Saturday, October 24, 2015
Piston ring
ပစ်စတင်ကွင်း ( Piston ring )
       အင်ဂျင်တစ်လုံး၏ ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွင် Cylinder တစ်လုံးစီရှိ ပစ်စတင် ( piston ) ဖြုတ်ထုတ်ခြင်း၊ ကာဗွန်ဂျိုးများ ဖယ်ရှားသန့်ရှင်းခြင်း ( Decarbonization )၊ ကြားလွတ်တန်ဖိုးများ တိုင်းတာခြင်း ( Clearance measurement ) ၊ တိုက်စားခြင်း၊ ပွန်းစားခြင်း ( Wear & tear ) ကို စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိပါသည်။ လိုအပ်လျှင် အပိုပစ္စည်း အသစ်လဲလှယ်ခြင်း ( Renew spares ) ကို လုပ်ကိုင်လေ့ရှိပါသည်။ အချိန်ကိုက်ပြုပြင်ထိန်းသိမ်းရေးအစီအစဉ် ( Planned maintenance schedule ) တွင် ထိုလုပ်ငန်းများအတွက် အစီအစဉ်ဆွဲထားလေ့ရှိပါသည်။
       ပစ်စတင်တစ်လုံး၏ ထိန်းသိမ်းရေးလုပ်ငန်းတွင် ပစ်စတင်ကွင်းများ ( piston rings ) အစားထိုးလဲလှယ်ခြင်း ပါဝင်သည်။
ပစ်စတင်ကွင်း၏တာဝန်များ ( Functions of piston rings )
-       မီးလောင်ခန်းအတွင်းမှ မီးခိုးများနှင့် အစအနများ ပစ်စတင်ကို ဖြတ်ပြီး အပြင်သို့ ထွက်မသွားစေရန် ဆောင်ရွက်သည်။
-       ချောဆီကို ထိန်းသိမ်းပေးသည်။
-       ပစ်စတင်ရှိအပူကို လိုင်နာသို့ ပို့ဆောင်သည်။
ပစ်စတင်ကွင်း အမျိုးအစား ( Types of piston rings )
-       Compression ring - ဖိအားကွင်း ( Compression ring - ဖိနှိပ်ထားသောဓါတ်ငွေ့များကို မထွက်အောင် တားဆီးသည်။ )
-       Scraper or Oil Control ring - ဆီချစ်ကွင်း ( Scraper or Oil Control ring- ဆလင်ဒါလိုင်နာတွင် ချောဆီပြန့်သွားအောင် ဆောင်ရွက်ပေးသည်။ ချောဆီများ မီးလောင်ခန်းပေါ်သို့ မတက်စေရန် တားဆီးသည်။ ဆီချစ်ကွင်းများကို အများအားဖြင့် လေးလုံးထိုးပစ်စတင်များ ( Trunk piston ) တွင် တပ်ဆင်ကြသည်။
ပစ်စတင်ကွင်းကြားလွတ်တန်ဖိုးများ ( Piston Ring Clearances )
      ပစ်စတင်ကွင်းများကို ပစ်စတင်ကွင်းချိုင့် ( Piston ring groove ) ထဲတွင် တပ်ဆင်ထားသည်။ သင့်တော်သောကြားလွတ်တန်ဖိုးကို ထားရှိရန်လိုအပ်သည်။
      ကြားလွတ်တန်ဖိုး ( Clearance ) တစ်မျိုးစီသည် မတူညီသောတာဝန်များကို ဆောင်ရွက်သည်။
Groove clearance – clearance between piston ring groove and piston ring
ပစ်စတင်ကွင်းကို တပ်ဆင်ပြီးနောက် Feeler gauge ဖြင့် တိုင်းတာမှတ်သားနိုင်သည်။
ပစ်စတင်ကွင်း၏အနောက်တွင် ဖိအားသက်ရောက်မှုရှိစေရန်အတွက် ထိုကြားလွတ်တန်ဖိုးရှိရမည်။
ပစ်စတင်ကွင်းချိုင့်အတွင်းသို့ ချောဆီစီးဆင်းစေရန် Groove clearance ရှိရမည်။
Groove clearance – too small
တန်ဖိုးနည်းလျှင် ပစ်စတင်ကွင်းသည် ချိုင့်ထဲတွင် ကပ်နေမည်။
Gas များကို လုံအောင် မထိန်းနိုင်တော့ပါ ( Poor sealing )
Gas များ အောက်သို့ ယိုစိမ့်နိုင်သည်။ ချောဆီများကို လောင်ကျွမ်းပြီး၊ ပစ်စတင်ကွင်းနှင့် လိုင်နာကို ပွန်းစားခြင်း ဖြစ်ပေါ်စေနိုင်သည်။
Groove clearance – too large
တန်ဖိုးများလျှင် ပစ်စတင်ကွင်းသည် လှုပ်ရမ်း၍ တိုက်စားပြီး၊ ကွင်းများ ကျိုးနိုင်သည်။ ပစ်စတင်ကွင်းချိုင့်ကို တိုက်စားပြီး ကျယ်လာနိုင်သည်။
Back clearance – Clearance in the back side of piston ring
-       တိုင်းတာ၍ မရနိုင်ပါ။
-       Allow pressure to build up behind ring.
-       ပစ်စတင်ကွင်းနောက်ဖက်ရှိ ထိုကြားလွတ်တန်ဖိုးတွင် ဓါတ်ငွေ့ဖိအား သက်ရောက်နေနိုင်သည်။
Butt clearance – Clearance between the tips of piston ring
-       ပစ်စတင်ကွင်းကို ဆလင်ဒါလိုင်နာ ( Cylinder liner ) အတွင်း ထည့်ပြီးနောက် ထိုကြားလွတ်တန်ဖိုးကို တိုင်းတာနိုင်သည်။
-       ပစ်စတင်ကွင်းသည် သတ္တုဖြစ်သောကြောင့် ပူလာသောအခါတွင် ပြန့်ကားပြီး ရှည်ထွက်လာပါသည်။
-       ထိုကြားလွတ်တန်ဖိုး ( Gap clearance ) ရှိခြင်းကြောင့် ပစ်စတင်ကွင်း ပြန့်ကားရှည်ထွက်မှု ( heat expansion ) ကို အဆင်ပြေစေပါသည်။
Butt clearance – too small
ထိုကြားလွတ်တန်ဖိုးမှာ နည်းလျှင် ပစ်စတင်ကွင်း ရှည်ထွက်လာသောအခါတွင် ထိပ်များ ထိမိလိမ့်မည်။
ထိုအခါ လိုင်နာအပေါ်သို့ ဘေးတိုက်ဖိအား ( Radial pressure ) သက်ရောက်ပြီး ချောဆီလွှာ ( Oil film ) ပျက်စီးလိမ့်မည်။
ပစ်စတင်ကွင်း တိုက်စားခြင်း ( scuffing wear ) ကို ဖြစ်ပေါ်စေနိုင်ပြီး၊ ပစ်စတင်ကွင်းကပ်ခြင်း ( Ring seizure ) ဖြစ်စေနိုင်သည်။
Butt clearance – too large
မီးလောင်ဓါတ်ငွေ့များ အလွန်အမင်းယိုစိမ့် ( Excessive gas leakage ) နိုင်သည်။
ပစ်စတင်ကွင်းကို ထိန်းသိမ်းခြင်းနှင့် ပြဿနာများ
Piston ring maintenance and problems
-       ပစ်စတင်ကွင်းချိုင့် ( Piston ring groove ) အတွင်း ပစ်စတင်ကွင်းကပ်ခြင်း ( Ring sticking ) သည် ပြဿနာတစ်ခု ဖြစ်သည်။
-       နှစ်လုံးထိုးအင်ဂျင် ( Two stroke engine ) တွင် ပစ်စတင်ကွင်း၏ အခြေအနေကို လေဝင်ပေါက် ( Scavenge port  ) မှတဆင့် ကြည့်ရှု စစ်ဆေးနိုင်သည်။ ချွန်ထားသောသစ်သားဖြင့် ပစ်စတင်ကွင်းကို ထိုးကြည့်ပြီး ပစ်စတင်ကွင်း၏တင်းအား ( Ring stiffness ) ကို စမ်းကြည့်နိုင်သည်။
-          တင်းအား မရှိတော့လျှင် ပစ်စတင်ကွင်း ကျိုးနေပြီ ဖြစ်သည်။
-       ပစ်စတင်ကွင်းရှိ မျက်နှာပြင် အခြေအနေကို စစ်ဆေးနိုင်သည်။
-    မျက်နှာပြင်သည် အမဲရောင်ဖြစ်နေလျှင် မီးလောင်ဓါတ်ငွေ့များ စိမ့်ထွက်ကြောင်း သိနိုင်သည်။
-     ပစ်စတင်အောက်ခြေနေရာ ( Under piston space ) တွင် သတ္တုစများ၊ သံစများ ရှိ မရှိ   စစ်ဆေးရမည်။
-       Piston overhaul လုပ်ချိန်တွင် Ring grooves များကို ကောင်းမွန်စွာ သန့်ရှင်းရေးလုပ်ပါ။
-       Gap clearance ကို တိုင်းတာပါ။
-       Piston ring ကို Liner အတွင်းထည့်ပြီး Ring gap ကို တိုင်းတာနိုင်ပါသည်။
-       Piston ring ကို Piston တွင် တပ်ဆင်သောအခါတွင် 180’ စီ လွှဲ၍ တပ်ဆင်သင့်သည်။
-       Piston ring အများစုတွင် အထက်၊ အောက် မမှားစေရန် အမှတ်အသား “Top”-marked ပါရှိသည်။
-       “Top”-marked မပါရှိလျှင် Ring gap ကို ဘယ်လှည့်၊ ညာလှည့် တစ်ဖက်စီလှည့်၍ တပ်ဆင်သင့်သည်။ ( ပုံပါအတိုင်း )
-       ပစ်စတင်ကို လိုင်နာအတွင်းသို့ သွင်းသောအခါတွင် ပစ်စတင်ကွင်းများကို ချောဆီ စိုစွတ်စွာ သုတ်ပါ။
-       Engine manufacturer ပေးလိုက်သော Guide ring ကို လိုင်နာထိပ်တွင် တပ်ပါ။ ပြီးလျှင် ပစ်စတင်ကို မပြီး ဖြေးညှင်းစွာထည့်ပါ။
-       ပစ်စတင်ကွင်းတစ်ခုပြီး တစ်ခု လိုင်နာအတွင်းဝင်သွားသည်ကို သေချာစွာ ကြည့်ပါ။ သေချာပါစေ။
ပစ်စတင်ကွင်း ကျိုးနိုင်စေနိုင်သည့်အခြေအနေများ
-       လေဝင်ပေါက်စွန်း ( scavenge port edges ) များနှင့် တိုက်မိခြင်း၊
-       ပစ်စတင်ကွင်းနှင့် ချိုင့်ကြားတန်ဖိုး ( Groove clearance ) များလျှင် ပစ်စတင်ကွင်းလှုပ်ရမ်း တိုက်မိပြီး ကျိုးပဲ့နိုင်သည်။
-       ညံ့သောလောင်စာဆီကြောင့် မီးလောင်ခန်းအတွင်း ဖိအားမြင့်လျှင်လည်း ပစ်စတင်ကွင်း ကျိုးနိုင်သည်။
-       Ring groove များအတွင်း ကာဗွန်ချိုးများ ကပ်နေခြင်းသည် ကွင်းများကို ကျိုးပဲ့စေနိုင်သည်။
-       Ring groove များအတွင်း ကွင်းများ ကပ်နေခြင်းသည် ကွင်းများကို ကျိုးစေနိုင်သည်။
-       ပစ်စတင်ကွင်းများတွင် အနားစောင်းများ ထက်နေခြင်းသည် ကွင်းများကိုကျိုးစေနိုင်သည်။
-       ဆလင်ဒါလိုင်နာ အလွန်အမင်းပွန်းစားခြင်း ( Cloverleafing ) သည် ပစ်စတင်ကွင်းများကို ကျိုးစေနိုင်သည်။
အကျိုးဆက်များ
-       ပစ်စတင်ကွင်းများ ကျိုးခြင်းမှတဆင့် မီးလောင်ဓါတ်ငွေ့စိမ့်ထွက်ခြင်း ( Blowby ) ဖြစ်နိုင်ပြီး၊ ထိုမှတဆင့် Scavenge fire သို့ ဦးတည်သွားနိုင်သည်။
-       ဓါတ်ငွေ့စိမ့်ထွက်ခြင်း ( Blowby ) သည် ချောဆီအလွှာ ( Oil film ) ကို ပျက်စီးစေပါသည်။ ထို့ကြောင့် ပွန်းစားနှုန်း ( Wear rate ) ကို ပိုမိုမြန်ဆန်စေပါသည်။
-       တနေရာတည်းကွက်၍အပူမြင့်ခြင်း ( Localized overheating ) သည် ဆလင်ဒါလိုင်နာကွဲအက်ခြင်း ( Cracked liner ) ကို ဖြစ်ပေါ်စေပါသည်။
အထက်ပါ စာပိုဒ်များကို ဖတ်ပြီး အောက်ပါအကြောင်းအရာများကို နားလည်နိုင်ပါလိမ့်မယ်
-       Piston ring ၏အလုပ်လုပ်ပုံ
-       Piston ring clearance အမျိုးမျိုးနှင့် အကျိုးသက်ရောက်မှုများ
-       Maintenance လုပ်ရာတွင် ဆောင်ရွက်ရမည့်အချက်များ
-       Piston ring မကောင်းလျှင် ဖြစ်နိုင်သောအကျိုးဆက်များ
လိုအပ်သည်များကို ဆက်လက်ဖြည့်စွက်ပေးနိုင်ပါတယ်။
လွတ်လပ်စွာ မျှဝေနိုင်ပါတယ်..
လေးစားလျှက်
TWH
( Zawgyi )
  1. Groove clearance – clearance between piston ring groove and piston ring
-       တိုင်းတာ၍ မရနိုင်ပါ။