Friday, September 13, 2013

ထိခိုက်မှုဖြစ်စဉ်လေ့လာချက် ၄၉ ။ ။ ဆီသင်္ဘောပေါက်ကွဲမှုကြီး။ ။



Accident Case Study 49:  Tanker Blaze

ထိခိုက်မှုဖြစ်စဉ်လေ့လာချက် ၄၉ ။   ။  ဆီသင်္ဘောပေါက်ကွဲမှုကြီး။  ။

မည်သို့ဖြစ်ပွါးသလဲ။  ။

         သင်္ဘောသည် ကမ်းကပ်ထားစဉ် ဂဟေဆော်ခြင်းနှင့် မီးအပူသုံးအလုပ်များ( Hot Work ) ပြုလုပ်၍ ပြင်ဆင်မှုများ ပြုလုပ်သည်။

         ပြုပြင်သည့်နေရာအောက်ဖက်ရှိ ဆီအတင်၊အချ ကိုင်တွယ်သောနေရာ( Cargo Handling Area ) ကို မီးစွဲလောင်သည်။ ထို့နောက် လူနေခန်းနေရာများ၊ အင်ဂျင်ခန်းနှင့် စတီရာရင်းဂီယာခန်းတို့ကို လျှင်မြန်စွာ ကူးစက်လောင်ကျွမ်းသွားသည်။

       သင်္ဘောအနောက်ဖက်ရှိ ဆီနှင့် ဓါတုဗေဒကုန်ပစ္စည်းများ သိုလှောင်ထားသောနေရာ ပေါက်ကွဲသွားသည်။

       သင်္ဘော၏ပျက်စီးမှုမှာ ကြီးမားပါသည်။

အဘယ်ကြောင့် ဖြစ်ပွါးရသလဲ။  ။

    တချို့အလုပ်များကိုသာ မီးအပူသုံးအလုပ်များ( Hot Work ) ပြုလုပ်ရန် ခွင့်ပြုထားပါသည်။

           မီးအပူသုံးအလုပ်များ( Hot Work ) လုပ်ကိုင်ပြီးနောက် မီးကင်းစောင့်ခြင်း( Fire watch ) မလုပ်ကြပါ။ ထိုအချက်ကြောင့် မီးစွဲလောင်ရခြင်း ဖြစ်သည်။

     သင့်တော်သောအတားအဆီး၊ အရံအတားများ ပြုလုပ်ခြင်း မပြုဘဲ၊ ဂဟေဆော်ခြင်းကို စိတ်တိုင်းကျ ဆက်လက်ဆောင်ရွက်ကြသည်။

      တံခါးများ၊ အပေါက်များဖွင့်ထားခြင်းသည် မီးကိုလျှင်မြန်စွာ ပြန့်နှံ့စေပြီး၊ ထိန်းချုပ်ရန် ပိုမိုခက်ခဲစေပါသည်။

      ဆီများနှင့် ဓါတုဗေဒပစ္စည်းများကို မထားသင့်သောနေရာတွင် မဆင်မခြင်သိုလှောင်ထားပါသည်။

 
မှတ်သားရန်။  ။

      မီးအပူသုံးအလုပ်များ( Hot Work )အားလုံးသည် ခွင့်ပြုချက်တောင်းပြီးမှ လုပ်ကိုင်ရမည်။ အလုပ်၏ အကျိုးဆက်ကို ထည့်သွင်းစဉ်းစားရမည်။ မီးလောင်ခြင်းကို တားဆီးရန်အတွက် အလုံပိတ်ခြင်းသည် မရှိမဖြစ်အရေးကြီးပါသည်။

      ဆီနှင့် ဓါတုဗေဒကုန်ပစ္စည်းတို့ သိုလှောင်ရန်အတွက် ကုန်ပစ္စည်း၏ လုံခြုံဘေးကင်းရေးဆိုင်ရာ အချက်အလက်များနှင့် လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ပါ။



International Requirements
-      ISM Code, Ch 07, Developing of Plans for Shipboard Operation, Chapter 10, Maintenance of the Ship and Equipment
-      SOLAS , Ch VI, Safety of Cargoes, Regulation 5-1 – Material Safety Data Sheets
-      Maritime Safety Committee Circular (MSC/ Cir.1084 ), Principles for hot work onboard all types of ships
-      UK Code of Safe Working Practices ( CoSWP ), Chapter 16 , Permit to Work Systems
( IHS –Safety at Sea – December 2012 -- မှ ဘာသာပြန်ဖေါ်ပြပါသည်။ )

No comments:

Post a Comment