Saturday, October 12, 2013

Risk assessment Management (၁)



Risk assessment Management

ဘေးအန္တရာယ်တွက်ချက်မှု

          According to the studies approximately 80% of all accidents are caused by human errors. There are many different reasons for human error to occur, here are some of them.

လေ့လာချက်များ၏အဆိုအရ မတော်တဆထိခိုက်မှုအားလုံး၏ ၈၀ % သည် လူသားတို့၏အမှား အယွင်းကြောင့် ဖြစ်ပွါးရခြင်းဖြစ်ပါသည်။ လူသားတို့၏အမှားများတွင် အကြောင်းအရာမျိုးစုံဖြစ်နိုင်ပါသည်။ အောက်ပါအချက်များသည် တချို့အချက်များဖြစ်ပါသည်။

- =   လုပ်ငန်းခွင်၏ဘေးအန္တရာယ်ကို နားမလည်မှု။ ( Ignorance of job hazards )

- =    အလုပ်ကို နားလည်မှုမရှိခြင်း (သို့) ဘေးအန္တရာယ်များအကြားတွင် မည်သို့အလုပ်လုပ်ရမည်ကို မသိခြင်း ( Lack of understanding or skill in how to work safely around hazards )

- =   အမှုမဲ့အမှတ်မဲ့လုပ်ကိုင်ခြင်း ( Carelessness )

- =    အန္တရာယ်ကို ဂရုမစိုက်ခြင်း ( Recklessness )

- =    အလုပ် နှင့် ဘေးအန္တရာယ်ကိုသတိထားခြင်း (Task Vs. Safety focus )

- =     “ငါကတော့ ဘာမှမဖြစ်နိုင်ပါဘူး” စိတ်ဓါတ်    ( “It wouldn’t happen to me” attitude ) 

Scernario ( 1 )

ဖြစ်ရပ် (၁)

A crew member uses overhead crane to lift an exhaust valve spindle from the grinder. Having never done it before, he guides the valve spindle out of grinder with one hand, while operating the crane controls with the other. During the operation he loses control, and the valve spindle, weighting about 100 kg, swings and hits him on his head.

သင်္ဘောသားတစ်ဦးသည် ဗါး“သ”သောစက်မှ အိတ်ဇောဗါးကို ကရိန်းဖြင့်အပေါ်သို့ မတင်ပါသည်။ ပထမဆုံးအကြိမ်လုပ်ကိုင်ခြင်းဖြစ်သောကြောင့် ဗါး “သ”သောစက်မှ အိတ်ဇောဗါးကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး၊ အခြားလက်တစ်ဖက်မှ ကရိန်းကို မောင်းနှင်ပါသည်။ လက်တစ်ဖက်ထဲမှ မထိန်းနိုင်ဘဲ၊ အလေးချိန် ၁၀၀ ကီလိုဂရမ်ခန့်ရှိသောအိတ်ဇောဗါးသည် သင်္ဘောသား၏ခေါင်းကို ရိုက်မိပါသည်။ 

မည်သည့်အချက်ကြောင့် ထိခိုက်မှုဖြစ်ပွါးရသည်ဟု ထင်ပါသနည်း။

          ထိခိုက်မှုဖြစ်ပွါးရခြင်းမှာ ဘေးအန္တရာယ်ကို နားမလည်မှု ( Ignorance of job hazards ) ဖြစ်ပါသည်။ 

          Prior to starting, this crewmember should have to discussed the job with his colleagues. Because it was his first time, he didn’t know the risk involved. Had he known he would have asked for assistance, as it is clearly a “two-man job”. One person is needed to operate the crane and another to guide the valve spindle.  

ထိုသင်္ဘောသားသည် ထိုအလုပ်ကို မလုပ်မှီ၊ အခြားသူများကို မေးမြန်းသင့်သည်။ ပထမဆုံးအကြိမ် လုပ်ကိုင်ခြင်းဖြစ်သောကြောင့် ဖြစ်နိုင်သည့်ဘေးအန္တရာယ်များကို မသိရှိပါ။ မည်သို့လုပ်ကိုင်ရသည်ကို သိရှိလျှင် အခြားသူတစ်ဦးကို အကူအညီတောင်းလိမ့်မည်။ ကရိမ်းကိုတစ်ဦးက မောင်းနှင်ပြီး၊ အခြားတစ်ဦးမှ အိတ်ဇောဗါးကို ကိုင်တွယ်လျှင် ထိခိုက်မှုဖြစ်မည် မဟုတ်ပါ။ 

Scenario ( 2 )

ဖြစ်ရပ် (၂)

          After gangway wire, two crewmembers attached a manual crank handle to the winch so they could wind it manually.

          An officer doing his rounds noticed that the gangway wire was tight. Not being able to see anyone was working on the winch, the officer went to the control panel to operate the winch. In attempting to do so, he caused the manual handle to swing around, breaking the arm of one of the crew members.  
      

Gangway wire သည် ညှပ်နေသောကြောင့် ၊ ဝါယာရစ်ဘီးကို လက်ဖြင့် လှည့်ရန်အတွက် လက်ကိုင်ဂေါက်ကို သင်္ဘောသားနှစ်ဦးမှ တပ်ဆင်ထားပါသည်။

          လှည့်ပတ်စစ်ဆေးနေသော အရာရှိတစ်ဦးက Gangway wire ကြိုးတင်းနေသည်ကို မြင်ပါသည်။ ကြိုးရစ်ဘီးအနီးတွင် အလုပ်လုပ်နေသူများကို ကြည့်ရှုခြင်း မရှိဘဲ၊ အရာရှိက မောင်းနှင်သည့်ခလုတ် ( Control panel ) ရှိရာသို့ သွားပါ၍ ကြိုးရစ်ဘီး ( Winch ) ကို မောင်းနှင်ပါသည်။ ထိုသို့မောင်းနှင်ခြင်းကြောင့် လက်ကိုင်ဂေါက်သည် အနီးတွင် အလုပ်လုပ်နေသောသင်္ဘောသားတစ်ဦး၏ လက်မောင်းကို ရိုက်ချိုးလိုက်ပါသည်။ 

မည်သည့်အချက်ကြောင့် ထိခိုက်မှုဖြစ်ပွါးရသည်ဟု ထင်ပါသနည်း။

ထိုထိခိုက်မှုသည် “သတိမထားခြင်း ( Carelessness )” ကြောင့် ဖြစ်ပွါးခြင်း ဖြစ်ပါသည်။ 


          The crew members working on freeing the jammed gangway wire should have posted a warning near the winch control so others would know they are working on it. The officers attempting to operate the equipment should have thoroughly checked the area to ensure it was safe to operate the winch.

သင်္ဘောသားနှစ်ဦးသည် ညှပ်နေသောဝါယာကြိုးကို ဖြေနေကြပါသည်။ သူတို့သည် မောင်းနှင်သည့်ခလုတ် ( Control panel ) အနီးတွင် သူတို့အလုပ်လုပ်နေကြောင်း သတိပေးစာတမ်း ( Warning ) ကပ်ထားခြင်း မရှိပါ။ ကြိုးရစ်ဘီးကို မောင်းနှင်မည့် အရာရှိသည် ကြိုးရစ်ဘီးနှင့် သက်ဆိုင်သောနေရာကို သေချာစွာ ကြည့်ရှုခြင်းရှိသင့်ပါသည်။


Scenario ( 3 )
ဖြစ်ရပ် (၃)

          A crew member was attempting to drill a hole in 8mm thick piece of metal sheet. Like he has done many times before, he used the hand- vice grip to hold the sheet under the drill bit. When the drill bit penetrated through the metal sheet, the force of the rotating drill twisted the piece of metal. Consequently the crewmember’s wrist was severely twisted, almost breaking his hand and causing severe bruising.



          သင်္ဘောသားတစ်ဦးသည် ၈ မီလီမီတာထူသော သံပြားတစ်ပြားကို အပေါက်ဖေါက်ရန် လုပ်နေပါသည်။ သူသည် ထိုအလုပ်ကို အကြိမ်ပေါင်းများစွာ လုပ်ကိုင်ဖူးသောကြောင့် ဖေါက်တံအောက်ရှိ သံပြားကို လက်ဖြင့် ကိုင်ထားပါသည်။ သံပြားကို ဖေါက်တံမှ ဖေါက်လိုက်သောအခါ၊ လည်နေသောဖေါက်တံ၏အားသည် သံပြားအပေါ်သက်ရောက်ပြီး၊ သံပြားလည်သွားပါသည်။ ဆက်လက်ပြီး သံပြားကို ကိုင်ထားသော သင်္ဘောသား၏လက်သည် လည်သွားပြီး၊ ကျိုးလုနီးနီးဖြစ်သွားသည်။ လက်မှာ ထိခိုက်ဒဏ်ရာလည်းရသွားပါသည်။

မည်သည့်အချက်ကြောင့် ထိခိုက်မှုဖြစ်ပွါးရသည်ဟု ထင်ပါသနည်း။

“ငါတော့ထိခိုက်မှုမဖြစ်လောက်ပါဘူး” စိတ်ဓါတ်( “It won’t happen to me- attitude”)

ကြောင့် ထိခိုက်မှုဖြစ်ပွါးရခြင်းဖြစ်ပါသည်။

          When you are working with any rotating machinery- such as drills, grinders , and cutters – that exerts a lot of force due to high speed, it is crucial that effort is made to tightly secure the object being worked on to prevent it from moving in any direction.

          It is always important to wear the right personal protection equipment and to follow proper working practices.

          Drills, grinders, and cutter စသည့် လည်ပတ်နေသောစက်ပစ္စည်းများနှင့် အလုပ်လုပ်ကိုင်လျှင်၊ အမြန်လည်နေသောစက်ကြောင့် ကြီးမားသောအား ဖြစ်ပေါ်လာပါသည်။ ထို့ကြောင့် ဖေါက်လို၊ ဖြတ်လိုသောပစ္စည်းကို လွင့်ထွက်မသွားစေရန်အတွက် မြဲမြံစွာဖမ်းထားရန်မှာ အရေးကြီးပါသည်။

          မှန်ကန်သော ကိုယ်ခန္ဓာကာကွယ်ရေးကိရိယာများကို ဝတ်ဆင်သုံးစွဲရန်နှင့် မှန်ကန်သော အလုပ်လုပ်သည့်နည်းလမ်းများကို လိုက်နာရန်မှာ အမြဲအရေးကြီးဆောင်ရွက်သင့်သောကိစ္စများ ဖြစ်ပါသည်။

ဖြစ်ရပ် ( ၄ )

Scenario (4)

          A crewmember was descending a flight of stairs while carrying a roll-up fire hoses with both of his hands. The vessel was rolling slightly and the stairs were wet from a previous hosing down. The crew member lost his balance and fell down the stairs, hurting his lower back and one of his hands.

          သင်္ဘောသားတစ်ဦးသည် လက်နှစ်ဖက်ဖြင့် လိပ်ထားသောမီးသတ်ပိုက်ကို ကိုင်၍ လှေကားကို ဆင်းလာပါသည်။ သင်္ဘောသည် အနည်းငယ် လှုပ်နေပါသည်။ လှေကားသည် ရေဆေးထားသောကြောင့် စိုနေပါသည်။ သင်္ဘောသားသည် ဟန်ချက်ပျက်ပြီး၊ လှေကားပေါ်မှ လျှောကျသောကြောင့် ခါးနာသွားပါသည်။ လက်တစ်ဖက်လည်း ထိခိုက်မိပြီး၊ နာသွားပါသည်။

မည်သည့်အချက်ကြောင့် ထိခိုက်မှုဖြစ်ပွါးရသည်ဟု ထင်ပါသနည်း။

          အလုပ် နှင့် ဘေးအန္တရာယ်ကို သတိထားခြင်း (Task Vs. Safety focus ) ဟူသောအချက်နှစ်ခုတွင် အလုပ်ကို ရွေးချယ်မိပြီး၊ ဘေးအန္တရာယ်ကို သတိမထားမိသောကြောင့် ထိခိုက်မှုဖြစ်ပွါးရခြင်း ဖြစ်ပါသည်။

          Always keep your focus on safety whenever you do a job! When descending or ascending stairs, keep one of your hands on the railing for support. If the equipment you’re carrying is too heavy or bulky, ask for assistance or use another method to lower it down.

မည်သည့်အလုပ်ကို လုပ်ကိုင်သည်ဖြစ်စေ၊ သင်သည် ဘေးအန္တရာယ်ကင်းရှင်းမှုကို အမြဲသတိထားသင့်သည်။ လှေကားတစ်ခုကို ဆင်းသည်ဖြစ်စေ၊ တက်သည်ဖြစ်စေ၊ လှေကားလက်ရမ်းကို အားထားပြီး၊ အခြားလက်တစ်ဖက်ဖြင့် ကိုင်တွယ်သင့်ပါသည်။ သင် သယ်ဆောင်သောပစ္စည်းမှာ ကြီးမားလွန်းလျှင် (သို့မဟုတ်) ကိုင်တွယ်ရခက်လျှင်၊ အခြားသူကို အကူအညီတောင်းပါ။ (သို့မဟုတ် ) အခြားနည်လမ်းတစ်ခုကို ရွေးချယ်ပါ။


Summary

အနှစ်ချုပ်

          As you learned all the scenarios, all the accidents were caused by human error. Understanding how and why accidents is the key to their prevention. What’s needed is an ability to recognize the hazard and the good common sense when working around them.

To prevent the accidents we have to analyze the risks involved before performing a task. The idea is to heighten awareness of safety issues and get people to think and talk about job hazards and how they can be controlled, so that every job is completed safely. 


အထက်ပါဖြစ်ရပ်များကို လေ့လာချက်အရ၊ ထိခိုက်မှုများသည် လူသားတို့၏အမှားအယွင်းကြောင့် ဖြစ်ပွါးရခြင်းဖြစ်ပါသည်။ ထိခိုက်မှုများ မည်သို့ဖြစ်ပွါးပါသလဲ။ အဘယ်ကြောင့်ဖြစ်ပွါးရပါသလဲ ဟူသောအချက်များကို နားလည်ခြင်းမှသာ ထိခိုက်မှုများကို ကာကွယ်နိုင်ပေမည်။ ဘေးအန္တရာယ်ကို အသိအမှတ်ပြုခြင်းနှင့် ကောင်းမွန်သောသာမာန်အသိဥာဏ်တို့သည် ထိခိုက်မှုဖြစ်စေမည့်ပတ်ဝန်းကျင်တွင် အလုပ်လုပ်သောအခါ လိုအပ်သောအရာများဖြစ်ပါသည်။


ထိခိုက်မှုများ မဖြစ်ပွါးစေရန်အတွက်၊ အလုပ်တစ်ခုကို လုပ်ကိုင်ခြင်းမပြုမှီ ထိုအလုပ်တွင် ပါဝင်သောဘေးအန္တရာယ်များကို ခွဲခြမ်းစိတ်ဖြာသင့်ပါသည်။ 

အလုပ်လုပ်ကိုင်သူများသည် ဘေးကင်းလုံခြုံသောနည်းလမ်းများကို ပိုမိုသတိထားမိစေရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်များကို စဉ်းစားမိရန်၊ ပြောဆိုကြရန်စသည့် စိတ်ကူးများကို မြှင့်တင်လိုခြင်းဖြစ်ပါသည်။ သို့မှသာ ဘေးအန္တရာယ်ကို ထိန်းချုပ်ပြီး အလုပ်ကို ဘေးကင်းစွာပြီးမြောက်နိုင်မည်ဖြစ်ပါသည်။

No comments:

Post a Comment