ဆိုင်ဖွန် ( Siphon ) ဆိုတာ “U” ပုံစံပိုက်ချောင်းကို ပြောင်းပြန်လှန်ထားတာကို
ခေါ်တာပါ။ ထို ဆိုင်ဖွန်ပိုက်ကို တပ်ထားခြင်းဖြင့် အပေါ်တိုင်ကီထဲမှ အရည်တစ်ခုကို အောက်တိုင်ကီသို့
ပန့်မသုံးဘဲ စီးဆင်းစေပါတယ်။
အရည်ထုကို အမြင့်ပိုင်းနေရာမှ ဆွဲစုပ်ယူပြီး
အနိမ့်ပိုင်းနေရာကို စီးဆင်းစေခြင်းကို ဆိုင်ဖွန်စီးဆင်းခြင်း ( Siphoning ) လို့ ခေါ်ပါတယ်။
အရည်စီးဆင်းမှု ရပ်တန့်သွားပါလိမ့်မယ်။
ဆိုင်ဖွန်အကွေးတွင် အပေါက်ဖေါက်ခြင်း (သို့) Anti-siphon
valve တပ်ဆင်ခြင်း
“U” ပုံစံ ပိုက်အကွေး ထိပ်မှာ အပေါက်ဖေါက်လျှင်
သို့မဟုတ် Anti-siphon valve တပ်လျှင် ထိုပိုက်အတွင်း ဆိုင်ဖွန်သဘောတရားဖြစ်သော အမြင့်ပိုင်းမှ
အနိမ့်ပိုင်းသို့ အရည် မစီးဆင်းနိုင်တော့ပါ။ ပိုက်အတွင်း အပေါက်မှ လေဝင်လာသောအခါတွင်
ပိုက်နှစ်ဖက်အတွင်းရှိ အရည်များသည် အောက်သို့ ပြန်ဆင်းသွားပါသည်။
ထို့ကြောင့် ဆိုင်ဖွန်စီးဆင်းခြင်း မဖြစ်စေရန်အတွက်
ထိုကဲ့သို့ စီစဉ်ထားခြင်း ဖြစ်ပါသည်။ ရေမျက်နှာပြင်အကျော်တွင် အပေါက်တပ်ပိုက်ကွေး
( Vent loop ) ကို တပ်ဆင်ထားပါသည်။
OWS system and Sewage system တို့၏ ပိုက်များသည် ရေမျက်နှာပြင်အောက်တွင်
ရောက်နေပါသည်။ အကယ်၍ တစုံတစ်ခုသော အကြောင်းကြောင့် Valve မလုံလျှင် ဆိုင်ဖွန်စီးဆင်းခြင်း
ဖြစ်ပေါပြီး ပင်လယ်ရေသည် OWS system, bilge tank နှင့် Sewage system- holding
tank အတွင်းသို့ ပြန်လည် စီးဝင်လာနိုင်ပါသည်။
ထို့ကြောင့် ဆိုင်ဖွန်စီးဆင်းခြင်းကို မဖြစ်စေရန်
ဆိုင်ဖွန်ပိုက်ကွေးနှင့် Anti-siphoning valve ကို OWS system and Sewage system များတွင်
တပ်ဆင်ထားပါသည်။
Anti-siphoning valve ဆိုသည်မှာ No-return
flap valve တစ်ခုဖြစ်ပြီး၊ ရေစီးရာလမ်းကြောင်း ( Direction ) ကို အပြင်မှ ဆိုင်ဖွန်ပိုက်ကွေးအတွင်းသို့
ပုံစံ တပ်ထားသော သာမာန်ဗါးတစ်လုံးပင် ဖြစ်ပါသည်။ ဓါတ်ပုံရှာတွေ့လျှင် ပြန်တင်ပေးပါမယ်။
Note: : တောရွာများတွင် ရေပန့်မသုံးဘဲ ရေတွင်းမှ ရေငန်ရန်အတွက်
ဆိုင်ဖွန်သဘောတရားကို အသုံးပြုထားသော ရေတင်ပုံးများ ပြုလုပ်ကြပါသည်။
ထို Anti-siphoning valve နဲ့ ပတ်သက်ပြီး
ကျနော်တို့ သင်္ဘော Southampton, UK တွင် PSC အဖမ်းခံရဖူးပါသည်။ ထိုရက်မတိုင်မှီ
Class survey, annual ဝင်ပြီးပါပြီ။ သို့သော် PSC inspector ၂ ယောက်မှ ထိုဗါးကို ကျနော်တို့က
အင်ဂျင်ခန်းအတွင်းမှ ရေဆိုးများကို အပြင်သို့ ထုတ်ရန် တပ်ဆင်ထားသည်ဟု ထင်ပါသည်။ သူတို့၏
အတွေ့အကြုံ မရှိမှုကြောင့် မှားယွင်းခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်နေ့တွင်
Surveyor ထပ်လာရှင်းပေးသောအခါတွင် အဆင်ပြေသွားခဲ့ဖူးပါသည်။
သူတို့ကို ထိုသို့ ပုံဆွဲရှင်းပြခြင်း ၊
Web site အကိုးအကားဖြင့် ရှင်းနိုင်လျှင် သူတို့နားလည်နိုင်သော်လည်း ကျနော်တို့ မရှင်းပြနိုင်ခဲ့ပါ။
လေးစားလျှက်
No comments:
Post a Comment