အင်ဂျင် Cooling water system တွင် ပါဝင်သည့် Load-controlled cylinder cooling system ဖြစ်ပါသည်။ ယခင်ရေးသားထားသော Cooling water system နှင့် ဆက်၍ ဖတ်ရှုလေ့လာနိုင်ပါသည်။ )
အင်ဂျင်သည် Slow steaming ကဲ့သို့ Low Load ( ဝန်ပေါ့ ) ဖြစ်နေချိန်တွင် ဆလင်ဒါလိုင်နာ (Cylinder Liner ) ၏ မျက်နှာပြင်အပူချိန် ကျနေပါသည်။ အပူချိန်လျှော့ကျခြင်းကြောင့် နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် Cold corrosion ဖြစ်လာနိုင်ပါသည်။
Cold-corrosion ကို ကာကွယ်ရန်အတွက် Load ( ဝန် ) အလိုက်ထိန်းချုပ်ထားသော Cooling system ( အအေးခံစနစ်) ဖြစ်သော Load-controlled cylinder cooling ကို အင်ဂျင်ထုတ်လုပ်သူများမှ တီထွင်လာကြပါသည်။
ထိုစနစ်တွင် ရေအေးစီးကြောင်းကို နှစ်ခု ခွဲထားပါသည်။
a(1) Primary circuit – cylinder head ကို အအေးခံသည်။ Liner ကို အအေးမခံပါ။
b(2) Secondary circuit - အင်ဂျင်မှ ပြန်ထွက်လာသော ရေပူ ( Uncooled water ) ဖြင့် လိုင်နာဆီသို့ ပို့ပေးပြီး လိုင်နာကို အအေးခံသည်။ အပူချိန်မြင့်သောရေမှ ရေငွေ့ပျံခြင်း ( vapourization) ဖြစ်နိုင်သဖြင့် တားဆီးရန် ရေဖိအားကို ( 4- 6 bar ) ကို ထိန်းထားပါသည်။
MAN အင်ဂျင် S and G 80, 90 and 95-bore engines များတွင် တပ်ဆင်ထားသော Load-dependent cylinder liner ( LDCL ) jacket cooling water system ကို ရှင်းပြပါမည်။
အင်ဂျင်တွင် Cooling water pipe ၂ စုံကို တပ်ဆင်ထားပါသည်။ ပန့်အပို တစ်စုံနှင့် 3-way Control valve ကိုလည်း တပ်ဆင်ထားပါသည်။
ဆလင်ဒါ လိုင်နာ ( Cylinder liner ) တွင် ရေအပူချိန်ကို 130’C အထိ ထိန်းထားသည်။ Exhaust valve နှင့် Cylinder cover တွင် ရေအပူချိန်မှာ ( 80 ~ 90 ‘C ) တွင် ထားရှိသည်။
3-way control valve ဖြင့် ရေအပူချိန်ကို လိုအပ်သလို ထိန်းညှိပေးသည်။
ပုံတွင်ကြည့်ရှုနိုင်ပါသည်။
ထိုစနစ်၏ ကောင်းကျိုးမှာ
- Cylinder lubrication feed rate ကို လျှော့ချနိုင်သည်။
- Cylinder bore insulation ကို ထည့်ရန် မလိုပါ။
- Cylinder liner corrosion ကို လျှော့ချနိုင်သည်။
Cylinder Liner အတွင်း စီးသော Cooling water ပမာဏကို ထိန်းချုပ်သော အခြားနည်းစနစ် များလည်း ရှိသည်။ ထိုစနစ်သည် ပုံမှန်ရေလိုင်းတွင် Orifice တပ်ဆင်ခြင်း၊ Thermostatic valve တပ်ဆင်ခြင်း ဖြစ်သည်။
Cold corrosion ကို ကာကွယ်ရန်အတွက် တချို့သော MAN engine များတွင် Cylinder liner အတွင်း ပို့ပေးသောရေစီးကြောင်းကို By-pass valve တပ်ဆင်ထားသည်။ By-pass ratio ကို cooling water outlet line တွင် orifice တပ်ဆင်ထားပြီး ထိန်းချုပ်သည်။ ထိုအခါ Cylinder Liner အတွင်း ရေစီးကြောင်းသည် စီးနှုန်းနည်းပါးသောကြောင့် Cylinder Liner အပူချိန်ကို မြင့်စေသည်။
ထိုစနစ်ကို Jacket Cooling Water By-pass Basic (JBB) system ဟုခေါ်ပါသည်။
JBB system ကို ပိုမိုကောင်းမွန်အောင် Thermostatic valve တပ်ဆင်ထားသောစနစ်ကို Internal Jacket Cooling Water By-pass Controlled (JBC) system ဟုခေါ်ပါသည်။
Thermostatic valve ကို Cylinder Liner အဝင် Cooling water line တွင် တပ်ဆင်ထားသည်။ Thermostatic valve သည် Engine Load အပေါ်မူတည်ပြီး ရေစီးနှုန်းကို ထိန်းချုပ်ပေးသည်။ Engine Load မြင့်တက်သောအခါတွင် Valve ကို ဖွင့်ပေးပြီး၊ Load ကျဆင်းသောအခါတွင် Valve ကို ပိတ်ပေးသည်။
ထိုနည်းဖြင့် Cylinder Liner ရှိ အပူချိန်ကို ထိန်းထားခြင်းဖြင့် Cold corrosion ကို ကာကွယ်ပါသ
Jacket cooling line တွင် Bypass v/v တပ်ထားသည်။
Jacket cooling line တွင် Thermostatic expansion v/v တပ်ဆင်ထားပြီး Liner temp ကို ထိန်းထားသည်
လိုင်း ၂ လိုင်း တပ်ဆင်ပြီး 3-way v/v ဖြင့် Liner temp ကို ထိန်းပေးသည်။
Liner cooling water line တွင် Orifice တပ်ဆင်ပြီး temp ကို ထိန်းထားသည်
ည်။
Load-controlled cylinder cooling ၏ အဓိကရည်ရွယ်ချက်မှာ ဆလင်ဒါလိုင်နာတွင် Cold corrosion ကို လျှော့ကျစေရန်ဖြစ်ပါသည်။
Ref: Reed Series- Motor Engineering Knowledge(Vol 12 )
MAN B&W Service letter
လေးစားလျှက်
TWH
(Zawgyi)
သင်္ဘောပေါ်တွင် ရာထူးတိုးစေမည့် နည်းလမ်း (၉)သွယ်
သင်္ဘောပေါ်ရှိ အလုပ်မှာ ရာထူးတိုးဖို့ဆိုတာ အခြားအလုပ်တွေလိုပဲ ပင်ပန်းစွာ လုပ်ကိုင်နိုင်ဖို့၊ ဇွဲနဘဲ ရှိဖို့ လိုအပ်ပါတယ်။
“အောင်မြင်တဲ့လူတွေဟာ မအောင်မြင်တဲ့လူတွေ မလုပ်လိုတဲ့ အလုပ်တွေကို လုပ်လေ့ရှိတယ်.” ဆိုတဲ့ ရှေးစကားရှိပါတယ်။
ထိုစကားအတိုင်း အောင်မြင်ချင်တဲ့လူတွေဟာ ဇွဲနဘဲနဲ့ အလုပ်ကို နောင်တ မရစတမ်း…အားသွန်ခွန်စိုက်လုပ်လေ့ရှိပါတယ်..
အလုပ်အကိုင်အတက်အကျကို ဂရပ်ဆွဲကြည့်ရင် အောင်မြင်သူတွေဟာ အမြဲအတက်ပြနေသူတွေပါ။
အလုပ်အကိုင်နဲ့ ပတ်သက်လို့ “ကံတရား” ဟာ အရေးပါတဲ့ ကဏ္ဍမှာပါ။
တခါတလေ လူတိုင်းကြိုးစားကြပေမယ့် တချို့တလေသာ အပေါ်တက်လာနိုင်ကြတာပါ။
ယနေ့ခေတ်ဟာ အပြိုင်အဆိုင် ရုန်းကန်လုပ်ကိုင်ကြတဲ့ ခေတ်ပါ။ ကိုယ့်လုပ်ရည်ကိုင်ရည်ကို သတိထားမိတယ် ဆိုပြီး အကြီးအကဲက အရေးတယူပြောမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အလုပ်ကို ပိုင်နိုင်ကျွမ်းကျင်ရုံနဲ့ မလုံလောက်လို့ပါ။ အပြုသဘော အမြင်ရှိခြင်း၊ ပြဿနာကို တိုက်ရိုက် ချည်းကပ်နိုင်ခြင်း အစရှိတဲ့ အခြားဖြည့်စွက် အရည်အချင်းတွေလည်း လိုအပ်ပါတယ်။
ရေကြောင်းအလုပ်အကိုင်မှာ ရာထူးတိုးဖို့ဆိုတာ အခြားနယ်ပယ်တွေလိုပဲ ခက်ခဲပါတယ်။ ရေကြောင်းကျွမ်းကျင်သူတွေဟာ ရာထူးတိုးဖို့ ကြိုက်နှစ်သက်သလို သူတို့ရဲ့ကျွမ်းကျင်မှု ပိုမိုကောင်းမွန်လာခြင်းကိုလည်း နှစ်သက်ပါတယ်။
ရေကြောင်းလုပ်သားအများစုအတွက် ရာထူးတိုးခြင်းဟာ လခ တိုးခြင်း၊ အဆင့်တစ်ဆင့် တိုးသွားခြင်းကြောင့် ကျေနပ်မှုခံစားရခြင်းပါ။
အချို့လူတွေဟာ ချောချောမွေ့မွေ့ရာထူးတိုးကျပေမယ့် တချို့ကတော့ အဆင်မပြကြပါဘူး။
တခါတရံမှာ ရာထူးတိုးဖို့ မျှော်လင့်နေပေမယ့် မဖြစ်လာတဲ့အခါ ဒေါသထွက်မယ်၊ အလုပ်အကိုင်ကို ဆဲဆိုကြိမ်းမောင်းမိတတ်ပါတယ်။
မျှော်လင့်ချက်တွေ မပြည့်ဝတဲ့အခါ အချိန်တွေကုန်သွားတယ်၊ စိတ်ဓါတ်ကျတယ်…အစရှိတာတွေကို ခံစားရပါတယ်။ ဒါပေမယ့် သင့်တော်တဲ့နည်းလမ်း ၊ အလုပ်အကိုင်၊ ကြိုးစားမှုတွေနဲ့အတူ အားစိုက်ပြီး အခွင့်အလမ်းကောင်းကို စောင့်စားရမှာပါ။
အောက်ဖေါ်ပြပါ အချက်(၉)ချက်ကတော့ ရာထူးတိုးစေဖို့ လုပ်ဆောင်ချက်နည်းလမ်း တချို့ပါ..
(၁) အဖိုးတန်ပါစေ။ ။ မိမိအလုပ်မှာ မိမိဟာ အဖိုးတန်လူတစ်ယောက် ဖြစ်မယ်ဆိုရင် အောင်မြင်ဖို့ လမ်းစပေါ်နေပါပြီ။ တိုးတက်ဖို့ကြိုးစားနေသူတစ်ယောက် မဟုတ်ခဲ့ရင် ရာထူးတိုးဖို့ မဖြစ်နိုင်ပါဘူး။ အောင်မြင်မှုဆိုတာ ငွေလင်ဗန်းပေါ်တင်ပြီး မိမိကို အဆင်သင့်လာပေးတဲ့အရာ မဟုတ်ပါဘူး။
လက်ရှိအလုပ်ရဲ့တာဝန်ဝတ္တရားကို ကျေပွန်စွာ လုပ်ကိုင်နိုင်သူ၊ မငြီးမညူ တာဝန်ယူ လုပ်ကိုင်နိုင်သူတွေသာ ရာထူးတိုးတက်ပါလိမ့်မယ်။ မိမိလုပ်ကိုင်နေတဲ့အဆင့်ထက် တစ်ဆင့်မြင့်ရာထူးရှိ တာဝန်တွေကို ယူဖို့ကြိုးစားပါ။ ထိုသူတွေသာ ရာထူးတိုးဖို့ ထိုက်တန်သူတွေပါ။
(၂) အကောင်းဆုံးလုပ်ကိုင်ခြင်း။ ။ မိမိအလုပ်ကို ချစ်ခင်လေးစားပါ။ အလုပ်အပေါ် တက်ကြွပြီး၊ အကောင်းဆုံး လုပ်ကိုင်သူတွေဟာ အထက်ကို တက်ဖို့ အခွင့်အလမ်း ရှိပါတယ်။ အခွင့်အလမ်းအပေါ် တက်ကြွစွာ ကြိုးစားလုပ်ကိုင်ရင်း ရလဒ်ကောင်းတွေ ထွက်လာပါလိမ့်မယ်။
(၃) ရှေ့တန်းမှာ နေပါ။ ဦးဆောင်လုပ်ကိုင်ပါ။ ။ သင်္ဘောပေါ်မှ အလုပ်တွေကို မိမိကိုယ်တိုင် ဦးဆောင်၍ တက်ကြွစွာလုပ်ကိုင်ပါ။ သင့်ရဲ့အမြင်၊ အတွေ့အကြုံတွေကို အလုပ်တွေမှာ မျှဝေလုပ်ကိုင်ခြင်းဖြင့် ပိုမိုကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါလိမ့်မယ်။
မိမိအလုပ်တွေကိုလည်း တာဝန်ကျေမယ်။ ကိုယ့်အထက်အရာရှိရဲ့အလုပ်ကိုလည်း အမြဲသွားပြီး ကူညီပေးတတ်သူဟာ အချိန်ကျရင် ရာထူးတိုးဖို့ သေချာပြီးသားပါ။
(၄) ဦးဆောင်နိုင်မှုကို ပြသပါ။ ။ သင်္ဘောပေါ်မှ အမြင့်ပိုင်းရာထူးတွေအတွက် ဦးဆောင်မှုအရည်အချင်းဟာ မရှိမဖြစ်ပါ။ မိမိရဲ့အားကောင်းချက်ကို ထင်ရှားသိသာပါစေ။ ပညာရှင်ဆန်တဲ့ဦးဆောင်မှုအရည်အသွေးတွေနဲ့ အလုပ်တွေကို ဦးဆောင်ပြပါ။
အလုပ်မှာ ပရော်ဖက်ရှင်နယ်တစ်ယောက်လို ကျွမ်းကျင်မှုဟာ အောင်မြင်မှုအတွက် မရှိမဖြစ်ပါ။ ကပ္ပတိန်ရာထူးကို တိုးဖို့ကြိုးစားနေတဲ့ C/O ဟာ သင်္ဘောသားတွေကို ဦးဆောင်ရမယ်၊ အားပေးလှုံ့ဆော်နိုင်ရမယ်ဆိုတဲ့ အရည်အသွေးတွေပြဖို့လိုအပ်ပါတယ်။
အဖွဲ့တစ်ခုရဲ့အသင်းခေါင်းဆောင်ဆိုတာ တန်းတူအခြားလူတွေကို လေးစားဖို့လိုအပ်သလို၊ လက်အောက်ငယ်သားတွေကို ဦးဆောင်မှုပေးနိုင်ပြီး၊ အကြံဥာဏ်သစ်တွေနဲ့ အလုပ်ကို ကိုင်တွယ်လုပ်ကိုင်ရမှာပါ။
အားလုံးနဲ့တသားတည်းပေါင်းစည်းပြီး တာဝန်ယူနိုင်တဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့လည်း လိုအပ်ပါတယ်။
(၅) ကောင်းမွန်သောဆက်ဆံရေးအရည်အသွေး။ ။ ကိုယ့်ရဲ့မိတ်ဆွေ၊ လုပ်ဖေါ်ကိုင်ဖက်နဲ့ အထက်လူကြီးတွေအကြား ကောင်းမွန်စွာ ဆက်ဆံတတ်ဖို့ အရည်အသွေးလည်း ရှိဖို့ လိုအပ်ပါတယ်။
ရာထူးတိုးပေးဖို့ စဉ်းစားတဲ့အခါ ကိုယ့်ရဲ့ပုံရိပ်ဟာ အရေးကြီးတဲ့ကဏ္ဍမှာပါဝင်တယ်။ အမြဲတမ်း “ဟုတ်ကဲ့၊ ဆရာ” ဆိုပြီး သံယောင်လိုက်နေတဲ့ ဆက်ဆံပုံကို ပြောတာတော့ မဟုတ်ပါဘူး။
ဘေးကင်းလုံခြုံရေးဆွေးနွေးပွဲတွေမှာ မိမိရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေကို ထုတ်ပြောပါ။ ပြသပါ။ တဖြည်းဖြည်းနဲ့ အခြားသူတွေဟာ မိမိရဲ့အတွေးအခေါ်နဲ့ ဆက်ဆံရေးတွေကို အသိအမှတ်ပြုလာပါလိမ့်မယ်။
မိမိရဲ့ဆက်ဆံရေးကောင်းမွန်မှုကြောင့် အလုပ်မှာ ပြောဆိုအဆင်ပြေခြင်းဟာ မိမိရဲ့ကိုယ်ပိုင်အရည်အသွေးပါ။
သင်္ဘောပေါ်မှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းစေမည့်နည်းလမ်းတွေကို ရှာဖွေဆည်းပူးပါ။
(၆) နေ့တိုင်းအရည်အသွေးအသစ်တွေ ဆည်းပူးပါ။ ။
နေ့တိုင်း အသစ်တွေကို လေ့လာပါ။
ဘဝဟာ ကျနော်တို့ကို အသစ် အသစ်သောအတွေ့အကြုံတွေကို သင်ပေးပါတယ်။ တချို့အတွေ့အကြုံတွေဟာ အရင်အချိန်က ဘယ်လိုမှ မှန်းဆလို့တောင် မရခဲ့ဘူး။
အရည်အချင်းအသစ်တွေကို လေ့လာရင်း ကိုယ့်ရဲ့အတွေ့အကြုံ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ရမယ်။ မှန်ကန်တဲ့ သဘောထားရပ်တည်ချက်ရဖို့အတွက်လည်း အဖက်ဖက်က ရှုမြင်တတ်ဖို့ လေ့လာသင့်ပါတယ်။
အခုလက်ရှိအချိန်မှာ ဂျူနီယာအရာရှိတစ်ယောက် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ကိုယ့်အထက်ရာထူးကို တိုးတက်ဖို့ တာဝန်တွေကို ယူဖို့ ပြင်ဆင်နေသူဟာ ရာထူးတိုးဖို့ ဧကန်မုချပါပဲ။
(၇) အဆင်ပြေခဲ့တဲ့အတိတ်ကိုပဲ အာရုံစူးစိုက်ပါ။
ကျွမ်းကျင်သူတွေက ဒီလိုပြောကြပါတယ်။
ကိုယ့်အထက်အရာရှိက ရာထူးတိုးဖို့အတွက် အတိတ်စွမ်းဆောင်မှုတွေကိုပြန်ကြည့်ချိန်မှာ ကိုယ့်ရဲ့အတိတ်အောင်မြင်မှုတွေကို သူတို့သတိရတတ်ပါတယ်။
သင်္ဘောပေါ်က စီနီယာအရာရှိတွေကို မိမိဂုဏ်ယူ အောင်မြင်ခဲ့တဲ့အောင်မြင်မှုတွေကို ပြောပြပေးပါ။
(၈) ကိုယ်တိုင် စတင်လုပ်ကိုင်သူဖြစ်ပါစေ။
သင်္ဘောပေါ်မှာ တွေ့ကြုံရတဲ့စိန်ခေါ်မှုတွေကို လက်ခံလိုက်ပါ။ ထိရောက်အောင်မြင်တဲ့ ရလဒ်တွေ ထွက်ပေါ်အောင် လုပ်ကိုင်လိုက်ပါ။ ဘယ်သူမဆို မျှော်လင့်ထားတာထက် ပိုအောင်မြင်အောင် စွမ်းဆောင်ကြည့်ပါ။
အဖွဲ့အစည်းတစ်ခုအတွင်း နေထိုင်ရင်း အောင်မြင်သူတစ်ဦးဖြစ်ဖို့အတွက် မှန်ကန်တဲ့ စတင်ဦးဆောင်မှု၊ မှန်ကန်တဲ့ သဘောထား၊ အလုပ်ကို စိတ်ပါလက်ပါ လုပ်ကိုင်ဖို့လိုအပ်ပါတယ်။
(၉) စမ်းသပ်နည်းလမ်းများ။
ကုမ္ပဏီကောင်းတွေဟာ မိမိတို့ရဲ့ကောင်းမွန်တဲ့ ဝန်ထမ်းတွေကို ရာထူးတိုးဆုချီးမြှင့်လေ့ရှိပါတယ်။ သို့ပေမယ့် အရမ်းကို နှေးကွေးလွန်းပါတယ်။
သင်္ဘောသားတွေလည်း ရာထူးတိုးဖို့ သင်္ဘောကုမ္ပဏီတစ်ခုမှ တစ်ခု ပြောင်းကြတာ အဆန်းတော့ မဟုတ်ပါဘူး။
တခါတလေမှာတော့ မြန်ချင်လို့ မြန်မြန်ပြောင်း မြန်မြန်တက် လုပ်ကိုင်နည်းဟာ တစ်နေ့တလံ ပုဂံ ဘယ်ရွေ့မလဲ ဆိုသည့် တရွေ့ရွေ့နည်းလမ်းကို လိုက်မမှီတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ရာထူးတိုးဖို့အတွက် တစ်နေရာထဲ နေမလား။ ကုမ္ပဏီတွေပြောင်းနေမလားဆိုတဲ့ မေးခွန်းကိုတော့ မိမိကိုယ်တိုင်ရဲ့ သဘောအတိုင်းပါပဲ။
အပေါ်မှာဖေါ်ပြခဲ့တဲ့ နည်း(၉)နည်းအပြင် အခြားနည်းလမ်းတွေလည်း ရှိပါလိမ့်မယ်။ လောလာဆယ် မသိသေးသူတွေအတွက် နည်းလမ်း(၉)ခုအတိုင်း အရင်ဆုံး လုပ်ကြည့်လိုက်ပါဦး။
( 9 successful techniques to get promoted on ships ကို ဆီလျှော်သလို ပြန်ဆိုပါသည်။ TWH )