Saturday, October 18, 2014

အင်ဂျင်အဆင်သင့် ( St-by ) အနေအထားတွင် မီးစက် Black-out ဖြစ်ခြင်း



Mitsui O.S.K Lines မှ ပြုစုထားသော Engine department နှင့်ဆိုင်သည့် Reports များကို ဘာသာပြန်ဆိုပေးပါမည်။ Engineer များ ဘေးအန္တရာယ်ကင်းဝေးစွာ အလုပ်လုပ်နိုင်စေရန်ဖြစ်ပါသည်။ လူသစ်များအနေနှင့် မိမိလုပ်ကိုင်မည့်အလုပ်အတွက် ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပါသည်။

File No. 2-001

        အင်ဂျင်အဆင်သင့် ( St-by ) အနေအထားတွင် မီးစက် Black-out ဖြစ်ခြင်း

ဖြစ်ပွါးပုံ
-      ဆိပ်ကမ်းဝင်ရန်အတွက် အင်ဂျင်ကို St-by အခြေအနေတွင် ထားရန် ပဲ့ခန်း ( Bridge) မှ ညွှန်ကြားချက်ပေးပါသည်။

-      ထိုအချိန်တွင် No.1 G/E ကို တောက်လျှောက်မောင်းနှင်ထားပါသည်။

-      Engine St-by အခြေအနေအတွက် No.2 G/E ကို နိုးလိုက်ပါသည်။

-      No.2 G/E ကို D.O မှ H.F.O သို့ ပြောင်းချိန်တွင် အင်ဂျင်နီယာတစ်ဦးသည်

G/E ၏ H.F.O inlet valve ကို သုံးပါတ်ဖွင့်ချလိုက်ပါသည်။

-      No.1 G/E သည် Tripped ဖြစ်ပြီး၊ Black-out ဖြစ်သွားပါသည်။

-      သင်္ဘောသည် လမ်းကြောင်းလွဲပြီး၊ သောင်တင်သွားပါသည်။


ထိခိုက်မှု
-      သင်္ဘောဝမ်းဗိုက်ဆေးများ ပွန်းပဲ့ထိခိုက်သွားပါသည်။

ချက်ချင်းဆောင်ရွက်ချက်များ
-      သင်္ဘောအတွက် Power ပြန်လည်ရရှိအောင်ပြုလုပ်ပြီး၊ သောင်ပေါ်မှ ရေထဲသို့ ပြန်ရောက်ရန် မိမိစွမ်းအားဖြင့် လုပ်နိုင်ခဲ့ပါသည်။

ဖြစ်ပွါးစေသည့်အကြောင်းရင်း ( စက်ပစ္စည်းကြောင့်ဖြစ်ခြင်း )
-      No.2 G/E ကိုနိုးပြီးနောက် တာဝန်ကျအင်ဂျင်နီယာသည် D.O မှ H.F.O သို့ ပြောင်းရာတွင် valves ကို မှားယွင်းဆောင်ရွက်ပါသည်။

-      အင်ဂျင်နီယာသည် D.O outlet valves ကို မပိတ်ဘဲ၊ H.F.O inlet valve ကို ဖွင့်လိုက်ပါသည်။

-      D.O outlet valve ၏ အထွက်သည် D.O tank ဖြစ်သောကြောင့် atmospheric pressure ( ပုံမှန်လေထုဖိအား) သာလျှင်ရှိပါသည်။

-      ထို့ကြောင့် H.F.O line pressure သည် ရုတ်တရက် 6 kg/cm2 မှ 1.5 kg/cm2 သို့ ကျသွားပါသည်။

-      ထိုဖြစ်ရပ်သည် H.F.O ကို ဗူဗေါင်းများဖြစ်စေပြီး၊ vapor lock ကို ဖြစ်စေပါသည်။

-      ထိုအခါ H.F.O ဖြင့် မောင်းနှင်နေသော No.1 G/E ရှိ H.F.O လိုင်းအတွင်း Vapor lock ဖြစ်ပြီး၊ engine black-out ဖြစ်စေခြင်းဖြစ်ပါသည်။

D.O မှ H.F.O သို့ပြောင်းရာတွင် ဆောင်ရွက်ရမည့်အဆင့်များ

(၁) H.F.O outlet valve ကိုဖွင့်ပါ။

(၂) D.O outlet valve ကို ပိတ်ပါ။

(၃) H.F.O inlet valve ကို ဖွင့်ပါ။

(၄) D.O inlet valve ကို ပိတ်ပါ။

ထိုအဆင့်များအတိုင်း မှန်ကန်စွာဆောင်ရွက်လျှင် H.F.O line pressure သည် 5.6 kg/cm2 အောက်သို့ မကျရောက်နိုင်ပါ။


ထိခိုက်မှုဖြစ်ပွါးစဉ်တွင် အဆင့်(၃)ကို ကျော်ပြီး လုပ်ကိုင်သောကြောင့် H.F.O သည် D.O line အတွင်းသို့ ဝင်သွားပြီး ရုတ်တရက် H.F.O pressure ကျဆင်းဖြစ်သည်။


ဖြစ်ပွါးစေသည့်အကြောင်းရင်း ( လူကြောင့်ဖြစ်ခြင်း )

(၁) Engine St-by ပေးချိန်တွင် အရေးကြီးစက်ပစ္စည်များ (critical machineries ) { Main engine, Generator engine, Steering gear and Gyrocompass } များသည် ပုံမှန်မောင်းနှင်ခြင်းအခြေအနေ ( Normal Running Conditons ) တွင် ရှိနေရမည်။ Engine St-by အခြေအနေမရောက်မှီ ကပ်၍ အခြားမီးစက်ကို နိုးခြင်း၊ ဆီပြောင်းခြင်းတို့ကြောင့် ထိခိုက်မှုဖြစ်ပွါးပါသည်။ 

(၂) အရေးကြီးစက်ပစ္စည်းများ (critical machnineries) ကိုင်တွယ်အသုံးပြုပုံ ညွှန်ကြားချက်များသည် စက်များအနီးတွင်ရှိသင့်သည်။

ထပ်မံမဖြစ်ပွါးစေရန် လိုက်နာသင့်သောအချက်များ

Engine stand-by ပေးချိန်တွင် အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်သင့်ပါသည်။

(၁) အင်ဂျင်အနီးတွင် Operation instructions များကို သိသာစွာကပ်ထားပါ။

(၂) Engine ကို Stand-by မပေးမှီ၊ လိုအပ်သော Stand-by G/E ကို နှိုးထားသင့်ပြီး၊ Parallel operation ( Loading condition ) ဖြင့် တောက်လျှောက် မောင်းထားသင့်သည်။

(၃) Engine Stand-by အခြေအနေတွင် အင်ဂျင်နီယာများနှင့် သင်္ဘောသားများသည် မမြင်ရသောထိခိုက်မှုများကို ရှောင်ကြဉ်ရန် ပြောင်းလဲနေသော အပူချိန်၊ ဖိအားတို့ကို အမြဲသိရှိစေရန် စစ်ဆေးကြည့်ရှုနေသင့်သည်။

(၄) Engine Stand-by အခြေအနေတွင် G/E ၂ လုံးကို အမြဲနှိုးထားသင့်ပြီး၊ Load နည်းနေလျှင် တစ်လုံးကို Idle condition( Load ဖြုတ်ထားသောအခြေအနေ) ဖြင့် ထားရှိရမည်။

သင်ခန်းစာများ
-      Engine Stand-by အခြေအနေတွင် ရုတ်တရက် Black-out ဖြစ်လျှင် သောင်တင်ခြင်း ဖြစ်ပွါးနိုင်သည်။ ထိုထက်ပို၍ သင်္ဘောတိုက်ခြင်းကဲ့သို့ ကြီးမားသောအကျိုးဆက်များလည်း ဖြစ်ပွါးနိုင်ပါသည်။

လူသစ်များ ပိုမိုနားလည်စေရန်အတွက် အနည်းငယ်ရှင်းလင်းပေးထားပါသည်။ 

{ မှတ်ချက်။   ။ No.1 G/E ကို H.F.O ဖြင့် မောင်းနှင်ထားပါသည်။ Engine St-by ပေးချိန်တွင် အခြားသောစက်ပစ္စည်းများ ( Aux blowers, air compressor, another steering gear, winch..etc ) မောင်းနှင်ရန်အတွက် No.2 G/E ကို နှိုး၍ Load ချိတ်ရခြင်းဖြစ်ပါသည်။
ထို့နောက် No.2 G/E ကို D.O မှ H.F.O သို့ အပြောင်းတွင် ဗါးမှားယွင်းသဖြင့် vapor locks ဖြစ်ပြီး၊ အရင်မောင်းထားသော No.1 G/E သည် F.O Low pressure ဖြင့် trip ( ACB open)  ဖြစ်သွားသည်။ ထိုအချိန်တွင် No.2 G/E မှာ Load တင်ထားပြီး ဖြစ်သော်လည်း၊ No.1 G/E ရုတ်တရက် tripped  ဖြစ်သွားသောကြောင့် No.2 G/E လည်း Overload cut-out ဖြင့် tripped ဖြစ်ပြီးနောက်၊ သင်္ဘောတစ်စီးလုံး Black-out ဖြစ်သွားခြင်းဖြစ်ပါသည်။  

မီးစက်များကို D.O မှ H.F.O သို့ ပြောင်းရာတွင် H.F.O outlet valve ကို ဖြည်းဖြည်းဖွင့်ပါ။ D.O outlet valve ကို ဖြည်းဖြည်းပိတ်ပါ။ ထို့နောက် H.F.O inlet valve ကိုဖြေးဖြးဖွင့်လိုက်၊ D.O inlet valve ကို ဖြေးဖြေးပိတ်လိုက်ဖြင့် အချိန်ယူလုပ်သင့်သည်။ သို့မဟုတ်လျှင် H.F.O နှင့် D.O တို့သည် အပူချိန်ကွာခြားချက်ကြီးမားသောကြောင့် Fuel pump ရှိ plunger နှင့် barrel ကပ်သွားပြီးလျှင် Engine black-out ဖြစ်တတ်ပါသည်။}

Friday, February 14, 2014

Oxy-acetylene welding ကိရိယာမှ မီးလောင်ဒဏ်ရာရရှိခြင်း



သင်္ဘောသားတစ်ဦးသည် Gas welding ဆော်ရန်အတွက် ပြင်ဆင်နေပါသည်။ ဝယ်ဒင်ဂေါက်ကို မီးညှိပြီး မကြာမှီ ဝယ်ဒင်ဂေါက်မှ acetylene ပိုက်ပြုတ်ထွက်သွားပါသည်။ ပွင့်နေသောပိုက်မှ မီးတောက်ထွက်လာပါပြီး၊ သင်္ဘောသား၏ ဘယ်လက်နှင့်လက်ဖျံကို မီးလောင်သွားပါသည်။ 

လေ့လာတွေ့ရှိချက်များ

၁။ oxygen နှင့် acetylene ၏ pressure setting မှာ မှန်ကန်ပါသည်။
၂။ အလုပ်မလုပ်မှီ ကိရိယာများကို မျက်မြင်စစ်ဆေးသောအခါ ကောင်းမွန်မှုရှိပါသည်။
၃။ ဝယ်ဒင်ဂေါက်ရှိ Acetylene ပိုက်ခွေတွင် သတိမပြုမိသောထိခိုက်မှုဖြစ်နေခြင်း ဖြစ်နိုင်ပါသည်။
၎။ အလုပ်လုပ်ချိန်တွင် သင်္ဘောသားသည် သတ်မှတ်ထားသော လက်အိတ်ကို ဝတ်ဆင်ထားခြင်း မရှိပါ။
၅။ သင်္ဘောသားသည် အလုပ်လုပ်နေစဉ် အကျီင်္လက်ကိုခေါက်ထားပါသည်။

(  Safety at Sea မဂ္ဂဇင်းမှ ကောက်နုတ်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ )

ဖိနပ်ကိုလွဲမှားစွာ ဝတ်ဆင်ခြင်းကြောင့် လှေကားပေါ်မှလိမ့်ကျခြင်း



     သင်္ဘောပေါ်သို့ စတက်သော စားဖိုဆောင်မှလူသစ်သင်္ဘောသားသည် လှေကားပေါ်မှလိမ့်ကျပြီး ဝမ်းဗိုက်နှင့် တံတောင်ဆစ်တွင် ဒဏ်ရာများရရှိသွားသည်။ ထိုအချိန်တွင် သင်္ဘောသည် ကျောက်ချထားပါသည်။ လေတိုက်နှုန်းမှာ ပြင်းထန်ပြီး၊ လှိုင်းထန်နေပါသည်။ 

      စားဖိုမှူးသည် လူသစ်သင်္ဘောသားအား အောက်ထပ်တွင်ရှိသော အစားအစာစတိုမှ သေတ္တာအလွတ်များအားယူရန် လွှတ်လိုက်ပါသည်။ စားဖိုခန်းမှ လူသစ်သင်္ဘောသားထွက်ခွါပြီး၊ မကြာမှီတွင် စားဖိုမှူးသည် လှေကားမှ လိမ့်ကျသံကို ကြားလိုက်ရပါသည်။ စားဖိုမှူးသည် လူသစ်အား လှေကားရင်းတွင် ခက်ခက်ခဲခဲ မတ်တပ်ရပ်ရန် အားယူနေသည်ကို တွေ့လိုက်ရပါသည်။ 

      လူသစ်သည် လက်တွင် မည်သည့်ပစ္စည်းမှ မကိုင်ထားပါ။ သူသည် လှေကားလက်ရမ်းကို ကိုင်ပြီးဆင်းလာစဉ်၊ ခြေချော်ပြီး ဟန်ချက်ပျက်သွားသည်ဟု ပြောဆိုပါသည်။ ချော်ကြစဉ် ဦးခေါင်းကို မထိစေရန် ကာကွယ်လိုက်သောကြောင့် ဝမ်းဗိုက်ကို လှေကားလက်ရမ်းနှင့် တိုက်မိပြီး၊ တံတောင်ဆစ်သည် လှေကားထစ်များနှင့် တိုက်မိပါသည်။ 

       ရှေးဦးသူနာပြုစုခြင်းနည်းလမ်းအတိုင်း သင်္ဘောသားသစ်ကို ပြုစုပေးကြပါသည်။ နှစ်ရက်ကြာသောအခါတွင် သင်္ဘောသားသစ်အား ဆိပ်ကမ်းရှိဆရာဝန်နှင့် စစ်ဆေးပါသည်။ ဆရာဝန်သည် သင်္ဘောသားသစ်အား တာဝန်ထမ်းဆောင်ရန်အတွက် လုံလောက်သောကြံခိုင်မှုမရှိဟု မှတ်ချက်ရေးပေးသဖြင့် လူသစ်အား အိမ်ပြန်ပို့လိုက်ပါသည်။

       ထိခိုက်မှုဖြစ်ပွါးပြီးနောက် ဖြစ်ပွါးရခြင်းအကြောင်းရင်းကို ရှာဖွေစစ်ဆေးသောအခါ အောက်ပါအချက်များကို တွေ့ရှိရပါသည်။

၁။ သင်္ဘေသားသစ်သည် ဖိနပ်ကို ကောင်းမွန်စွာစီးမထားပါ။ ဖိနပ်၏ အနောက်ပိုင်းဖနောင့်နေရာသည် ပြားနေသောကြောင့် ဖိနပ်ကို နေရာကျစွာမစီးဘဲ စွပ်ရုံသာစွပ်ထားကြောင်း တွေ့ရပါသည်။ ခြေဖဝါးသည် ဖိနပ်အတွင်း နေရာမကျပါ။
၂။ သင်္ဘောသားသစ်သည် ထိခိုက်မှုဖြစ်ပွါးသည့်နေ့မတိုင်မှီ သင်္ဘောအပေါ်တက်လာခြင်းဖြစ်သည်။ သူသည် ကြာမြင့်စွာလေယာဉ်စီးခဲ့ရပါသည်။ ဂျက်လေယာဉ်ကြာမြင့်ချိန်ကြောင့် သူသည် ပင်ပန်းပြီး၊ သတိမထားနိုင်ခြင်းဖြစ်ပါသည်။
၃။ လှိုင်းမူးခြင်းသည်လည်း ထိခိုက်မှုကိုဖြစ်စေသည့် အကြောင်းအရင်းတွင် ပါဝင်သည်။


လေ့လာသင့်သောအချက်များ

၁။ ကိုယ်ခန္ဓာကာကွယ်ရေးပစ္စည်း ( Personal Protective-equipment-PPE ) တိုင်းကို ဝတ်ဆင်သုံးစွဲလျှင် မှန်ကန်စွာသုံးစွဲရမည်။ Safety shoe သည်လည်း ကိုယ်ခန္ဓာကာကွယ်ရေးပစ္စည်းထဲတွင် ပါဝင်သည်။ ကိုယ်ခန္ဓာကာကွယ်ရေးပစ္စည်းများကို လွဲမှားစွာသုံးစွဲခြင်း၊ ထပ်၍တီထွင်သုံးစွဲခြင်းသည် သင်္ဘောသားတို့လိုက်နာရမည်စည်းမျဉ်းများကို ချိုးဖေါက်ခြင်းဖြစ်သည်။ လုံခြုံရေးစည်းကမ်းများ ( Safety procedures ) ကိုလည်း ချိုးဖေါက်ခြင်းဖြစ်သည်။ 

၂။ Safety shoe များကို ဝတ်ဆင်လျှင် တိကျသောအရွယ်အစားကိုသာ ဝတ်ဆင်ရမည်။ ကြီးနေသော Safety shoe များသည် အလွယ်တကူကျွတ်ထွက်နိုင်ပါသည်။ ဖိနပ်ကြိုးကို တင်းကျပ်စွာချည်နှောင်၍ သင့်တော်စွာဝတ်ဆင်သင့်ပါသည်။

၃။ သင်္ဘောသားများသည် တာဝန်ကို စတင်ယူစဉ်အချိန်တွင် အထူးသတိထားသင့်သည်။ အလုပ်ပတ်ဝန်းကျင်အသစ်၊ ပစ္စည်းကိရိယာအသစ်၊ လူသစ်များနှင့် ထိတွေ့ဆက်ဆံရာတွင် ကျွမ်းဝင်မှုဖြစ်စေရန်အတွက် အချိန်လိုပါသည်။

၎။ သင်္ဘောသစ်များ အလုပ်ခွင်တွင် အန္တရာယ်ကင်းဝေးစေရေးအတွက် ဝါရင့်သင်္ဘောသားများမှ ကြီးကြပ် လမ်းညွှန်သင့်ပါသည်။

( Report No – 200960  )
( Safety at Sea Magazine – Dec 2009 မှ ကူးယူဖေါ်ပြပါသည်။ )

Economiser ရှိပိုက်များ ပိတ်ဆို့ခြင်း



        သင်္ဘောတစ်စင်း၏ Economiser ကို Drydock တွင် ပုံမှန်စစ်ဆေးခြင်းနှင့် survey လုပ်ရန်အတွက် အဖုံးများဖွင့်၍ စစ်ဆေးပါသည်။ Economiser ရှိ ရေပိုက်လိုင်းများ ( water tubes ) အကြားရှိ အပူပေးရန် မီးခိုးဖြတ်သန်းသောနေရာသည် ဆိုးဆိုးရွားရွားပိတ်ဆို့ပြီး၊ မာကျောသောဂျိုးများအလွှာလိုက် ကပ်လျှက်ရှိပါသည်။ ပြင်းပြင်းထန်ထန်သန့်ရှင်းရေးလုပ်ရမည်ဖြစ်ပြီး၊ အချိန်လည်းကြာမည်ဖြစ်ပါသည်။ 

       ထပ်မံ၍ စစ်ဆေးတွေ့ရှိအရ မာကျောသောဂျိုးများသည် ပေါက်ထွက်လာသောလောင်စာဆီများ ဖြစ်ပါသည်။ ထိုလောင်စာဆီများသည် Boiler ၏မီးလောင်ခန်း ( furnance ) မှတဆင့် ရောက်ရှိလာခြင်းဖြစ်သည်။ ပြဿနာ၏ကွင်းဆက်ရှာဖွေမှုအရ Boiler burner ရှိ Solenoid valve တပ်ထားသော လောင်စာဆီပိုက်ပျော့သုံးချောင်းကို နေရာလွဲမှားစွာ တပ်ဆင်ထားပါသည်။ ထိုပိုက်များမှာ ဖိအားမြှင့်လောင်စာလိုင်း ( High-pressure )၊ ဖိအားလျှော့လောင်စာလိုင်း ( Low-pressure )၊ လှည့်လည်လောင်စာလိုင်း ( Circulating fuel line ) တို့ဖြစ်ပါသည်။ ဖိအားလျှော့လောင်စာလိုင်းနှင့် လှည့်လည်လောင်စာလိုင်းကို နေရာလွဲမှာစွာ တပ်ဆင်ထားသည်။ Boiler ၏ မီးလောင်ခြင်းဖြစ်စဉ်သည် အဆင်ပြေသောကြောင့် သင်္ဘောသားများသည် ထိုလွဲမှားမှုကို သတိမပြုမိကြပါ။ 

       မီးတောက်ငြိမ်းသောအခါ လှည့်လည်လောင်စာလိုင်းမှ လောင်စာဆီများသည် ဖိအားလျှော့ပိုက်ခေါင်းကျဉ်း ( Low pressure nozzle ) မှ တဆင့် စီးကျသွားပါသည်။ အချိန်ကြာသောအခါ မီးမလောင်သောလောင်စာဆီ ( unburnt fuel ) သည် ခေါင်းတိုင်သို့ လေဖြင့် လွင့်ပါသွားပြီး ရေပိုက်လိုင်းများ၏ အပေါ်တွင် အလွှာနှင့်ဂျိုးများဖြစ်လာပါသည်။

မှတ်သားသင့်သောအချက်

ပိုက်များ၊ အဆက်များအားလုံးကို ချိတ်ဆွဲထားရမည်။ သို့မှသာ မှားယွင်းတပ်ဆင်ခြင်း ကင်းဝေးမည်ဖြစ်သည်။

( Report Number   201261 )
( Safety at Sea မဂ္ဂဇင်းမှ ပြန်ဆိုရေးသားပါသည်။ )