Accident Case Study 24: Watertight door crushes crew
member
ထိခိုက်မှုဖြစ်စဉ်လေ့လာချက်
၂၄ : ရေလုံတံခါးဖြင့်ရိုက်မိသောကြောင့် သေဆုံးခြင်း။ ။
မည်သို့ဖြစ်ပွါးသလဲ။ ။
သင်္ဘောသည် အရေးပေါ်အခြေအနေလေ့ကျင့်မှု
( Emergency Drill ) ကို လေ့ကျင့်နေပါသည်။
သင်္ဘော၏ ရေလုံတံခါးအားလုံးကို
ပဲထိမ်းစင်( Bridge ) ၏ ပိတ်ပါသည်။ သင်္ဘောသားတစ်ဦးသည် အင်ဂျင်ခန်း၏ရေလုံတံခါးကို ဖွင့်ပါသည်။
ပိတ်လိုက်သောရေလုံတံခါးနှင့် ညှပ်မိသွားပြီး၊ ထိုဒဏ်ရာများကြောင့် သေဆုံးသွားပါသည်။
အဘယ်ကြောင့် ဖြစ်ပွါးရသလဲ။ ။
တံခါးကို အဝေးမှ
အလိုလျှောက်ပိတ်နေသောနည်းဖြင့် ထိန်းချုပ်ထားပါသည်။ တံခါးအနီးမှအဖွင့်အပိတ် လုပ်သောနည်းနှင့်
မတူပါ။ (ထိုနည်းသည် ပိတ်လိုက်သော်လည်း၊ ပွင့်နေနိုင်ပါသည်။ )
သင်္ဘောသားသည်
ထိုစနစ်ကို သတိပြုမထားမိခြင်း ဖြစ်နိုင်ပါသည်။ တံခါးသည် လုံးဝပိတ်သည့် အခြေအနေသို့
မရောက်မှီတွင် တဝက်တပျက်ပွင့်နေပါသည်။
သင်္ဘောသားသည်
တံခါးပြန်ဖွင့်သည့်စနစ်ကို မသိပါ။
တံခါးသည် ပျက်စီးနေပါသည်။
မှတ်သားရန်။ ။
တဝက်တပျက်ပွင့်နေသော ရေတံခါးအကြားမှ
မည်သည့်အခါတွင်မှ ဖြတ်သန်းမသွားပါနှင့်။
တံခါးထုတ်လုပ်သူများ၏
စမ်းသပ်မှုနှင့် ထိန်းသိမ်းပြုပြင်ရေးညွှန်ကြားချက်များအတိုင်း လိုက်နာပြုပြင်ပါ။
သင်္ဘောသားအားလုံးသည်
ရေလုံတံခါး၏အဖွင့်၊ အပိတ်များကို ကိုင်တွယ်မှုပြုနိုင်ရန် သေချာစေရမည်။
( IHS –Safety at Sea – March 2012 -- မှ ဘာသာပြန်ဖေါ်ပြပါသည်။
)
No comments:
Post a Comment