Accident Case Study 34: Sophistication Brings New Dangers
ထိခိုက်မှုဖြစ်စဉ်လေ့လာချက်
၃၄ ။ ။ ရှုပ်ထွေးမှုမှ နောက်ဆက်တွဲအန္တရာယ်များ ဖြစ်ပွါးခြင်း ။ ။
မည်သို့ဖြစ်ပွါးသလဲ။ ။
သင်္ဘောသားတစ်ဦးသည်
အောက်ဆီဂျင်သုံးအသက်ရှုဓါတ်ငွေ့ဘူး( Oxygen Breathing apparatus )ကို ဖြည့်နေပါသည်။
ထိုသို့ဖြည့်နေစဉ်တွင်
ကွန်ပရက်ဆာတွင် မီးစတင်လောင်ကျွမ်းသည်။
မီးလောင်မှုကြောင့်
ပေါက်ကွဲမှုဖြစ်ပေါ်သည်။ သင်္ဘောသားကို မီးလောင်ပြီး၊ အနီးဝန်းကျင်ကို မီးလောင်မှုဖြစ်ပွါးသည်။
အဘယ်ကြောင့် ဖြစ်ပွါးရသလဲ။ ။
အသက်ရှုကိရိယာ(
Breathing apparatus ) နှင့် air compressor ကို မှားယွင်းစွာ ဆက်သွယ်ထားပါသည်။
အောက်ဆီဂျင်ဓါတ်ငွေ့
များပြားနေသော၊ ပူနေသောပတ်ဝန်းကျင်ရှိ ဆီသည် မီးတောက် စတင်ဖြစ်ပေါ်သည်။ မီးတောက်ကြောင့်
ကွန်ပရက်ဆာအထွက်ပိုက် ပေါက်ကွဲမှုဖြစ်ပွါးသည်။
သင်္ဘောသားများသည်
Oxygen Breathing Apparatus များ၏ ပြုပြင်ထိန်းသိမ်းမှုနှင့် ကိုင်တွယ်ရန်အတွက် လေ့ကျင်ပေးမှု
မရရှိထားပါ။
သင်္ဘောရှိ
SMS ( Safety Management System ) တွင် ထိုအလုပ်အတွက် လမ်းညွှန်ပေးချက်များ မရေးသားထားပါ။
မှတ်သားရန်။ ။
OBA( Oxygen Breathing Apparatus ) နှင့် BA
(Breathing Apparatus- Air ) ၏ ကွဲပြားချက်ကို သင်္ဘောသားများ သိရှိပါစေ။
သင်္ဘောသားများသည်
ကိရိယာအသုံးပြုပုံကို ကျွမ်းကျင်မှုမရှိလျှင် ထို Safety Equipment များ၏ အသုံးပြုပုံနှင့်
ထိန်းသိမ်းပြုပြင်ပုံကို လေ့ကျင့်ပေးသင့်သည်။
မလိုအပ်သောပစ္စည်းများကို
ဖယ်ရှားထားရမည်။ ကမ်းနားသို့ ပို့ပြီးဖြည့်ရမည့်စနစ်တွင် မမှန်ကန်သောပိုက်ဆက်များကို
အသုံးပြုထားသည်။
International requirements
-
SOLAS , Ch II-2, Construction: Fire
Protection, Fire Detection and Fire Extinction, Regulation 15 Instructions, On-board
Training and Drills
-
STCW Code, Ch VI Section A-VI/1, Basic
Training 2.1.2, Table A-VI/1-2 Specification of Minimum Standard of Competence
in Fire Prevention and Fire Fighting- Fighting and Extinguishing Fires
( IHS – Safety at Sea
– July 2012 , မှ ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။ )
No comments:
Post a Comment