Friday, September 13, 2013

ထိခိုက်မှုဖြစ်စဉ်လေ့လာချက် ၄၇ ။ ။ သင်္ဘောကြိုးရစ်လျှင် မဖြစ်ပွါးသင့်သော ထိခိုက်မှု။ ။



Accident Case Study 47: Avoidable Accident While Mooring

ထိခိုက်မှုဖြစ်စဉ်လေ့လာချက် ၄၆ ။    ။  သင်္ဘောကြိုးရစ်လျှင် မဖြစ်ပွါးသင့်သော ထိခိုက်မှု။  ။

မည်သို့ဖြစ်ပွါးသလဲ။  ။

     သင်္ဘောသည် ကြိုးပစ်၍ ကပ်သောအခါ ကြိုးသည် လွဲချော်သွားပါသည်။

     သင်္ဘော၏ အနောက်ဖက်ကြိုးသည် ပန်ကာတွင် ညှိသွားပါသည်။

     ထိုအချိန်တွင် သင်္ဘောသားတစ်ယောက်ကို ကြိုးဖြင့် ညှိပါပြီး ရေထဲသို့ကျသွားပါသည်။ ထိုသင်္ဘောသားသည် ထိခိုက်မိပြီး၊ သတိလစ်သွားသည်။

    သတိပြန်လည်သော်လည်း ရရှိသောဒဏ်ရာများကြောင့် သေဆုံးသွားသည်။


အဘယ်ကြောင့် ဖြစ်ပွါးရသလဲ။  ။

     ထိုသင်္ဘောသားသည် သင်္ဘောကြိုး၏အကွေးအပေါ်တွင် မတ်တပ်ရပ်နေသည်။

     ထိုအလုပ်အတွက် ဖြစ်နိုင်သည့်ဘေးအန္တရာယ်တွက်ဆမှုကို မလုပ်ထားပါ။ ထို့ကြောင့် ထိခိုက်မှုကို သက်သာစေမည့်နည်းလမ်းများကို မစဉ်းစားမိပါ။

      ထိုအလုပ်ကို သင်္ဘော၏ဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ် ( Safety Management System ) အတွင်း ထည့်သွင်း၍ ဖေါ်ပြမထားပါ။

       သတင်းဆက်သွယ်ရေးနှင့် အထက်အရာရှိ၏ဦးဆောင်မှုသည် ညံ့ဖျင်းပါသည်။


မှတ်သားရန်။  ။

      သင်္ဘောသားလမ်းညွှန်မှုစံနမူနာများကို လိုက်နာပါ။ ဖြစ်နိုင်သောဘေးအန္တရာယ်ကိုကြိုး၏ ထောင့်ကွေးတွင် မတ်တပ်မရပ်ပါနှင့်။

     သင့်တော်သော သင်္ဘောပေါ်မှအလုပ်များအတွက် အစီအစဉ်ချပါ။ လုပ်ကိုင်မှုအစီအစဉ်အတိုင်း ဆောင်ရွက်ပါ။ ညွှန်ကြားချက်များ ထုတ်ပါ။

      ဝေါ်ကီတော်ကီစနစ်ဖြင့် ဆက်သွယ်ခြင်း ၊ အလုပ်ကိုကြီးကြပ်ရန်လူ စီစဉ်ပေးခြင်းဖြင့် ဘေးအန္တရာယ်ကို လျှော့ချနိုင်ပါသည်။

( IHS –Safety at Sea – November 2012 -- မှ ဘာသာပြန်ဖေါ်ပြပါသည်။ )

No comments:

Post a Comment