Friday, September 13, 2013

ထိခိုက်မှုဖြစ်စဉ်လေ့လာချက် ၄၂ ။ ။ ဓါတ်ငွေ့ဖြင့်သံဖြတ်ခြင်း( Gas cutting )မှ မီးလောင်ခြင်း။ ။





Accident Case Study 42:  Gas Cutting Causes Fire
ထိခိုက်မှုဖြစ်စဉ်လေ့လာချက် ၄၂  ။    ။   ဓါတ်ငွေ့ဖြင့်သံဖြတ်ခြင်း( Gas cutting )မှ မီးလောင်ခြင်း။  ။



မည်သို့ဖြစ်ပွါးသလဲ။  ။

         General Cargo သင်္ဘောသည် ဆိပ်ကမ်းတွင် ကုန်ချနေပါသည်။ ကမ်းမှပြုပြင်ရေးအဖွဲ့သည် ကုန်ပစ္စည်းထားသိုကန် (Cargo hold ) ထဲတွင် ဓါတ်ငွေ့ဖြင့် သံဖြတ်ခြင်းကို စတင်ပြုလုပ်ပါသည်။
        မီးစတင်လောင်ကျွမ်းပါသည်။
        မီးကို လျှင်မြန်စွာငြိမ်းသတ်နိုင်ခြင်း မရှိပါ။ မီးသည် အခြားနေရာများသို့ ကူးစက်သွားပါသည်။
        သင်္ဘောသားများနှင့် ဆိပ်ကမ်းမှ အရေးပေါ်အဖွဲ့များ ငြိမ်းသတ်သောကြောင့် မီးငြိမ်းသွားပါသည်။

အဘယ်ကြောင့် ဖြစ်ပွါးရသလဲ။  ။

        Gas cutting ကြောင့် မီးလောင်လျှင် ဖြစ်နိုင်သော ဘေးအန္တရာယ်များကို အသိအမှတ်ပြုခြင်း၊ ထည့်သွင်းစဉ်းစားခြင်း၊ လျှော့နည်းအောင်လုပ်ခြင်းကို မည်သူမျှ( သင်္ဘောသားများနှင့် ဆိပ်ကမ်းပြုပြင်ရေးအလုပ်သမားများ)  မလုပ်ဆောင်ကြပါ။
        ကုမ္ပဏီမှ ညွှန်ကြားထားသော ဘေးအန္တရာယ်ကင်းရှင်းရေးပေါ်လစီကို မည်သူမျှ မလိုက်နာကြပါ။
        အလုပ်အတွက် လုံလောက်သောစီစဉ်မှု မည်သူ့တွင်မျှ မရှိကြပါ။

မှတ်သားရန်။  ။

      ပြုပြင်သည့်အလုပ်မစတင်မှီ အစည်းအဝေးငယ်လေးလုပ်ပါ။
     အလုပ်အတွက် ဖြစ်နိုင်သောဘေးအန္တရာယ်များကို ထည့်စဉ်းစားပါ။ သင်္ဘောရှိ လုံခြုံရေးစီမံချက်အစီအစဉ်များ ( Safety Management Manual ) များကို လိုက်နာဆောင်ရွက်ပါ။
       ဘေးအန္တရာယ်ခြိမ်းခြောက်မှုများကို လျှော့နည်းသက်သာအောင် ပြုလုပ်ပါ။ မီးလောင်ကျွမ်းလျှင် ငြိမ်းသတ်ရန် ကိရိယာများ အနီးအနားတွင် ရှိပါစေ။
       အပူဖြင့်အလုပ်လုပ်ရန်ပါမစ်( Hot work permit ) တွင် လုပ်ဆောင်သင့်သောအချက်များကို ဖေါ်ပြထားပါသည်။
       အလုပ်လုပ်သူတို့သည် Hot work permit မယူခဲ့ကြပါ။




International requirements
-      SOLAS, Ch IX, ISM, Regulation 3, Safety Management Requirements
-      STCW Code, Chapter VI, Standards Regarding Emergency, Occupational Safety, Security, Medical Care and Survival Functions
-      ISM Code, 06 Resources and Personnel, 07 Development of Plans for Shipboard Operations
-      MSC/ Circ. 1084 Principles for hot work on board all types of ships
 ( IHS – Safety at Sea – September 2012 , မှ ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။ )

No comments:

Post a Comment