Mitsui O.S.K
Lines မှ ပြုစုထားသော Engine department နှင့်ဆိုင်သည့် Reports များကို ဘာသာပြန်ဆိုပေးပါမည်။
Engineer များ ဘေးအန္တရာယ်ကင်းဝေးစွာ အလုပ်လုပ်နိုင်စေရန်ဖြစ်ပါသည်။ လူသစ်များအနေနှင့်
မိမိလုပ်ကိုင်မည့်အလုပ်အတွက် ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပါသည်။
File No. 2-001
အင်ဂျင်အဆင်သင့် ( St-by ) အနေအထားတွင် မီးစက်
Black-out ဖြစ်ခြင်း
ဖြစ်ပွါးပုံ
-
ဆိပ်ကမ်းဝင်ရန်အတွက်
အင်ဂျင်ကို St-by အခြေအနေတွင် ထားရန် ပဲ့ခန်း ( Bridge) မှ ညွှန်ကြားချက်ပေးပါသည်။
-
ထိုအချိန်တွင်
No.1 G/E ကို တောက်လျှောက်မောင်းနှင်ထားပါသည်။
-
Engine
St-by အခြေအနေအတွက် No.2 G/E ကို နိုးလိုက်ပါသည်။
-
No.2
G/E ကို D.O မှ H.F.O သို့ ပြောင်းချိန်တွင် အင်ဂျင်နီယာတစ်ဦးသည်
G/E
၏ H.F.O inlet valve ကို သုံးပါတ်ဖွင့်ချလိုက်ပါသည်။
-
No.1
G/E သည် Tripped ဖြစ်ပြီး၊ Black-out ဖြစ်သွားပါသည်။
-
သင်္ဘောသည်
လမ်းကြောင်းလွဲပြီး၊ သောင်တင်သွားပါသည်။
ထိခိုက်မှု
-
သင်္ဘောဝမ်းဗိုက်ဆေးများ
ပွန်းပဲ့ထိခိုက်သွားပါသည်။
ချက်ချင်းဆောင်ရွက်ချက်များ
-
သင်္ဘောအတွက်
Power ပြန်လည်ရရှိအောင်ပြုလုပ်ပြီး၊ သောင်ပေါ်မှ ရေထဲသို့ ပြန်ရောက်ရန် မိမိစွမ်းအားဖြင့်
လုပ်နိုင်ခဲ့ပါသည်။
ဖြစ်ပွါးစေသည့်အကြောင်းရင်း ( စက်ပစ္စည်းကြောင့်ဖြစ်ခြင်း
)
-
No.2
G/E ကိုနိုးပြီးနောက် တာဝန်ကျအင်ဂျင်နီယာသည် D.O မှ H.F.O သို့ ပြောင်းရာတွင်
valves ကို မှားယွင်းဆောင်ရွက်ပါသည်။
-
အင်ဂျင်နီယာသည်
D.O outlet valves ကို မပိတ်ဘဲ၊ H.F.O inlet valve ကို ဖွင့်လိုက်ပါသည်။
-
D.O
outlet valve ၏ အထွက်သည် D.O tank ဖြစ်သောကြောင့် atmospheric pressure ( ပုံမှန်လေထုဖိအား)
သာလျှင်ရှိပါသည်။
-
ထို့ကြောင့်
H.F.O line pressure သည် ရုတ်တရက် 6 kg/cm2 မှ 1.5 kg/cm2 သို့ ကျသွားပါသည်။
-
ထိုဖြစ်ရပ်သည်
H.F.O ကို ဗူဗေါင်းများဖြစ်စေပြီး၊ vapor lock ကို ဖြစ်စေပါသည်။
-
ထိုအခါ
H.F.O ဖြင့် မောင်းနှင်နေသော No.1 G/E ရှိ H.F.O လိုင်းအတွင်း Vapor lock ဖြစ်ပြီး၊
engine black-out ဖြစ်စေခြင်းဖြစ်ပါသည်။
D.O မှ
H.F.O သို့ပြောင်းရာတွင် ဆောင်ရွက်ရမည့်အဆင့်များ
(၁) H.F.O outlet
valve ကိုဖွင့်ပါ။
(၂) D.O outlet
valve ကို ပိတ်ပါ။
(၃) H.F.O inlet
valve ကို ဖွင့်ပါ။
(၄) D.O inlet
valve ကို ပိတ်ပါ။
ထိုအဆင့်များအတိုင်း
မှန်ကန်စွာဆောင်ရွက်လျှင် H.F.O line pressure သည် 5.6 kg/cm2 အောက်သို့ မကျရောက်နိုင်ပါ။
ထိခိုက်မှုဖြစ်ပွါးစဉ်တွင်
အဆင့်(၃)ကို ကျော်ပြီး လုပ်ကိုင်သောကြောင့် H.F.O သည် D.O line အတွင်းသို့ ဝင်သွားပြီး
ရုတ်တရက် H.F.O pressure ကျဆင်းဖြစ်သည်။
ဖြစ်ပွါးစေသည့်အကြောင်းရင်း ( လူကြောင့်ဖြစ်ခြင်း
)
(၁) Engine St-by ပေးချိန်တွင် အရေးကြီးစက်ပစ္စည်များ (critical
machineries ) { Main engine, Generator engine, Steering gear and Gyrocompass } များသည်
ပုံမှန်မောင်းနှင်ခြင်းအခြေအနေ ( Normal Running Conditons ) တွင် ရှိနေရမည်။
Engine St-by အခြေအနေမရောက်မှီ ကပ်၍ အခြားမီးစက်ကို နိုးခြင်း၊ ဆီပြောင်းခြင်းတို့ကြောင့်
ထိခိုက်မှုဖြစ်ပွါးပါသည်။
(၂) အရေးကြီးစက်ပစ္စည်းများ (critical machnineries) ကိုင်တွယ်အသုံးပြုပုံ
ညွှန်ကြားချက်များသည် စက်များအနီးတွင်ရှိသင့်သည်။
ထပ်မံမဖြစ်ပွါးစေရန် လိုက်နာသင့်သောအချက်များ
Engine stand-by ပေးချိန်တွင် အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်သင့်ပါသည်။
(၁) အင်ဂျင်အနီးတွင် Operation instructions များကို သိသာစွာကပ်ထားပါ။
(၂) Engine ကို Stand-by မပေးမှီ၊ လိုအပ်သော Stand-by
G/E ကို နှိုးထားသင့်ပြီး၊ Parallel operation ( Loading condition ) ဖြင့် တောက်လျှောက်
မောင်းထားသင့်သည်။
(၃) Engine Stand-by အခြေအနေတွင် အင်ဂျင်နီယာများနှင့် သင်္ဘောသားများသည်
မမြင်ရသောထိခိုက်မှုများကို ရှောင်ကြဉ်ရန် ပြောင်းလဲနေသော အပူချိန်၊ ဖိအားတို့ကို အမြဲသိရှိစေရန်
စစ်ဆေးကြည့်ရှုနေသင့်သည်။
(၄) Engine Stand-by အခြေအနေတွင် G/E ၂ လုံးကို အမြဲနှိုးထားသင့်ပြီး၊
Load နည်းနေလျှင် တစ်လုံးကို Idle condition( Load ဖြုတ်ထားသောအခြေအနေ) ဖြင့် ထားရှိရမည်။
သင်ခန်းစာများ
-
Engine
Stand-by အခြေအနေတွင် ရုတ်တရက် Black-out ဖြစ်လျှင် သောင်တင်ခြင်း ဖြစ်ပွါးနိုင်သည်။
ထိုထက်ပို၍ သင်္ဘောတိုက်ခြင်းကဲ့သို့ ကြီးမားသောအကျိုးဆက်များလည်း ဖြစ်ပွါးနိုင်ပါသည်။
လူသစ်များ ပိုမိုနားလည်စေရန်အတွက် အနည်းငယ်ရှင်းလင်းပေးထားပါသည်။
{ မှတ်ချက်။ ။ No.1 G/E ကို H.F.O ဖြင့် မောင်းနှင်ထားပါသည်။
Engine St-by ပေးချိန်တွင် အခြားသောစက်ပစ္စည်းများ ( Aux blowers, air compressor,
another steering gear, winch..etc ) မောင်းနှင်ရန်အတွက် No.2 G/E ကို နှိုး၍ Load ချိတ်ရခြင်းဖြစ်ပါသည်။
ထို့နောက် No.2 G/E ကို D.O မှ H.F.O သို့ အပြောင်းတွင် ဗါးမှားယွင်းသဖြင့်
vapor locks ဖြစ်ပြီး၊ အရင်မောင်းထားသော No.1 G/E သည် F.O Low pressure ဖြင့် trip
( ACB open) ဖြစ်သွားသည်။ ထိုအချိန်တွင်
No.2 G/E မှာ Load တင်ထားပြီး ဖြစ်သော်လည်း၊ No.1 G/E ရုတ်တရက် tripped ဖြစ်သွားသောကြောင့် No.2 G/E လည်း Overload
cut-out ဖြင့် tripped ဖြစ်ပြီးနောက်၊ သင်္ဘောတစ်စီးလုံး Black-out ဖြစ်သွားခြင်းဖြစ်ပါသည်။
မီးစက်များကို D.O မှ H.F.O သို့ ပြောင်းရာတွင် H.F.O outlet
valve ကို ဖြည်းဖြည်းဖွင့်ပါ။ D.O outlet valve ကို ဖြည်းဖြည်းပိတ်ပါ။ ထို့နောက်
H.F.O inlet valve ကိုဖြေးဖြးဖွင့်လိုက်၊ D.O inlet valve ကို ဖြေးဖြေးပိတ်လိုက်ဖြင့်
အချိန်ယူလုပ်သင့်သည်။ သို့မဟုတ်လျှင် H.F.O နှင့် D.O တို့သည် အပူချိန်ကွာခြားချက်ကြီးမားသောကြောင့်
Fuel pump ရှိ plunger နှင့် barrel ကပ်သွားပြီးလျှင် Engine black-out ဖြစ်တတ်ပါသည်။}
No comments:
Post a Comment