်ချက်အရ သင်္ဘောသားတစ်ဦးသည် သူ၏ ကျွမ်းကျင်နားလည်မှု( Competence )၏ တစိတ်တပိုင်းကို Simulator သုံး၍ ပြသနိုင်ပါသည်။

         ၂၀၁၅ ခုနှစ်မှ စတင်၍ လိုက်နာရမည့် IMO အဖွဲ့ဝင်တိုင်းပြည်များ၏ စစ်ဆေးရေးစည်းမျဉ်း( IMO’s Member State Audit Scheme ) ကို အပြည့်အဝအကောင်အထည်ဖေါ်ဆောင်ရန်အတွက် တရုတ်ပြည်သည် ဆုံးဖြတ်ထားပါသည်။ IMO အဖွဲ့၏ ပထမတန်းစားအဖွဲ့ဝင်ဖြစ်ရန်အတွက် 2010 Manila amendments အပါအဝင် STCW Convention များကို အလျှင်အမြန်ဖြည့်ဆည်းလိုပါသည်။ 

         တရုတ်ပြည်သင်္ဘောသားများအတွက် Simulator သုံး၍ လေ့ကျင်ခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်းသည် မရှိမဖြစ်လိုအပ်ချက်ဖြစ်ပါသည်။ “Manila amendments ကို အကောင်အထည်ဖေါ်နေသည့် ကြားကာလအတွင်း တရုတ်ပြည်ရှိ အဆင့်မြင့်အရာရှိပေါင်း ( Senior Officer ) နှစ်သိန်းခန့်သည် Simulator Training ကို လေ့ကျင့်ရမည်ဖြစ်သည်။” ဟု တရုတ်ရေကြောင်းလုံခြုံရေးအဖွဲ့ (China Maritime Safety of Administration ) မှ ဒါရိုက်တာ Han Jiexiang Han က ပြေကြားပါသည်။ 

      “နှစ်တိုင်း သင်္ဘောသား ၉၀၀၀၀ လောက်က Simulator နှင့် လေ့ကျင်ခြင်း၊ စာမေးပွဲစစ်ခြင်း၊ အကဲဖြတ်ခြင်းကို ပြုလုပ်ဖို့လိုအပ်ပါတယ်။” လို့ ဒါရိုက်တာ Han မှ ထပ်ပြောပါတယ်။ 

         China Maritime Safety of Administration- MSA သည် သင်္ဘောသားများ လေ့ကျင့်ရန်အတွက် Simulator များ သုံးစွဲရန် တိုက်တွန်းထားပါသည်။ ထိုအချက်သည် ပြည်တွင်းထုတ် Simulator များ ဖွံဖြိုးရန်အတွက် ရုတ်တရက်တွန်းအားပေးမှု ဖြစ်ပါသည်။ Dalian Maritime University သည် Simulator များနှင့် ပတ်သက်သော အဆင့်အတန်းသတ်မှတ်ချက်တွင်  DNV Certification ( Class Society ) မှ အမြင့်ဆုံးသတ်မှတ်ချက်လက်မှတ်ရရှိထားပါသည်။ ယခုအချိန်တွင် Dalian Maritime University တွင် ပြည်တွင်းကျောင်းသားများအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့် တက်ရောက်သင်ကြားလျှက်ရှိပါသည်။


       မတ်လအတွင်း Merchant Shipping College of Shanghai Maritime University တွင် တပ်ဆင်ထားသော ECDIS Simulator ( ECDIS- Electronic Chart Data Information System ) များသည် DNV အဖွဲ့မှ ECDIS Simulator  နှင့် ပတ်သက်သောလက်မှတ်ကို ရရှိပြီး၊ ECDIS competence training certificate ကို ရရှိသော ပထမဆုံးရရှိသော တရုတ်ပြည်ရှိကောလိပ်ကျောင်းဖြစ်ပါသည်။ 

      Wuhan University of Technology သည် ၂၀၀၉ ခုနှစ်မှ စတင်၍ တရုတ်ပြည်တွင် ရေကြောင်း Simulation နည်းပညာများ တိုးတက်ထွန်းကားရန်နှင့် သုသေတနပြုရန်အတွက် ယွမ်သန်းပေါင်း ၁၁၀ ( USD 18 million ) ကိုရရှိထားပါသည်။ ရေကြောင်းသွားလာရေးပညာရပ်များ သင်ကြားခြင်း၊ လေ့ကျင့်ခြင်းတို့အတွက် Large-scale ship handling and VTS simulator များအပါအဝင် အခြားကိရိယားများကို ပြည့်စုံစွာ တပ်ဆင်ထားပါသည်။ 

         ယခုနှစ်ဧပြီလတွင် Dalian Maritime University တွင် ကျွမ်းကျင်သူများသည် Simulator သုံး၍ လေ့ကျင့်ခြင်း၊ အကဲဖြတ်စစ်ဆေးခြင်းတို့အတွက် ညီလာခံတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင် Simulator လေ့ကျင့်ခြင်း၊ လေ့ကျင့်သောသင်တန်းများ ပေါင်းစည်းခြင်း ( Compilation of training programmes )၊ သင်တန်းများအတွက် စစ်ဆေးအကဲဖြတ်ခြင်း ( Implementation and evaluation of the training ) စသည့်ကိစ္စရပ်များအတွက် တရုတ်ပြည်၏ နောက်ထပ်အစီအစဉ်များ ( China’s Plans )ကို ဆွေးနွေးခဲ့ပါတယ်။ 

        “ သင်္ဘောသားများ၏ ကျွမ်းကျင်နားလည်မှု (Seafarer competence ) ကို STCW လိုအပ်ချက်များနှင့် အကဲဖြတ်ခြင်းလုပ်ထုံးလုပ်နည်းများ ( Evaluation regulations )အရ သင်တန်းများ ( Training programme )အရပြုလုပ်ပြီး၊ တရုတ်ပြည်တွင် လုပ်ဆောင်ပါတယ်။” ဟု တက္ကသိုလ်မှ ပရော်ဖက်ဆာတစ်ဦးဖြစ်သူ Captain Xiwang Fang မှ ပြောကြားပါတယ်။ 

“အကဲဖြတ်ခြင်း လုပ်ထုံးလုပ်နည်းများတွင် Voyage planning, analysis of weather charts, manoeuvring and collision avoidance, bridge resource management, electronic chart display, cargo stowage, route planning, radar operation, and using navigational instruments and GMDSS ပညာရပ်များ ပါဝင်ပါတယ်။” လို့ Captain Fang မှ ဆက်ပြောပါတယ်။ 

      အခြားသောအရာများအနက် Simulator လေ့ကျင့်မှုတွင် လေ့ကျင့်ခန်းများ၊ လုပ်ငန်းခွင်အတွင်းပြဿနာများ၊ စံပြဆောင်ရွက်ခြင်းများနှင့် လုပ်ထုံးလုပ်နည်းများ ( Task assignment, problems that may occur during operation, standard operation and procedures ) ပါဝင်သည်။

     Simulator သုံးစွဲမှုနှင့် ပတ်သက်၍ ကဏ္ဍများစွာခွဲခြားထားပါသည်။ ပဲကိုင်ခန်းအတွင်းလုပ်ကိုင်ခြင်းများ ( All operation on bridge )၊ ကန့်သတ်ရေပြင်အတွင်း၊ အပြင်အခြေအနေတွင် ပဲကိုင်ခန်း၏ လုပ်ငန်းဆောင်ရွက်ခြင်းများ ( All operations on bridge, with and without operations in restricted waters), သင်္ဘောတိုက်မှုရှောင်ကျဉ်ရေး အထူးပြုခြင်း ( those that focus on collision avoidance ) နှင့် အထူးကိရိယာများနှင့် ရေကြောင်းသွားလာရေးအပေါ်တွင် အထူးပြုခြင်း ( those that concentrate on special instruments and navigation ) စသည့် ကဏ္ဍများစွာ ခွဲခြားထားပါသည်။ 

          Simulator လေ့ကျင့်စဉ်အတွင် ကျောင်းသူ၊ ကျောင်းသားများ၏ အပြုအမှုများကို လေ့လာဆုံးဖြတ်ပါမယ်။ “သင်တန်းသားတစ်ဦး၏ ကျွမ်းကျင်နားလည်မှု( Competence ) ပြည့်ဝခြင်း၊ မပြည့်ဝခြင်းသည် သင်တန်းသား၏ ဗဟုသုတ ( Knowledge )နှင့် ကျွမ်းကျင်မှု ( Skill ) အပေါ်တွင် မူတည်သလို လေ့ကျင့်မှုပြုလုပ်စဉ်အတွင်း သင်တန်းသား၏ စိတ်နေစိတ်ထားအပေါ်တွင်လည်း မူတည်ပါသည်” ဟု Captain Fang မှ ဖြည့်စွက်ပြောပါသည်။

( IHS – Safety at Sea magazine – July 2012 မှ ဘာသာပြန်ဆိုပါသည်။  )