Friday, September 13, 2013

ဆီသင်္ဘောပေါက်ကွဲမှုကြောင့် လူငါးဦးသေဆုံးခြင်း



ဆီသင်္ဘောပေါက်ကွဲမှုကြောင့် လူငါးဦးသေဆုံးခြင်း
( Five killed in tanker blast )

      ဇန်နဝါရီလအတွင်း ဓါတုဗေဒတင်သင်္ဘော Doola No.3 သည် ကိုရီးယားနိုင်ငံ၊ အင်ချွန်းဆိပ်ကမ်းအနီးရှိ Jowol Island တွင် ပေါက်ကွဲမှုကြောင့် ငါးဦးသေဆုံးပြီး၊ ခြောက်ဦးမှာ ပျောက်ဆုံးလျှက်ရှိပါသည်။ Doola Shippingသင်္ဘောကုမ္ပဏီမှ ပိုင်ဆိုင်သော ၂၀၀၂ခုနှစ်တွင် တည်ဆောက်ထားသည့် Doola No.3သင်္ဘောသည် လောင်စာဆီ၈၀ တန်နှင့် ဒီဇယ်ဆီ ၂၀ တန်ကို သယ်ဆောင်ထားပါသည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားပါသည်။

       Doolaကုမ္ပဏီမှ တာဝန်ရှိသူသည် အင်ချွန်းသို့က သွားရောက်ပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှုနေပါသည်။ မိမိတို့အနေဖြင့် နောက်ထပ်ပြောကြားရန်မရှိပါဟု Doolaကုမ္ပဏီမှဝန်ထမ်းများမှ ပြောကြားပါသည်။ ထိုကုန်တင်သင်္ဘောသည် အများအားဖြင့် ဆီချောများနှင့် ဓါတုဗေဒကုန်များကို တင်ဆောင်လေ့ရှိပါသည်။ သင်္ဘောပေါ်မှ ဆီများဖေါက်ချချိန်တွင် မီးပွင့်ပြီး၊ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပါသည်ဟု Doolaကုမ္ပဏီမှ ပြောကြားပါသည်။ ပေါက်ကွဲမှုကြောင့် သင်္ဘောဝမ်းဗိုက်မှာ နှစ်ခြမ်းကွဲခဲ့ရသည်။

       “သင်္ဘောသည် အများအားဖြင့် ဒီဇယ်ဆီကို သယ်ဆောင်လေ့ရှိပြီး၊ ယခုအချိန်တွင် ဓါတ်ဆီကို တင်ဆောင်ထားပါသည်။ ပေါက်ကွဲမှုနှင့် ပတ်သက်သောအခြားဆက်စပ်မှုများကို ရှာဖွေလျှက်ရှိပါသည်။”ဟု Doolaကုမ္ပဏီအရာရှိမှ ပြောကြားပါသည်။ 

       “အင်ချွန်းဆိပ်ကမ်းမှ ထွက်ခွါလာပြီး၊ သင်္ဘောသည် တောင်ချန်ချောင်းပြည်နယ်( South Chungcheong ) ရှိ ဒေးဆန်ဆိပ်ကမ်း( Daesan Port ) သို့ ဦးတည်ခုတ်မောင်းခဲ့ပါသည်။ အင်ချွန်းဆိပ်ကမ်းမှ မထွက်ခွါမှီဆိပ်ကမ်းတွင် ၆၅၀၀ တန်ရှိသောဓါတ်ဆီကို သင်္ဘောမှ ချပေးခဲ့ပါသည်။ မြန်မာနိုင်ငံမှ သင်္ဘောသား ၅ ယောက်နှင့် ကိုရီးယားနိုင်ငံမှ သင်္ဘောသား ၁၁ ယောက် သင်္ဘောတွင် ပါရှိပါသည်” ဟု တောင်ကိုရီးယားယွန်ဟပ်သတင်းဌာနမှ ကြေညာပါသည်။ 

        IHS Fairplay မဂ္ဂဇင်း၏ အချက်အလက်များအရ သင်္ဘောကို Korea Register of Shipping တွင် မှတ်ပုံတင်ထားပါသည်။ Japan Ship Owners’ Mutual P&I တွင် အာမခံထားရှိထားပါသည်။

( IHS – Safety at Sea – March 2012 မှ ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။ )

No comments:

Post a Comment