Friday, September 13, 2013

ထိခိုက်မှုဖြစ်စဉ်လေ့လာချက် ၅၀ ။ ။ အင်ဂျင်ခန်းပေါက်ကွဲမှုကြီး။ ။



Accident Case Study 50:  Engine-room explosion
ထိခိုက်မှုဖြစ်စဉ်လေ့လာချက် ၅၀ ။   ။ အင်ဂျင်ခန်းပေါက်ကွဲမှုကြီး။  ။

မည်သို့ဖြစ်ပွါးသလဲ။  ။

         သင်္ဘောသည် ကျောက်ချရပ်နားထားစဉ် ဆီဖြင့်မီးထိုးရသော(Oil-fired)  ဆီအပူပေးကိရိယာ( Oil heater ) ပေါက်ကွဲမှုဖြစ်ပွါးပါသည်။
         သင်္ဘောသား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိပါသည်။
         အနီးအနားရှိပစ္စည်းကိရိယာများ ပျက်စီးသည်။
         ရှေးဦးသူနာပြုစုနည်းကို လုံလောက်စွာ ကုသပေးနိုင်ခြင်း မရှိပါ။

အဘယ်ကြောင့် ဖြစ်ပွါးရသလဲ။  ။

        ပြုပြင်မှုအလုပ်များပြုလုပ်စဉ် မီးထိုးသောကိရိယာ( Burner ) ရှိ နော်ဇယ်(Nozzle)ကို နေရာလွှဲမှားစွာ တပ်ဆင်ထားသည်။
       မီးထိုးသောကိရိယာမှ ဆီများ ယိုစိမ့်ကျလာသည်။ ထိုယိုစိမ့်မှုမှ ပေါက်ကွဲခြင်းကို ဖြစ်ပေါ်စေပါသည်။
       သင်္ဘောသားများတွင် ဆီအပူပေးကိရိယာကို ပြုပြင်ရန်အတွက် လုံလောက်သော အသိဥာဏ်နှင့် ညွှန်ကြားချက်များ မရှိပါ။
       မီးလောင်ဒဏ်ရာများသည် အရေးပေါ်ကုသမှုခံယူသင့်သည်ဟူသောအချက်ကို သင်္ဘောသားများ နားလည်မှုမရှိပါ။
       သင်္ဘောသားများသည် သင်္ဘောပေါ်ရှိလေ့ကျင့်ပေးမှုနှင့်ဦးဆောင်မှုကို ရယူရမည့်အစား ပြင်ပမှရရှိသော အကြံဥာဏ်များကို ရယူအားထားခဲ့ကြသည်။  

မှတ်သားရန်။  ။

      ပုံမှန်ပြင်ဆင်ဆောင်ရွက်မှုအလုပ်များတွင်လည်း ဘေးအန္တရာယ်ရှိနိုင်သည်ကို အသိအမှတ်ပြုပါ။ အပူပေးကိရိယာကို ကျွမ်းကျင်မှုမရှိလျှင် ပြုပြင်ရန်ညွှန်ကြားချက်များကို လေ့လာပြီး၊ ရှင်းလင်းစွာနားလည်စေရန် အားထုတ်သင့်သည်။
     ထိခိုက်မှုဖြစ်ပွါးလျှင် ရှေးဦးသူနာပြုစုခြင်းဖြင့် ကုသမှုပေးရန် အလွန်အရေးကြီးပါသည်။
      မီးလောင်ဒဏ်ရာများကို အအေးမခံခြင်းနှင့်ကုသခြင်းချက်ချင်းမပြုလုပ်ပါလျှင် နောက်ထပ်ထိခိုက်မှုများ ဖြစ်ပွါးနိုင်ပါသည်။


International requirements

-      STCW Code , Ch III, Standards Regarding Engine Department, Ch VI, Standards Regarding Emergency, Occupational Safety, Security, Medical Care and Survival Functions, Section A- VI/4, Mandatory minimum requirements related to medical first aid and medical care
-      International Safety Management (ISM) Code, Ch 10, Maintenance of the Ship and Equipment
-      The Ship Captain’s Medical Guide
( IHS – Safety at Sea – December 2012 , မှ ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။ )

No comments:

Post a Comment