Accident Case Study 23: Snap-back fatality
ထိခိုက်မှုဖြစ်စဉ်လေ့လာချက် ၂၃ : ကြိုးပြတ်ပြီးရိုက်၍ သေဆုံးရခြင်း။ ။
မည်သို့ဖြစ်ပွါးသလဲ။ ။
သင်္ဘောသည် ဆိပ်ကမ်းသို့ ကပ်နေပါသည်။ ကမ်းကပ်ရန် နေရာပြန်ချသည့်အနေဖြင့် သင်္ဘောကို အနောက်သို့ ဆုတ်လိုက်ပါသည်။ သင်္ဘောဦးပိုင်းသည် ဆိပ်ကမ်းမှဝေးသွားပြီး၊ ဦးကြိုးကို ဆွဲတင်းလိုက်သလိုဖြစ်သွားပါသည်။
ဦးကြိုးသည် ပြတ်ပြီး၊ နောက်ပြန်ရိုက်ပါသည်။ ထိုအခါ Winch ( ကြိုးရစ်ဘီး) ကို မောင်းနှင်နေသော သင်္ဘောသားတစ်ဦးကို ရိုက်မိပြီး၊ သေဆုံးသွားပါသည်။
အဘယ်ကြောင့် ဖြစ်ပွါးရသလဲ။ ။
သင်္ဘောကိုကြိုးတိုက်နေကြသောသင်္ဘောသားများသည် တစ်ဦး၏လုပ်ဆောင်မှုကို တစ်ဦးက သတိပြုမိခြင်း မရှိပါ။
ကြိုးရစ်ဘီးကို မောင်းနှင်ရန်အတွက် သင်္ဘောသားသည် မတ်တပ်ရပ်နေပါသည်။ ထိုနေရာသည် ဦးကြိုးပြတ်ပြီး၊ ပြန်ရိုက်နိုင်သောဧရိယာအတွင်း ကျရောက်နေပါသည်။
သင်္ဘောကို မောင်းနှင်နေသောပိုက်လော့သည် ဦးပိုင်းရှိတွန်းသင်္ဘောကို တွန်းနေခြင်းမှ ရပ်ဆိုင်းရန် ပြောဆိုခြင်း မရှိပါ။
ဦးကြိုး၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းတွင် ထိခိုက်နေမှုများကို တွေ့ရပါသည်။
မှတ်သားရန်။ ။
သင်္ဘော၏ကြိုးရစ်သောပစ္စည်းကိရိယာများသည် လုံခြုံဘေးကင်မှုရှိပါစေ။
ကြိုးများကို အမြဲစစ်ဆေးပါ။ ထိခိုက်နေသော၊ ဆွေးနေသောကြိုးကို အသုံးမပြုပါနှင့်။
ကြိုးရစ်ပြီးကမ်းကပ်ခြင်း မပြုလုပ်မှီ အစည်းအဝေးငယ်လေးလုပ်ခြင်းဖြင့် နေ့စဉ်လုပ်နေကျလုပ်ငန်းများ၏ အန္တရာယ်များကို သတိပြုမိစေနိုင်ပါသည်။
No comments:
Post a Comment