Showing posts with label Case Study. Show all posts
Showing posts with label Case Study. Show all posts

Friday, February 14, 2014

Oxy-acetylene welding ကိရိယာမှ မီးလောင်ဒဏ်ရာရရှိခြင်း



သင်္ဘောသားတစ်ဦးသည် Gas welding ဆော်ရန်အတွက် ပြင်ဆင်နေပါသည်။ ဝယ်ဒင်ဂေါက်ကို မီးညှိပြီး မကြာမှီ ဝယ်ဒင်ဂေါက်မှ acetylene ပိုက်ပြုတ်ထွက်သွားပါသည်။ ပွင့်နေသောပိုက်မှ မီးတောက်ထွက်လာပါပြီး၊ သင်္ဘောသား၏ ဘယ်လက်နှင့်လက်ဖျံကို မီးလောင်သွားပါသည်။ 

လေ့လာတွေ့ရှိချက်များ

၁။ oxygen နှင့် acetylene ၏ pressure setting မှာ မှန်ကန်ပါသည်။
၂။ အလုပ်မလုပ်မှီ ကိရိယာများကို မျက်မြင်စစ်ဆေးသောအခါ ကောင်းမွန်မှုရှိပါသည်။
၃။ ဝယ်ဒင်ဂေါက်ရှိ Acetylene ပိုက်ခွေတွင် သတိမပြုမိသောထိခိုက်မှုဖြစ်နေခြင်း ဖြစ်နိုင်ပါသည်။
၎။ အလုပ်လုပ်ချိန်တွင် သင်္ဘောသားသည် သတ်မှတ်ထားသော လက်အိတ်ကို ဝတ်ဆင်ထားခြင်း မရှိပါ။
၅။ သင်္ဘောသားသည် အလုပ်လုပ်နေစဉ် အကျီင်္လက်ကိုခေါက်ထားပါသည်။

(  Safety at Sea မဂ္ဂဇင်းမှ ကောက်နုတ်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ )

ဖိနပ်ကိုလွဲမှားစွာ ဝတ်ဆင်ခြင်းကြောင့် လှေကားပေါ်မှလိမ့်ကျခြင်း



     သင်္ဘောပေါ်သို့ စတက်သော စားဖိုဆောင်မှလူသစ်သင်္ဘောသားသည် လှေကားပေါ်မှလိမ့်ကျပြီး ဝမ်းဗိုက်နှင့် တံတောင်ဆစ်တွင် ဒဏ်ရာများရရှိသွားသည်။ ထိုအချိန်တွင် သင်္ဘောသည် ကျောက်ချထားပါသည်။ လေတိုက်နှုန်းမှာ ပြင်းထန်ပြီး၊ လှိုင်းထန်နေပါသည်။ 

      စားဖိုမှူးသည် လူသစ်သင်္ဘောသားအား အောက်ထပ်တွင်ရှိသော အစားအစာစတိုမှ သေတ္တာအလွတ်များအားယူရန် လွှတ်လိုက်ပါသည်။ စားဖိုခန်းမှ လူသစ်သင်္ဘောသားထွက်ခွါပြီး၊ မကြာမှီတွင် စားဖိုမှူးသည် လှေကားမှ လိမ့်ကျသံကို ကြားလိုက်ရပါသည်။ စားဖိုမှူးသည် လူသစ်အား လှေကားရင်းတွင် ခက်ခက်ခဲခဲ မတ်တပ်ရပ်ရန် အားယူနေသည်ကို တွေ့လိုက်ရပါသည်။ 

      လူသစ်သည် လက်တွင် မည်သည့်ပစ္စည်းမှ မကိုင်ထားပါ။ သူသည် လှေကားလက်ရမ်းကို ကိုင်ပြီးဆင်းလာစဉ်၊ ခြေချော်ပြီး ဟန်ချက်ပျက်သွားသည်ဟု ပြောဆိုပါသည်။ ချော်ကြစဉ် ဦးခေါင်းကို မထိစေရန် ကာကွယ်လိုက်သောကြောင့် ဝမ်းဗိုက်ကို လှေကားလက်ရမ်းနှင့် တိုက်မိပြီး၊ တံတောင်ဆစ်သည် လှေကားထစ်များနှင့် တိုက်မိပါသည်။ 

       ရှေးဦးသူနာပြုစုခြင်းနည်းလမ်းအတိုင်း သင်္ဘောသားသစ်ကို ပြုစုပေးကြပါသည်။ နှစ်ရက်ကြာသောအခါတွင် သင်္ဘောသားသစ်အား ဆိပ်ကမ်းရှိဆရာဝန်နှင့် စစ်ဆေးပါသည်။ ဆရာဝန်သည် သင်္ဘောသားသစ်အား တာဝန်ထမ်းဆောင်ရန်အတွက် လုံလောက်သောကြံခိုင်မှုမရှိဟု မှတ်ချက်ရေးပေးသဖြင့် လူသစ်အား အိမ်ပြန်ပို့လိုက်ပါသည်။

       ထိခိုက်မှုဖြစ်ပွါးပြီးနောက် ဖြစ်ပွါးရခြင်းအကြောင်းရင်းကို ရှာဖွေစစ်ဆေးသောအခါ အောက်ပါအချက်များကို တွေ့ရှိရပါသည်။

၁။ သင်္ဘေသားသစ်သည် ဖိနပ်ကို ကောင်းမွန်စွာစီးမထားပါ။ ဖိနပ်၏ အနောက်ပိုင်းဖနောင့်နေရာသည် ပြားနေသောကြောင့် ဖိနပ်ကို နေရာကျစွာမစီးဘဲ စွပ်ရုံသာစွပ်ထားကြောင်း တွေ့ရပါသည်။ ခြေဖဝါးသည် ဖိနပ်အတွင်း နေရာမကျပါ။
၂။ သင်္ဘောသားသစ်သည် ထိခိုက်မှုဖြစ်ပွါးသည့်နေ့မတိုင်မှီ သင်္ဘောအပေါ်တက်လာခြင်းဖြစ်သည်။ သူသည် ကြာမြင့်စွာလေယာဉ်စီးခဲ့ရပါသည်။ ဂျက်လေယာဉ်ကြာမြင့်ချိန်ကြောင့် သူသည် ပင်ပန်းပြီး၊ သတိမထားနိုင်ခြင်းဖြစ်ပါသည်။
၃။ လှိုင်းမူးခြင်းသည်လည်း ထိခိုက်မှုကိုဖြစ်စေသည့် အကြောင်းအရင်းတွင် ပါဝင်သည်။


လေ့လာသင့်သောအချက်များ

၁။ ကိုယ်ခန္ဓာကာကွယ်ရေးပစ္စည်း ( Personal Protective-equipment-PPE ) တိုင်းကို ဝတ်ဆင်သုံးစွဲလျှင် မှန်ကန်စွာသုံးစွဲရမည်။ Safety shoe သည်လည်း ကိုယ်ခန္ဓာကာကွယ်ရေးပစ္စည်းထဲတွင် ပါဝင်သည်။ ကိုယ်ခန္ဓာကာကွယ်ရေးပစ္စည်းများကို လွဲမှားစွာသုံးစွဲခြင်း၊ ထပ်၍တီထွင်သုံးစွဲခြင်းသည် သင်္ဘောသားတို့လိုက်နာရမည်စည်းမျဉ်းများကို ချိုးဖေါက်ခြင်းဖြစ်သည်။ လုံခြုံရေးစည်းကမ်းများ ( Safety procedures ) ကိုလည်း ချိုးဖေါက်ခြင်းဖြစ်သည်။ 

၂။ Safety shoe များကို ဝတ်ဆင်လျှင် တိကျသောအရွယ်အစားကိုသာ ဝတ်ဆင်ရမည်။ ကြီးနေသော Safety shoe များသည် အလွယ်တကူကျွတ်ထွက်နိုင်ပါသည်။ ဖိနပ်ကြိုးကို တင်းကျပ်စွာချည်နှောင်၍ သင့်တော်စွာဝတ်ဆင်သင့်ပါသည်။

၃။ သင်္ဘောသားများသည် တာဝန်ကို စတင်ယူစဉ်အချိန်တွင် အထူးသတိထားသင့်သည်။ အလုပ်ပတ်ဝန်းကျင်အသစ်၊ ပစ္စည်းကိရိယာအသစ်၊ လူသစ်များနှင့် ထိတွေ့ဆက်ဆံရာတွင် ကျွမ်းဝင်မှုဖြစ်စေရန်အတွက် အချိန်လိုပါသည်။

၎။ သင်္ဘောသစ်များ အလုပ်ခွင်တွင် အန္တရာယ်ကင်းဝေးစေရေးအတွက် ဝါရင့်သင်္ဘောသားများမှ ကြီးကြပ် လမ်းညွှန်သင့်ပါသည်။

( Report No – 200960  )
( Safety at Sea Magazine – Dec 2009 မှ ကူးယူဖေါ်ပြပါသည်။ )

Saturday, October 12, 2013

ထိခိုက်မှုဖြစ်စဉ်လေ့လာချက် ၁၉ ။ ။ ပေါက်ကွဲမှုကြောင့် သင်္ဘောသားတစ်ဦး သေဆုံးခြင်း ။ ။



Accident Case Study 19 : Explosion kills crew member

မည်သို့ဖြစ်ပွါးသလဲ။  ။

     သင်္ဘောသားတစ်ဦးသည် စတီးတိုင်ကီတစ်လုံး၏ထိပ်ပိုင်းကို ထောင့်ချိုးကျောက်ဖြတ်စက်ဖြင့် ( angle-grinder ) တိုက်စား၍ ဖွင့်ရန်ကြိုးစားနေပါသည်။ တိုင်ကီပေါက်ကွဲသွားပါသည်။ သင်္ဘောသားသည် ပေါက်ကွဲမှုကြောင့် သေလုနီးပါး ဒဏ်ရာရသွားပါသည်။

အဘယ်ကြောင့် ဖြစ်ပွါးရသလဲ။  ။

       ပိတ်ထားသောတိုင်ကီအတွင်းတွင် အကြွင်းအကျန်အစအနများ ရှိပါသည်။ ထောင့်ချိုးကျောက်ဖြတ်စက်မှ ဖြစ်ပေါ်သော အပူနှင့် မီးပွါး ( heat and sparks ) သည် တိုင်ကီအတွင်းမှ ပစ္စည်းများကို မီးတောက်ဖြစ်စေပါသည်။ အငွေ့များသည် တိုင်ကီအတွင်းရုတ်တရက်ပြန့်ကားပြီး ပေါက်ကွဲမှုဖြစ်ပေါ်ခြင်းဖြစ်သည်။

            ဘေးအန္တရာယ်ကို ခန့်မှန်းတွက်ချက်ထားခြင်း မရှိပါ။ ( No risk assessment was conducted. )

သင်္ဘောသားသည် အလုပ်လုပ်ခွင့်စနစ် ( permit-to-work ) ကို သတိပြုမိခြင်း မရှိပါ။    

( ကျောက်စက်ဖြင့်တိုက်စားခြင်းသည် အပူဖြင့်အလုပ်လုပ်ရန်ခွင့်ပြုခြင်း ( hotwork permit ) ယူရန်လိုအပ်ပါသည်။ )

မှတ်သားရန်။  ။

      မိမိအလုပ်တွင်ရှိနေသည့် ဘေးအန္တရာယ်များကို အသိအမှတ်ပြုပါ။ ဘေးကင်းရေးစီမံခန့်ခွဲမှုစနစ် ( Safe management system ) ကို လိုက်နာပါ။ အလုပ်သည် အပူဖြင့်အလုပ်လုပ်ရန်ခွင့်ပြုခြင်း ( hotwork permit ) ယူရန် လိုအပ်သော အလုပ်ဖြစ်ပါသည်။ စတီးတိုင်ကီကို လေပေါက်ပွင့်ခြင်း၊ ဆေးကြောခြင်းတို့ ပြုလုပ်ပြီးနောက် အပူမထွက်စေသောဖြတ်နည်း ( cold-cutting  ) ဖြင့် ဖြတ်လျှင် ထိုထိခိုက်မှုကို ဖြစ်ပေါ်စေမည် မဟုတ်ပါ။

( IHS –Safety at Sea – March 2012 -- မှ ဘာသာပြန်ဖေါ်ပြပါသည်။ )

ဆီပန့်၏အပြန်လိုင်းမှ ဆီများထွက်လာခြင်း ( Oil leak from fuel pump return line )




                              ( Oil leak from fuel pump return line )

          သင်္ဘောသည် ပင်လယ်လမ်းခရီးတွင် မောင်းနှင်နေပါသည်။ သင်္ဘော၏စက်ခန်းကို လူမဲ့ထိန်းချုပ်ခြင်းစနစ် ( Unmanned Machinery Space – UMS ) ဖြင့် မောင်းနှင်ထားပါသည်။ ဂျူတီအင်ဂျင်နီယာသည် မနက် ၆ နာရီ ၅၀ မိနစ်တွင် လူဖြင့်ထိန်းချုပ်သောစနစ်သို့ ပြောင်းလဲရန် သွားပါသည်။ ထိုအခါ လောင်စာဆီများသည် အင်ဂျင်၏အပေါ်ဘက်၊ ဘေးဖက်၊ အောက်ဖက်တို့တွင် ပန်းထွက်နေသည်ကို တွေ့ရှိရသည်။ ဖလိုင်းဝှီးနေရာတဝိုက်တွင်လည်း ဆီများကို တွေ့ရပါသည်။ 

          မိန်းအင်ဂျင်၏ တာဘိုချာဂျာလေအဝင်နှင့် အင်ဂျင်ခန်းအတွင်းလေသွင်းသော ဘလိုယာ( Blower ) များကြောင့် ဆီငွေ့များသည် စက်ခန်းတစ်ခုလုံးကို ပျံ့နှံ့နေပါသည်။ ထိုအခြေအနေကြောင့် မီးလောင်နိုင်သောအန္တရာယ်မှာ နီးကပ်နေပါသည်။ မိန်းအင်ဂျင်ကို ချက်ချင်းရပ်လိုက်ပြီး၊ အင်ဂျင်နီယာများသည် ဆီများထွက်လာသည့် နေရာပင်ရင်းကို ရှာဖွေကြပါသည်။ 

          ဆီများထွက်သည့်ပင်ရင်းမှာ ဆီပန့်၏အပြန်လိုင်းရှိ ပိုက်ဖလန်း ( Pipe flange ) တစ်ခုမှ ထွက်လာခြင်းဖြစ်ကြောင်း မကြာမှီတွေ့ရှိလိုက်ရပါသည်။ ( ထိုဖလန်းအဆက်ကို မကြာသေးမှီအချိန်က ရေမဲ့ဒေါက်ကျင်း ( Dry Dock ) တွင် ဖွင့်ခဲ့ကြပါသည် )။ ထို့ပြင် ဆီပန့်အဝင်လိုင်းပိုက်အဆက်များကို SOLAS အရ သတ်မှတ်ထားသောဆီပန့်အကာများ ( approved splash-prevention screening ) တပ်ဆင်ထားခြင်း မရှိပါ။ ဖြစ်နိုင်ချေရှိသည်မှာ ဆီပန့်ကိုယ်ထည်ရှိ ပုံစံမကျသောသွန်းလောင်းထားမှု ( awkward shapes of the castings ) ကြောင့် ထိုဖလန်းအဆက်ကို မျက်စိလှမ်းပြီး ကျော်သွားခြင်း ဖြစ်နိုင်ပါသည်။

          ဆီပန့်အားလုံးရှိ အဝင်၊ အထွက်လိုင်းများကို စစ်ဆေးကြည့်သောအခါတွင် ဘို့အားလုံး ( all bolts ) သည် လုံလောက်သောတင်းကျပ်မှု ( proper tightness ) ရရှိရန်အတွက် တဝက်ခန့်ထပ်၍ တင်းကျပ်ရန် ( half a turn of the nuts ) လိုအပ်နေကြောင်းတွေ့ရှိရပါသည်။ 

အခြေခံအကြောင်းအရင်း / ဖြန့်ဝေသင့်သောအချက်များ

Root cause / contributory factors

၁။ စံနှုန်းမရှိခြင်း - အင်ဂျင်၏တုန်ခါမှုနှင့် ပတ်သက်သောအချက်အလက် အလွန်နည်းပါးသည်။ ဆီပန့်၏ပိုက်များရှိ အဆက်များ ( fasteners ) ကို သတ်မှတ်ပေးထားသောတင်းကျပ်ရန်ပမာဏ ( recommended tightening torque ) ဖြင့် တင်းကျပ်ထားခြင်း မရှိပါ။ 


၂။ သင်္ဘောသည် ရေမဲ့ဒေါက်ကျင်းမှ ဆင်းလာပြီး၊ မောင်းနှင်နေသည်မှာ ၆လ ခန့်ရှိပါပြီ။ အလွန်အမင်းတုန်ခါမှုကြောင့် ပိုက်ဖလန်းအဆက်များ လျှော့လျှဲလာကြောင်းကို တွေ့ရှိရပါသည်။ 


၃။ အဓိကကျသောနေရာများတွင် ဆီပန်းကာကွယ်ရေးအကာများ ( splash- prevention screening ) သုံးစွဲထားသည်မှာ လုံလောက်မှုမရှိပါ။

ပြုပြင်သင့်သောအချက်များ / ကာကွယ်သင့်သောအချက်များ

( Corrective / Preventive actions )

၁။ သင်္ဘောတည်ဆောက်နေစဉ် နှင့် ဒေါက်ကျင်းမှဆင်းလာပြီး အစမ်းမောင်းနှင်နေချိန်တို့တွင် သေချာစွာကြည့်ရှူသင့်ပါသည်။


၂။ ဖလန်းနှင့် ဘို့များ၏တင်းကျပ်မှုကို သတ်မှတ်ထားသောတော့ ( recommended tightening torque ) အတွင်းရှိ၊ မရှိ ပုံမှန်စစ်ဆေးသင့်ပါသည်။ စစ်ဆေးရန်အတွက် ဆီဖိအားသုံးတော့တင်းကျပ်စက် ( hydraulic-pressured torque tightening machine ) ကို သင်္ဘောပေါ်သို့ ပေးထားပါသည်။


၃။ ဆီပန့်အနီးတွင် ဆီပန်းအကာ ( a spray guard/ deflector ) တပ်ဆင်ထားခဲ့လျှင် ဆီများကို အပူမျက်နှာပြင် ( hot surface ) အပေါ်သို့ မကျရောက်စေရန် ကာကွယ်ပေးနိုင်ပါလိမ့်မည်။ 


၎။ ပိုက်ဖလန်းများအနီးတွင် ဆီပန်းကာကွယ်ရေးအတွက် နည်းလမ်း၊ စနစ်များကို သုံးစွဲရန်။ ဆီပန်းအကာများတပ်ဆင်ခြင်းဖြင့် အကာအကွယ်အတိုင်းအတာကို ပိုမိုရရှိစေပါလိမ့်မည်။


၅။ မိန်းအင်ဂျင်၏ထိပ်ပိုင်းတွင် ဆီမှုန်စစ်ဆေးသောစနစ် ( Oil-mist detection system ) ကို တပ်ဆင်ထားလျှင် ဖြစ်နိုင်ချေကို စစ်ဆေးရန်။ (သို့) ဆီမှုန်စစ်ဆေးနိုင်စွမ်းရှိသော CCTV အမျိုးအစားအချို့ကို အချက်ပေးစနစ်အတွက် တပ်ဆင်လျှင်ဖြစ်နိုင်ချေကို စစ်ဆေးရန်။


၆။ ဘို့များရှိ နပ်များကို ဖမ်းထားသောစနစ် ( Nut-locking arrangements ) ကို သုံးစွဲကြည့်ရန်။ ထိုစနစ်တွင် လော့ဝါရှာ ( Lock washer ) ဖြင့် နပ်များကို ဖမ်းထားခြင်း၊ ဘို့တိုင်ကို အပေါက်ဖေါက်ပြီး အတွင်းသို့ ဝါယာဖြင့် ထိုးထည့်ခြင်း ( Locking wire arrangements ) နည်းလမ်းများပါဝင်ပါသည်။

( Contact – More reports are always needed. If you have experienced or seen any incident from which others may learn, please report it, including your name and contact details, to the MARS editor at mars@nautinst.org, via www.nautinst.org/mars or to MARS,c/o The Nautical Institute, 202 Lambeth, London SE1 7LQ, UK. )
( IHS- Safety at sea- August 2010 - မှ ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။  )

အီကိုနိုမိုက်ဇာ( Economiser ) ၏ ကျပ်ခိုးများမှ မီးလောင်ခြင်း ( Soot from Economiser caused fire )




( Soot from Economiser caused fire )

          ကြီးမားသောကွန်တိန်နာတင်သင်္ဘောကြီးသည် ကမ္ဘာ့တိုက်ကြီးများတလျှောက် တိကျသောအစီအစဉ်ဖြင့် သမုဒ္ဒရာကြီးကို ဖြတ်၍ ပုံမှန်ပြေးဆွဲလျှက်ရှိပါသည်။ တစ်လတစ်ခါ ဆိုက်ကပ်ရာဆိပ်ကမ်းတွင် အင်ဂျင်ခန်းမှစက်အဖွဲ့သားများသည် ပုံမှန်အစီအစဉ်ဖြင့် Economiser ကို ရေပန့်များရပ်တန့်ခြင်းနှင့် အအေးခံခြင်းပြုလုပ်ပြီး၊ Economiser ကို ဖွင့်ကြပါသည်။ ထို့နောက် Economiser ရှိ ရေပိုက်လိုင်းများတွင် စုပုံနေသောကျပ်ခိုးများ၊ မလောင်ကျွမ်းသော ကာဗွန်အပိုင်းအစများကို ရှင်းလင်းကြပါသည်။ ( ထိုအပိုင်းအစများသည် အလွန်ပွန်းစားခြင်းကို ဖြစ်ပေါ်စေ၍ Economiser ရှိရေပိုက်များကို ပေါက်ပြဲစေပါသည်။ ) 

          သင်္ဘောသည် ဆိပ်ကမ်းမှ စတင်ထွက်ခွါရန် အင်ဂျင်နိုးချိန်များတွင် ကာဗွန်အပိုင်းအစများ၊ ကျပ်ခိုးများသည် တိမ်တိုက်တစ်ခုလို အင်ဂျင်၏မီးခိုးခေါင်းတိုင်မှ ထွက်ပေါ်လာပါသည်။ ထိုအစအနများသည် ပဲ့ကိုင်ခန်း၏ ဘေးနှစ်ဖက်နှင့် အပြင်ဘက်ကုန်းဘတ်ပေါ်သို့ မိုးရွာသကဲ့သို့ ကျလာပါတော့သည်။ အစအနများကြောင့် အဝတ်များဆွေးကုန်တတ်ပါသည်။ သင်္ဘောသည် ပင်လယ်ပြင်ဖက်သို့ရောက်သောအခါ ပိုက်လော့ဆင်းပါသည်။ ထိုအခါတွင် မိန်းအင်ဂျင်ကို စတင်ပြီး၊ အရှိန်မြှင့်ပါသည်။ အင်ဂျင်၏အိတ်ဇောဓါတ်ငွေ့များသည် အပူချိန်၊ ဖိအား ပိုမိုတိုးမြင့်လာပါသည်။ ထိုကဲ့သို့ အရှိန်မြှင့်ခြင်းသည် နေ့အချိန်ဖြစ်လျှင် ကျပ်ခိုးအစအနများကို အဆက်မပြတ်ထွက်နေသောမီးခိုးတန်းအဖြစ် မြင်နိုင်ပါသည်။ ( နေ့အချိန်တွင် အပူကြောင့်လောင်ကျွမ်းနေသော ကျပ်ခိုးများကို မမြင်နိုင်ပါ။ ) ။ 

          ထိုကဲ့သို့ အရှိန်မြှင့်ခြင်းသည် ညအချိန်ဖြစ်လျှင် ကျပ်ခိုးများကို မီးဖွါးများအဖြစ်မြင်ရပြီး၊ ခေါင်းတိုင်မှ အဆက်မပြတ် မီးရှူးမီးပန်းထွက်နေသကဲ့သို့ ဖြစ်နေနိုင်ပါသည်။ တခါတရံတွင် လေသည် ထောင့်ဖြတ်တိုက်လျှင် မီးရှူးတန်းများသည် သင်္ဘောကိုကျော်ပြီး၊ ဖြတ်သန်းနေသောရေလမ်းကြောင်းပေါ်သို့ ကျရောက်ပါသည်။ ထိုအချိန်အခါမျိုးတွင် ဆီတင်သင်္ဘောတစ်စင်းဖြတ်သန်းမည်ဆိုလျှင် မီးလောင်နိုင်သောဘေးအန္တရာယ်ကြောင့် မိန်းအင်ဂျင်ကို ခဏတာ ရပ်တန့်ပေးရခြင်း ကြုံတွေ့နိုင်ပါသည်။ အများအားဖြင့် မိန်းအင်ဂျင်သည် ပင်လယ်ရေကြောင်းသွားအရှိန်သို့ မြှင့်တင်ပြီးနောက် မိနစ် ၂၀ ခန့်တွင် အိတ်ဇောဓါတ်ငွေ့များသည် ကြည်လင်လာပါသည်။ 

           ထိုအချိန်တွင် မီးစ၊မီးနများသည် အဝတ်စအမိုး (သို့) အပေါ်ဆုံးအထပ်ရှိ ကုန်တိန်နာအမိုးသည် အပျော့ထည်ဖြစ်လျှင် မီးလောင်ပေါက်များ ဖြစ်စေပါသည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် ပဲ့ကိုင်ခန်းတစ်ဖက်တစ်ချက်နှင့် ကုန်းဘတ်အပြင်ဖက်တွင် တပ်ဆင်ထားသည့် မီးသတ်ပိုက်ခေါင်းများကို အသင့်အနေအထားဖြင့်ပြုလုပ်ပြီး၊ သင်္ဘောသားနှစ်ယောက်မှ မီးသတ်ဝတ်စုံအပြည့်ဝတ်ဆင်ပြီး၊ မီးစ၊မီးနများ ကျရောက်နိုင်သောနေရာများကို ရေဖျန်းပေးရပါမည်။

          တစ်ခုသောခရီးစဉ်တွင် အနောက်ဖက်ရှိကုန်သေတ္တာစင်တွင် ကုန်သေတ္တာများ မရှိပါ။ ကုန်သေတ္တာများ မရှိသောကြောင့် အနောက်ဖက်ကြိုးရစ်စက်အပေါ်တွင် အကာအကွယ်မဲ့ဖြစ်နေပါသည်။ သင်္ဘောသားများသည် ပိုက်လော့လှေကားကို သိမ်းဆည်းပြီး၊ နေ့လည်စာစားချိန်ဖြစ်သောကြောင့် ထမင်းစားခန်းအတွင်း ဝင်ရောက်ပြီး စားသောက်နေကြပါသည်။ အင်ဂျင်ခေါင်းတိုင်မှ မီးခိုးများအဆက်မပြတ်ထွက်လာနေပြီး၊ ထိုအခြေအနေကို ပဲ့ကိုင်ခန်းတွင် တာဝန်ကျနေသူများသည် သတိမထားပါ။ လေပြင်းတိုက်နေသောကြောင့် မီးစ၊မီးနများသည် ၁၀၀ မီတာအကွာအဝေးရှိ ကြိုးရစ်စက်ရှိ ရစ်ခွေထားသော နိုင်လွန်ကြိုးခွေများအပေါ်သို့ သွား၍ကျပါသည်။ 

          နေ့လည်စားစားချိန်ပြီးနောက် နေ့လည် ၁ နာရီခန့်တွင် သင်္ဘောသားများသည် ကုန်းဘတ်ပေါ်သို့ ပြန်လည်အလုပ်လုပ်ရန်ရောက်ရှိလာပါသည်။ ထိုအချိန်တွင် ပလပ်စတစ်ကို မီးလောင်နေသောညှော်နံ့များကို ရပါသည်။ ကြိုးရစ်သောနေရာသို့ ရောက်သောအခါ ကြိုးရစ်စက်ပေါ်ရှိ ကြိုးတစ်စမှာ မီးလောင်နေပါသည်။ ပဲ့ကိုင်ခန်းကို အကြောင်းကြားပြီး၊ အရေးပေါ်အခြေအနေကို ကြေညာပြီး၊ မီးသတ်ပန့်ကို မောင်းနှင်လိုက်ပါသည်။  ၁၀မိနစ်အတွင်း မီးကို ငြိမ်းသတ်နိုင်ပါသည်။ ကြိုးကို မီးလုံးဝမလောင်သွားမှီ အချိန်မှီ ငြိမ်းသတ်လိုက်နိုင်ပါသည်။ 

ပြုပြင်သင့်သော အခြေအနေများ/ ကြိုတင်ကာကွယ်သင့်သောအခြေအနေများ

( Corrective / preventive actions )

၁။ အိတ်ဇောခေါင်းတိုင်များမှ တဆင့်မီးလောင်နိုင်သောအခြေအနေကို သင်္ဘောအားလုံးသို့ အသိပေးထားရမည်။ အထူးသဖြင့် Economiser  ကို ရေဆေးပြီးချိန် (သို့) ကျပ်ခိုးများကို ခေါင်းတိုင်မှ အပြင်သို့ မှုတ်ထုတ်ချိန် ( Soot blow ) များတွင် မီးလောင်နိုင်သောအခြေအနေကို အသိပေးထားရမည်။ ထိုအခြေအနေမျိုးတွင် မီးလောင်နိုင်သောအန္တရာယ်ကို အနည်းဆုံးဖြစ်စေရန် အစီအစဉ်များ ချမှတ်ပေးရမည်။


၂။ Econoniser ကို ဆေးကြောပြီးချိန်တိုင်းတွင် အပေါ်ကုန်းဘတ်တွင် သင်္ဘောသားတစ်ဦးကို တာဝန်ချထားခြင်းကို လိုက်နာရမည့် စံပြအစဉ်အစဉ်အနေဖြင့် သတ်မှတ်ထားရမည်။ ထိုသင်္ဘောသားနှင့် ပဲ့ကိုင်စင်မှ ကုန်သေတ္တာများအပေါ်သို့ ရေဖျန်းနေသည့်သင်္ဘောသားနှစ်ဦးကို ရေဒီယိုဖြင့် ဆက်သွယ်မှု ပေးထားရမည်။ 


၃။ ဒေသအတွင်းရှိ ကုန်သေတ္တာအစီအစဉ်ချသော နေရာများ၊ ဆိပ်ကမ်းများ၊ ကုန်းဘတ်အရာရှိများကို ကြိုးရစ်စက်အပေါ်တွင် ကုန်သေတ္တာအလွတ်များမဖြစ်စေရန် စီစဉ်ထားသင့်ကြောင်း ညွှန်ကြားချက်များထုတ်သင့်သည်။ အထူးသဖြင့် Economizer ဆေးကြောပြီးသောအချိန်မျိုးတွင်ဖြစ်သည်။



၎။ ကုန်းဘတ်သင်္ဘောသားများကို ကြိုးရစ်စက်အပေါ်တွင် ကြိုးရစ်ပြီးသည်နှင့် တပြိုင်နက် အကာအကွယ်များ အုပ်ဆိုင်းထားရန် ညွှန်ကြားထားသင့်သည်။

( Contact – More reports are always needed. If you have experienced or seen any incident from which others may learn, please report it, including your name and contact details, to the MARS editor at mars@nautinst.org, via www.nautinst.org/mars or to MARS,c/o The Nautical Institute, 202 Lambeth, London SE1 7LQ, UK. )

( IHS – Safety At Sea – Feb 2012 မှ ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။ )