Saturday, October 24, 2015

Rotocap ဆိုတာ ဘယ်လိုအလုပ်လုပ်သလဲ… ကောင်း၊ မကောင်း ဘယ်လို စစ်ဆေးမလဲ…



Rotocap ဆိုတာ ဘယ်လိုအလုပ်လုပ်သလဲ… ကောင်း၊ မကောင်း ဘယ်လို စစ်ဆေးမလဲ…

        Rotocap ဆိုတာ အင်ဂျင်မောင်းနှင်နေစဉ် Suction valve နှင့် Exhaust valve များ လည်ပါတ်စေရန် ပြုလုပ်ထားသော အစိတ်အပိုင်း တစ်ခုဖြစ်ပြီး Valve rotator ဟုလည်း ခေါ်ပါသည်။

        အင်ဂျင်မောင်းနှင်ချိန်တွင် ဗါးများ အဖွင့်အပိတ်ပြုလုပ်ကြပါသည်။ အင်ဂျင်၏ ဆလင်ဒါအတွင်းမှ လောင်ကျွမ်းပြီးသော မီးခိုးများနှင့် မလောင်ကျွမ်းနိုင်သော ကာဗွန်အပိုင်းအစများသည် Exhaust valve ကို ဖြတ်၍ ပြင်ပလေထုသို့ ထွက်သွားပါသည်။

       တခါတရံတွင် ကာဗွန်အစအနများသည် Valve (သို့) Valve seat တွင် ကပ်နေတတ်ပါသည်။ ထိုအခါတွင် ဗါး မလုံတော့ပါ။
 
          ထိုအခါ ဖိအား ( Compression pressure ) နည်းသွားသကဲ့သို့ ( Combustion pressure ) မီးလောင်ဖိအားကိုလည်း ကျဆင်းစေပါသည်။ အင်ဂျင်၏စွမ်းရည် ( Engine Performance  ) ကို ကျဆင်းစေပါသည်။

         ထို့ကြောင့် Rotocap (or) Valve rotator များ တပ်ဆင်ပြီး Valve ကို လှည့်ပေးပါသည်။

ထို့ကြောင့်                                                            

၁။ ဗါး၏ အပူချိန်သည် ဗါးလည်ခြင်းကြောင့် မျှတစေပါသည်။ ထို့ကြောင့် တစ်နေရာထဲတွင် အပူလွန်ကဲပြီး ဗါးကောက်ခြင်း၊ လောင်ခြင်းကို မဖြစ်ပေါ်စေပါ။

၂။ ဗါးနှင့် ဗါးအထိုင် ( Valve and valve seat ) အကြားတွင် ကာဗွန်အပိုင်းအစများ မကပ်သောကြောင့် ဗါးမှ အိတ်ဇောငွေ့များ မယိုစိမ့်စေပါ။ အင်ဂျင်၏လောင်ကျွမ်းခြင်းကို မထိခိုက်စေပါ။

အလုပ်လုပ်ပုံ

     Rotocap တစ်ခုတွင် Body, Belleville spring, spring shoe, circlip, Coil spring, Ball  တို့ ပါဝင်သည်။

       Body အတွင်း အစောင်းဖေါက်ထားသော မြောင်းများ ရှိပြီး၊ ထိုအထဲတွင် Ball ကို Coil spring နှင့် ထောက်ထားသည်။

      အောက်မှ Belleville spring ( ဝါရှာစပရင်ပြား ) ကို ခံထားသည်။ အောက်တွင် Spring shoe ကို ပုံပါအတိုင်း တပ်ထားသည်။ ထို့နောက် Circlip ဖြင့် ဖမ်းထားသည်။

      Valve close အခြေအနေတွင် Belleville spring သည် Body နှင့် Spring shoe ကြား ထောက်၍ ဖမ်းထားသည်။ ထို့ကြောင့် Coil spring နှင့် Ball များသည် အောက်ပါပုံအတိုင်း ဖမ်းမိနေသဖြင့် မရွေ့လျားပါ။
      
    ( Body နှင့် Belleville spring အပြားကြားတွင် ကြားလွတ်တန်ဖိုး A ရှိနေသည်။ )

  Valve Open အခြေအနေတွင် Valve spring များ၏ ဖိအားကြောင့် Belleville spring သည် ပြားလာပြီး Ball ကို ဖိသည်။ ထိုအခါ Coil spring နှင့် ထောက်ထားသော Ball သည် ပုံပါအတိုင်း ရွေ့လျားသည်။ ( Arrow direction ကိုကြည့်ပါ။ )

      ထိုအခါ Coil spring နှင့် Ball တို့သည် အောက်ပုံအတိုင်း အတွင်းသို့ နေရာရွေ့သွားသည်။ Valve spring ၏ ဖိအားကြောင့် Belleville spring လုံးဝပြားသွားသောအခါတွင် Body ( Valve cover ) ကို မဖမ်းထားတော့ပါ။ ကြားလွတ်တန်ဖိုး A ရှိကြောင်း ပုံတွင်ကြည့်ပါ။

        ထို့ကြောင့် Body လွတ်လပ်စွာ လှုပ်ရှားနိုင်သောအခြေအနေ ဖြစ်သွားသည်။ ထိုအခြေအနေတွင် ဖိအားသက်ရောက်နေသော Coil spring ၏ တွန်းအားကြောင့် Ball သည် မူလရာသို့ ပြန်ရောက်သွားသည်။ ထိုတွန်းအားကြောင့် Body ( Valve cover ) လည်သွားသည်။

        ထိုအခါ Cotter ( Collet ) နှင့် ဆက်ထားသော Valve လည်သွားသည်။

      သတိပြုရန်အချက်များ

      အင်ဂျင်မောင်းနေစဉ်တွင် cylinder head cover ဖွင့်၍ Valve rotator ( Rotocap ) ပုံမှန် အလုပ်လုပ်ခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်သည်။

      လိုအပ်လျှင် Body ( Valve cover ) ရှိ အပေါက်များသို့ ဆီဖြန်းပေးပါ။

      အင်ဂျင် အိုဗါဟော လုပ်လျှင် Rotocap ( Valve rotator ) များကို တခုချင်း ဖွင့်၍ စစ်ဆေးပါ။

ဘောများစား၍ မညီမညာဖြစ်လျှင် လဲပါ။

စပရင် မကောင်းလျှင် လဲပါ။

Belleville spring ရှိ Ball နှင့် ထိစပ်လျှက်ရှိသောအပိုင်းတွင် ပွန်းစားခြင်း ရှိလျှင် Belleville spring ကို လဲပေးပါ။

အင်ဂျင်ဆလင်ဒါဟက်ကို အိုဗါဟောလုပ်ပြီးလျှင် ဗါးများကို နေရာတကျပြန်တပ်ပါ။ ထိုနောက် Rotocap ပုံမှန်အလုပ်လုပ်ခြင်း ရှိ၊ မရှိ စမ်းသပ်သင့်သည်။ စမ်း




သပ်သောနည်းလမ်းမှာ ဆလင်ဒါဟက်ကို ဘေးတိုက်လုပ်လိုက်ပါ။ ဗါးနှင့် ဗါးအထိုင် ( Valve and valve seat ) ကို ဖြတ်၍ Marker pen နဲ့ မျဉ်းပြတ်တစ်ကြောင်း ဆွဲပါ။ ထို့နောက် Rotocap တပ်ထားသောဘက်မှ Valve ကို Rubber hummer နှင့်ထုပါ။ ဗါးသည် တဖြည်းဖြည်းလည်ပါမည်။ ဗါးနှင့် ဗါးအထိုင်ရှိ မျဉ်းသည် တဖြည်းဖြည်း လွဲသွားလိမ့်မည်။

လေးစားလျှက်
TWH
youtube
https://www.youtube.com/watch?v=sldUAvSLy4I

No comments:

Post a Comment