ထိခိုက်မှုမဖြစ်ပွါးခင်း တစ်လခန့်မှာ ရေချိုချက်စက်(
Fresh water generator ) ၏ လေဟာနယ်ဒရမ်အဖုံး၏ ဂက်စကက် ( Vacuum drum cover gasket
) သည် ယိုစိမ့်မှုဖြစ်နေသည်ကို တွေ့ရပါသည်။ အပိုပစ္စည်းများကို မှာထားသော်လည်း နောက်ကျနေပါသည်။
ထိုကြားကာလတွင် သင်္ဘောသားများသည် ပျက်စီးနေသောဂက်စကက်ကို စီလီကွန်ကော်( Silicone
sealant ) သုံး၍ ပြုပြင်ခဲ့ပါသည်။
အပိုပစ္စည်းများ
ရောက်လာသောအခါ Chief Engineer သည် Second Engineer ၏အကူအညီဖြင့် ဂက်စကက်အသစ်ကို စတင်တပ်ဆင်ပါသည်။
ထိုအလုပ်လုပ်နေစဉ်တွင် Second engineer သည် အခြားအလုပ်တစ်ခုကို သွားကြည့်ရန် ထွက်ခွါသွားသည်။ အဖုံးပလိတ်ပြားကို ဖြတ်နေသော Chief Engineer ကို
ကူညီသူ မရှိတော့ပါ။ CE သည် အဖုံးပလိပ်ပြားကို ဖမ်းထားသောနပ်များ ( Holding nuts ) ကို ဖြုတ်လိုက်ပြီး၊ အဖုံးပလိပ်ပြားကို
ဆွဲဖွင့်လိုက်ပါသည်။ အဖုံးပလိပ်ပြားသည် အနည်းငယ်ကျပ်နေပြီးနောက် အပြင်သို့ ရုတ်တရက်ပွင့်ထွက်လာပြီး
လက်ချောင်းလေးပေါ်သို့ ပိကျလာပါသည်။ လက်ချောင်းလေးသည် အဖုံးပလိပ်ပြားနှင့် FWG
casing ကြားတွင် ညှပ်နေပြီး၊ အဖုံးပလိပ်ပြားက ကြိတ်ချေလိုက်ပါသည်။
CE သည် သင်္ဘောကပ္ပတိန်ထံသို့
ချက်ချင်းအကြောင်းကြားပြီး၊ ရှေးဦးသူနာပြုစုခြင်းကို ခံယူပါသည်။ သင်္ဘောသည် ဆေးဝါးကုသမှုခံယူရန်
အနီးဆုံးဆိပ်ကမ်းသို့ လမ်းကြောင်းပြောင်းပြီး၊ နေ့ဝက်ခန့်အကြာတွင် ဆိပ်ကမ်းသို့ ရောက်ရှိပါသည်။
လက်ချောင်းလေးထိပ်ဖျားရှိ အရိုးနှင့် တစ်ရှုးများကို တော်တော်များများ ထိခိုက်မှုသောကြောင့်
ထိခိုက်မိသောလက်ချောင်းမှာ ဖြတ်ရမည်ဖြစ်သည်။ CE သည် ဆေးရုံတွင် ၂ရက်ကြာပြီးနောက် သင်္ဘောပေါ်သို့
ပြန်ရောက်ပါသည်။ ၁၀ရက်ခန့်အကြာတွင် ပြန်လည်ကောင်းမွန်လာပြီး၊ တာဝန်များကိုပြန်လည်ထမ်းဆောင်နိုင်ပါသည်။
Root Cause/ Contributory factors
( အခြေခံအကြောင်းအရင်းများ)
- အလုပ်ကို
မစတင်မှီတွင် ဘေးအန္တရာယ်တွက်ချက်ခြင်း ( risk assessment ) မလုပ်ပါ။
- လေးလံသောအဖုံးကို
ကိုင်တွယ်စဉ် ကူညီသူမရှိပါ။
- ပျက်စီးနေသောဂက်စကက်ကို
စီလီကွန်ကော်( Silicone sealant ) သုံး၍ ပြုပြင်ခြင်းသည် မသင့်တော်သောပြုပြင်ခြင်း
ဖြစ်သည်။ ကောင်းမွန်သောဂက်စကက်ကို ပြန်လည်အစားထိုးသော အခါ ပလိပ်ပြားများသည် အလွယ်တကူအပြင်သို့
ထွက်လာပါသည်။
- အပူဒဏ်ခံရသော
စတီးပလိပ်ပြားများကို လျှော့တွက်၍ စဉ်းစားသည်။ အပူဒဏ်ကို ရုတ်တရက် ဖယ်ရှားလိုက်သောအခါ
စတီးပလိပ်ပြားများသည် စပရင်ကဲ့သို့ ရုန်းထွက်လာပါသည်။
- အပိုပစ္စည်းရောက်ရှိချိန်
ကြန့်ကြာပါသည်။
Corrective/ Preventive actions
ပြုပြင်သင့်သော အချက်များ
အခြားသောသင်္ဘောများသို့ ထိခိုက်မှုကို အသိပေးရန်
- ဘေးအန္တရာယ်တွက်ချက်မှု(
Risk assessment ) ကို အလုပ်မစတင်မှီ ပြုလုပ်ရန်နှင့် အကျိုးဆက်များအတွက် ကန့်သတ်ထိန်းချုပ်မှုများ
ပြုလုပ်ရန်။
- မှန်ကန်သောဂက်စကက်နှင့်
ဆီးလ်များ ( Seals ) ကို အသုံးပြုရန်။ ခဏတာပြုပြင်ထားခြင်းကို ရှောင်ရှားရန်။
- အပူဒဏ်
သို့ ဖိအားသက်ရောက်ခံရသောကိရိယာများကို မသင့်တော်သောဆီးလ်ပစ္စည်းများ (
inappropriate sealing materials ) သုံးလျှင် ဖြစ်နိုင်သည့်အန္တရာယ်များ။
(
IHS – Safety at Sea – June 2010 - မှ ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။ )
No comments:
Post a Comment