Accident Case Study 46 : Accidental CO2 Release
ထိခိုက်မှုဖြစ်စဉ်လေ့လာချက်
၄၆ ။ ။ မတော်တဆကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့လွှတ်မိခြင်း။ ။
မည်သို့ဖြစ်ပွါးသလဲ။ ။
သင်္ဘောဆိပ်ကမ်းသို့
ဆိုက်ကပ်စဉ်၊ ဆိပ်ကမ်းမှအင်ဂျင်နီယာများသည် သင်္ဘောပေါ်ရှိ CO2သုံးမီးငြိမ်းစနစ်ကို ပြုပြင်ထိန်သိမ်းရန်အတွက်
ရောက်ရှိလာပါသည်။
ပြုပြင်ထိန်းသိမ်းရေးပြုလုပ်စဉ်
CO2ဓါတ်ငွေ့ကို မတော်တဆလွှတ်မိသဖြင့်၊ ဆိပ်ကမ်းအင်ဂျင်နီယာတစ်ဦး အပြင်းအထန်ထိခိုက်မိသွားပါသည်။
သင်္ဘောသားများမှ
ဆိပ်ကမ်းအင်ဂျင်နီယာကို ကယ်တင်လိုက်သောကြောင့် အသက်ဘေးမှ ကင်းလွတ်သွားပါသည်။
အဘယ်ကြောင့် ဖြစ်ပွါးသလဲ။ ။
ဆိပ်ကမ်းအင်ဂျင်နီယာများသည်
တစ်ဦးချင်စီ လုပ်ကိုင်ကြပါသည်။
သင်္ဘောကပ္ပတိန်၏
ခွင့်ပြုချက်မရမှီ လုပ်ကိုင်သောအမှား နှင့် CO2ဓါတ်ငွေ့အိုးဖွင့်သောလိုင်း
(Isolating lines ) ကို သီးခြားဖြုတ်ထားခြင်းအမှားများကို ဆိပ်ကမ်းအင်ဂျင်နီယာများ
ပြုလုပ်ကြပါသည်။
အလုပ်အတွက်
ကြိုတင်စီစဉ်မှုများ လုံလောက်မှုမရှိပါ။
မှတ်သားရန်
ပြင်ပမှအင်ဂျင်နီယာများကို
သီးခြားအလုပ်လုပ်ကိုင်ခွင့်မပြုပါနှင့်။ စောင့်ကြည့်ပါ။ အကြံပေးပါ။ သူတို့၏လုပ်ကိုင်မှုများသည်
သင်္ဘောပေါ်တွင် သတ်မှတ်ထားသောစံနှုန်းများအတိုင်း ဖြစ်ပါစေ။
အလုပ်အတွက်
ဥပဒေအရခွင့်ပြုချက်ဖြစ်စေ၊ အလွတ်သဘောခွင့်ပြုချက်ဖြစ်စေ ယူရမည်။ ထိုခွင့်ပြုချက်ကို
အခြားအင်ဂျင်နီယာများ လိုက်နာရမည်။
အလုပ်အတွက်
ခွင့်ပြုချက်နှင့် ဘေးအန္တရာယ်တွက်ဆမှုများ ပြုလုပ်ရမည်ဖြစ်လျှင်၊ ခွင့်ပြုချက်များ မရမှီ
အလုပ်ကို မစတင်ပါစေနှင့်။
International Requirements
-
ISM Code: Section 05 Master’s Responsibility
and Authority; 10 Maintenance of the Ship and Equipment
-
MSC.1/ Cir.1318, Guidelines for the
maintenance and inspection of fixed carbon dioxide fire-extinguishing systems
-
Code of Safe Working Practices, Chapter 16
Permit to Work Systems
( IHS- Safety at Sea-
November 2012 .. “Safety Briefing” မှ ဘာသာပြန်ဆိုပါသည်။ )
No comments:
Post a Comment