“လက်ကို ပြင်းထန်စွာထိခိုက်သွားခြင်း - လက်ချောင်းထိပ်ကိုဖိမိခြင်း”
Fourth
Engineer သည် ဆီသန့်စက်ဘောင်း(Purifier bowl) ကို ဖြုတ်ပြီး ဘောင်းတင်သောစင်(Overhauling
stand for bowl) တွင် အထိုင်ချရန် ကြိုးစားစဉ်၊ ဘယ်ဖက်လက်ညိုးသည် ဘောင်းနှင့်စင် အကြားတွင်
ညပ်မိသွားသည်။ လက်ညိုးထိပ်သည် ပြင်းပြင်းထန်ထန် ထိခိုက်မိသွားပါသည်။
စုံစမ်းဆေးအဖွဲ့၏တွေ့ရှိချက်
( Result of Investigation )
၁။ မျက်နှာကျက်ရှိ ချိန်းဘလောက်ဆွဲရန်တပ်ဆင်ထားသောသံလမ်းသည်
ဘောင်းတင်ရန်ထားသောစင်နှင့် တတန်းထဲတွင် မရှိပါ။ အလုပ်လုပ်သူသည် တန်းလန်းကျနေသောဘောင်းကို
လက်ဖြင့် ဘေးတိုက်ဆွဲထားပြီးနောက် ဘောင်းကို စင်ပေါ်တွင် အထိုင်ကျရန် ကြိုးစာရပါသည်။
ထိုသို့ပြုလုပ်ရခြင်းကြောင့် လက်ကို ထိခိုက်ရန် ဖြစ်နိုင်ချေပိုများပါသည်။
၂။ အလုပ်ကို မစတင်မှီ ဘေးအန္တရာယ်တွက်ချက်မှု ( Risk
assessment ) ကို ပြုလုပ်ခြင်း မရှိပါ။ ထိုအလုပ်သည် လုပ်ရိုးလုပ်စဉ်အလုပ်တစ်ခုဖြစ်သောကြောင့်
သီးသန့်ဖြစ်နိုင်သော လုပ်ငန်းခွင်ထိခိုက်မှုနှင့် ဘေးအန္တရာယ်များ ( Operation’s
specific hazards and risks ) ကို ထည့် မစဉ်းစားမိကြပါ။
၃။ ထိုအလုပ်အတွက် လုံလောက်သော လူအင်အားရှိသင့်ပါသည်။
၎။ Fourth Engineer သည် တောင့်တင်းကျန်းမာပြီး၊ လျင်မြန်ဖြတ်လတ်ပါသည်။
လုံလောက်သော အနားယူချိန်ရှိသည့်အပြင် သင့်တော်သောကိုယ်ခန္ဓာကာကွယ်မှုတန်ဆာများ (
Personal protective equipment ) များကို ဝတ်ဆင်ထားပါသည်။ ယခုသင်္ဘောတွင် ယခင်အချိန်က
တာဝန်ထမ်းဆောင်ဖူးပြီး၊ လုပ်ငန်းဆောင်တာများကို ပြည့်ဝစွာဆောင်ရွက်နိုင်ပါသည်။
၅။ သင်္ဘောရေချစဉ်မှ စတင်၍ ဘောင်းစင်သောစင်သည် နေရာလွဲမှားစွာတပ်ဆင်ထားသော်လည်း၊
သင်္ဘောသားများသည် ပြန်လည်ပြုပြင်ပေးရန် တောင်းဆိုခြင်း မရှိခဲ့ပါ။
၆။ လွဲမှားနေသောလုပ်ဆောင်မှုကြောင့် မြင်သာသောအန္တရာယ်ဖြစ်နိုင်ချေရှိသော်လည်း
ကူညီရန်အတွက် မည်သူမျှရှိမနေပါ။
၇။ သင်တန်းပေးလေ့ကျင်မှုသည် ပျက်ကွက်နေပုံရပါသည်။ အထက်တန်းအင်ဂျင်နီယာများသည်
ငယ်ရွယ်သောFourth Engineer ကို ဘေးအန္တရာယ်ကင်းစွာ လုပ်ဆောင်နိုင်ရန် သင်ပြပေးခြင်းရှိပုံမရပါ။
၈။ ကုမ္ပဏီရှိ ပုံစံတူဆောက်ထားသောအခြားသင်္ဘောတစ်စင်း၏ ဆီသန့်စင်စက်ခန်း(
Purifier room ) ရှိ မျက်နှာကျက်သံလမ်းပုံစံ၊ ဆီသန့်စင်စက်၊ ဘောင်းတင်ရန်စင်..တို့၏
အထားအသိုမှာ မှန်ကန်မှုရှိပါသည်။
ပြုပြင်ရန်အချက်များ ( Corrective Action )
၁။ ဘောင်းတင်စင်ကို သံလမ်း၊ ချိန်ဘလောက်တို့နှင့် တတန်းထဲတွင်
ရှိစေရန်ပြုပြင်သင့်သည်။
၂။ ဘေးကင်းရေးအစည်းအဝေး(Safety Meeting) တွင် ထိုမတော်တဆဖြစ်မှုကို
ဆွေးနွေးပြီး၊ ကုမ္ပဏီ၏ အခြားသင်္ဘောများထံသို့ ညွန်ကြားချက်များကို ဝေငှရန် ဖြစ်ပါသည်။
၃။ ထိုထိခိုက်မှုနှင့် ပတ်သက်သော အကျဉ်းချုပ်ကို ကုန်းပေါ်ရှိအရာရှိများက
အောက်ပါအချက်များကို မှတ်သားတင်ပြသင့်ပါသည်။
(က) DPA နှင့် ကျင်းပသောအစည်းအဝေးများ။
(ခ) Superintendent များသည် သင်္ဘောကို မတက်မှီတွင် ကြိုတင်၍
မှတ်ချက်စကားပြောကြားရန်။
(ဂ) ကုမ္ပဏီသို့ ဝင်ရောက်လာသောအရာရှိသစ်များကို လေ့ကျင့်ပေးမှု(Familiarisation
training) အတွင်း ထိုကိစ္စများကို ထည့်သွင်းပြောကြားရန်။
၎။ ဗဟုသုတ၊ နားလည်မှု နှင့် ဘေးကင်းသောလုပ်ဆောင်ချက်များကို
ဖေါ်ဆောင်နိုင်ခြင်း ရှိ၊ မရှိကို ကုမ္ပဏီတွင်း စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးရန်။
Superintendent များ သင်္ဘောပေါ်သို့ သွားရောက်စစ်ဆေးစဉ်တွင် ထိုအချက်များကို စစ်ဆေးရန်။
လေ့လာရန်အချက်များ ( Lessons learned )
၁။ သင့်တော်သောဘေးအန္တရာယ်တွက်ချက်မှု၏တန်ဖိုးကို ထိုထိခိုက်မှုမှ
ပြသပါသည်။ အရာရှိငယ်များကို သင်ကြားပြသပေးရန် လိုအပ်မှုကို ပြသပါသည်။
၂။ အလုပ်ကိစ္စတစ်ခု မစတင်မှီတိုင်းတွင် လုပ်ငန်းခွင်အစည်းအဝေးငယ်လေး(Tool
box meeting ) လုပ်သင့်ပါသည်။ ဘေးအန္တရာယ်နှင့် ကြိုတင်ဂရုစိုက်ရန်အချက်များကို ဆွေးနွေးသင့်ပါသည်။
လုပ်ဆောင်မည့်အလုပ်ကို အပြည့်အဝနားလည် သဘောပေါက်သင့်ပါသည်။
No comments:
Post a Comment