ဓါးပြရန်ကာကွယ်ရေးအတွက် ရေအားသုံးအမြောက်များ(
anti-piracy water canons ) ဈေးကွက်တွင် ရရှိပြီ ဖြစ်ပါသည်။ သင်္ဘောပိုင်ရှင်များနှင့်
တန်ဖိုးကြီးမားသော ဆီတင်သင်္ဘော၊ LNG တင် သင်္ဘောကိုင်တွယ်မောင်းနှင်သူများအတွက် ဓါးပြရန်ကာကွယ်ရေးအတွက်အဖြေ
JetGun 1008 ကို ကိုရီးယားထုတ်လုပ်သူ TankTech မှ ထုတ်လုပ်လိုက်ပါပြီ။
ထိုကိရိယာတွင်
လည်နေသော Jet Guns များပါဝင်ပြီး၊ သင်္ဘောဘေးတွင် တပ်ဆင်ထားရပါမည်။ ထို Jet Guns များမှ
ဖိအားမြှင့်ရေကန့်လန့်ကာ ( a continuous high-pressure water curtain ) တစ်ခုကို သင်္ဘော၏ဘေးဖက်တွင်
အဆက်မပြတ်ဖန်တီးထားမည်ဖြစ်သည်။ သင်္ဘောသားများမှ Jet Guns များကို လုံခြုံဘေးကင်းသောနေရာမှနေ၍
မောင်းနှင်နိုင်ပါမည်။ ထိုရေကန့်လန့်ကာမှ တိုက်ခိုက်သည်ဓါးပြများကို မောင်းထုတ်နိုင်သလို၊
အဝေးမှလာရောက်မည့်ဓါးပြများ သင်္ဘောကို ရှောင်ကွင်းသွားစေမည့် အဟန့်အတားတစ်ခု ဖြစ်ပါသည်။
Jet gun
သုံး၊ လေးလက်ကို ဘီးတစ်ခုမှ စပုတ်တံတွေလည်သလို လည်စေပြီး ရေကန့်လန့်ကာကို ဖန်တီးစေသောကိရိယာကို
ကနဦးအခြားထုတ်လုပ်သူတွေ ထုတ်လုပ်ဖူးပါတယ်။ TankTech ကုမ္ပဏီမှ ထုတ်လုပ်သောကိရိယာမှာ
Jet gun နှစ်ခုကို V-ပုံစံ ရှေ့တိုး၊ နောက်ဆုတ်လှုပ်ရှားစေပြီး၊ V-ပုံစံ ဖိအားမြှင့်ရေဖြင့်
ကာကွယ်ရေးကို ပြုလုပ်မှာဖြစ်ပါတယ်။
“TankTech
ကုမ္ပဏီအပါအဝင် အခြားထုတ်လုပ်သူ၏ ရေအားဖြင့်မောင်းနှင်သော ဓါးပြရန်ကာကွယ်ရေးကိရိယာများကို
ဈေးကွက်ထဲတွင် ရရှိနိုင်ပါသည်။ သို့သော်လည်း အချို့ထုတ်လုပ်သူများမှာ သင်္ဘောပေါ်ရှိရေပန့်၏စွမ်းရည်လို
တကယ့်အခြေအနေတွေကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါဘူး။” ဟု TankTech Sales
Deputy manager Yongkee Chung မှ ပြောကြားပါတယ်။
“ရေထောက်ပံပေးနိုင်မှုနှင့်
ရေပန့်စွမ်းရည်က ကန့်သတ်ချက်ရှိပါတယ်။ ကျွန်တော်တို့က ပန့်စွမ်းရည်ကို အပေါ်မူတည်ပြီး
JetGun ကို ဒီဇိုင်းလုပ်ထားပါတယ်။” ဟု Yongkee Chung မှ ဆက်လက်ပြောပြပါတယ်။
Yongkee Chung မှ 350m3/hr စွမ်းရည်ရှိသော VLCC သင်္ဘော၏ပန့်ကို ဥပမာပေးပါတယ်။
“အကယ်၍ ကျွန်တော်တို့
41m3/hr စွမ်းရည်ရှိသောJetGun များကို တပ်ဆင်သုံးစွဲခဲ့မယ်ဆိုရင် JetGun ၈ ချောင်းကို
တပြိုင်နက်တည်း သုံးလို့ရပါတယ်။”
“JetGun
၈ ချောင်းဆိုသည့် ပမာဏသည် သင်္ဘောဘေးတလျှောက်ကို ကာကွယ်ဖို့ လုံလောက်မှု မရှိပါဘူး။ သင်္ဘောပိုင်ရှင်မှ
နောက်ထပ် JetGun တစ်ချောင်းထပ်တပ်မယ်ဆိုရင်တော့ သင်္ဘောပန့်မှ ရေကို လုံလောက်အောင်ပေးနိုင်တော့မှာ
မဟုတ်ပါဘူး။”
“TankTech
မှ ထုတ်လုပ်သည့် JetGun မှာ 26m3/hr သုံးစွဲသည့်အတွက် ရေမလုံလောက်မှု ပြဿနာကို မဖြစ်တော့ပါဘူး။
” ဟု Yongkee Chung မှ ရှင်းလင်းပြောကြားပါတယ်။”
TankTech
ကုမ္ပဏီမှ UK ရေကြောင်းအာမခံပွဲစား ( UK marine insurance broker ) Marsh နှင့် သဘောတူညီမှုပြုလုပ်ပြီးလို့ထင်ပါတယ်။
TankTech JetGun များကို တပ်ဆင်ထားသောသင်္ဘောများကို Marsh မှ အာမခံပရီမီယံကြေးကို ၅%
မှ ၁၀% လျှော့ပြီး ယူပေးပါတယ်။
For more details, go to
( IHS – Safety at Sea magazine – June 2010 မှ ဘာသာပြန်ခြင်းဖြစ်ပါတယ်။
)
No comments:
Post a Comment