Accident Case Study 51: Minor Fault, Major Consequences
ထိခိုက်မှုဖြစ်စဉ်လေ့လာချက်
၅၁ ။ ။ သေးငယ်သောအမှားမှ ကြီးမားသောနောက်ဆက်တွဲများ။ ။
မည်သို့ဖြစ်ပွါးသလဲ။ ။
သင်္ဘောသည် ကမ်းမှထွက်ခွါပြီး၊
ရေတက်ရေကျကို ထိန်းထားသောလော့ (Lock en route ) တစ်ခုအတွင်းသို့ ဝင်ရောက်ပါသည်။
သင်္ဘောကို ဘောင်းထရပ်စတာ(
Bow thruster ), (Becker Rudder ), CPP ( Controllable-pitch propeller ) တို့ဖြင့်
ထိန်းသိမ်းမောင်းနှင်နေပါသည်။
Pitch သည်
zero သို့ ရောက်ချိန်တွင် CPP သည် အလုပ်မလုပ်တော့ပါ။ Pitch သည် နောက်ထပ်လှည့်ပေးရန်
၄၀% လိုအပ်နေပါသည်။
တွန်းသင်္ဘောဖြင့်
တွန်းသော်လည်း၊ မမှီတော့ပါ။ သင်္ဘောသည် Lock gate ကို ဝင်တိုက်မိပြီး၊ သင်္ဘောဦးပိုင်းနှင့်
Gate မှာ ပျက်စီးသွားသည်။
အဘယ်ကြောင့် ဖြစ်ပွါးရသလဲ။ ။
CPP
alarm မှ အချက်ပေးသည်မှာ CPP control power – failure ဖြစ်ပါသည်။ ထိုအချက်ပေးမှုကို
သင်္ဘောတိုက်မှုဖြစ်ပြီးသော်လည်း၊ သတိမပြုမိပါ။ တိတိကျကျဖေါ်ပြထားခြင်း မရှိသော အချက်ပေးမှုသင်္ကေတကြောင့်
အမှန်တကယ် အချက်ပြမှုကို မသိနိုင်ခဲ့ပါ။
အချက်ပြမှုနှင့်
စနစ်ချို့ယွင်းမှုအကြား အချိန်မှာ အလွန်နီးကပ်လွန်းသောကြောင့် CPP ထိန်းချုပ်မှုကို အင်ဂျင်ခန်းသို့
လွဲပေးရန် (သို့မဟုတ်) အင်ဂျင်ကို အရေးပေါ်ရပ်ရန် မလုပ်နိုင်ပါ။
မှတ်သားရန်။ ။
သင်္ဘောမထွက်ခွါမှီ
စစ်ဆေးသင့်သည်များကို အပြည့်အဝနားလည်သဘောပေါက်စွာ စစ်ဆေးခြင်းသည် စနစ်၏ ချို့ယွင်းမှုပြဿနာများဖြစ်ပေါ်ချိန်တွင်
ကိုင်တွယ်ရန် အကူအညီပေးပါလိမ့်မည်။
အရေးပေါ်အခြေအနေလေ့ကျင့်ခန်းများ
( Drills and exercises ) ပြုလုပ်ခြင်းသည် ပုံမှန်မဟုတ်ဘဲ ရုတ်တရက်ပေါ်လာသော အခြေအနေများကို
ကိုင်တွယ်ရန် သင်္ဘောသားများကို အကူအညီပေးပါလိမ့်မည်။
International requirements
-
International Safety Management (ISM) Code,
Chapter 08, Emergency Preparedness
( IHS – Safety
at Sea – December 2012 , မှ ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။ )
No comments:
Post a Comment