ကျွန်တော်တို့ သင်္ဘောအရာရှိများ ကိုင်ဆောင်ရသည့် လက်မှတ်များကို CoC (
Certificate of Competency ) ဟု ခေါ်ပါသည်။ ဆိုလိုရင်းမှာ ကျွမ်းကျင်မှုလက်မှတ်ဖြစ်ပါသည်။
သင်္ဘော အပြင် လေယာဉ်ပျံမောင်းနှင်သူများ တွင်လည်း ထိုသို့ကျွမ်းကျင်မှုလက်မှတ်များ ကိုင်ဆောင်ရပါသည်ဟု
သိရပါသည်။ ကိုင်တွယ်မောင်းနှင်ရန်အတွက် လိုအပ်သောအရည်အချင်းပြည့်မှီသည်ဟု ယူဆပြီး ထုတ်ပေးသောလက်မှတ်ဖြစ်ပါသည်။
ကျွန်တော် Singapore
Maritime Academy တွင် Combined Class 1 Engineer သင်တန်းတက်ရောက်စဉ် Lecturer
Mr.Mukaji မှ CoC လက်မှတ်နှင့် ပတ်သက်သော ပို့ချချက်လေးကို ပြန်လည်မျှဝေလိုပါသည်။
Competency ဆိုသည့် စကားလုံးသည်
ကျွမ်းကျင်ပိုင်နိုင်ခြင်း ဟု အဓိပ္ပါယ်ရပါသည်။ Mr.Mukaji ၏ ဖွင့်ဆိုချက်အရ
Competency တွင် စကားလုံး သုံးလုံးပါဝင်သည်။ ထိုစကားလုံးများမှာ K,U,P တို့ဖြစ်ပါသည်။
K= Knowledge, U=Understanding and P=proficiency ဖြစ်ပါသည်။
Knowledge မှာ သက်ဆိုင်ရာဘာသာရပ်အလိုက်
သိထားသင့်သော ဗဟုသုတဖြစ်ပါသည်။
Understanding မှာ သက်ဆိုင်ရာစနစ်များနှင့်
ဆက်သွယ်မှုများကို သေချာစွာ နားလည်ရမည်။
Proficiency မှာ ကြုံလာသောအခက်အခဲများ၊
ဆောင်ရွက်ရမည်များကို သေချာစွာနားလည်ပြီး ဖြေရှင်းနိုင်သောအရည်အချင်း ဖြစ်ပါသည်။ ရလဒ်ကောင်းကို
ရရှိသည်အထိဆောင်ရွက်နိုင်သည့်ပညာဖြစ်ပါသည်။
CoC လက်မှတ်ထုတ်ပေးရန်အတွက်
အခက်အခဲတစုံတရာတွေ့လျှင် မည်သို့ဆောင်ရွက်မည်ကို မေးမြန်းမည့် Oral စာမေးပွဲရှိလာရပါသည်။
ရင့်ကျက်ပြီး၊ အတွေ့အကြုံများသော စာစစ်သူသည် အခက်အခဲတွင် စာဖြေသူ မည်သို့ဆောင်ရွက်မည်ကို
မေးမြန်းလေ့ရှိပြီး၊ မိမိ၏အတွေ့အကြုံနှင့် နှိုင်းယှဉ်အကဲဖြတ်ပါသည်။ ပြီးနောက် အောင်၊
ရှုံးကို ဆုံးဖြတ်ပေးလေ့ရှိပါသည်။
ကျွန်တော့် အမြင်အရ ထိုလက်မှတ်ကိုင်ဆောင်သူများသည်
အလုပ်များကို Professional တစ်ဦးကဲ့သို့လည်း ဆောင်ရွက်သင့်ပါသည်။ EFA မဂ္ဂဇင်းမှ ဆောင်းပါးတစ်စောင်တွင်
ဆရာမကြီးဒေါ်ခင်မျိုးချစ်မှ Professional ကို အဓိပ္ပါယ်ဖွင့်ပါသည်။
Professional- တတ်မြောက်သင့်သည်များကို သေချာစွာတတ်မြောက်သူ
- လူသားတို့အကျိုးအတွက်
မှန်ကန်သောစိတ်ဓါတ်ရှိသူ။
ရေကြောင်းလောကတွင် နောက်လူအတွက်
အလုပ်များ ချန်ထားပြီး ဆင်းပြေးခြင်း၊ G/E များကို Running Hour ချိန်၍ မောင်းနှင်သောကြောင့်
နောက်လူသည် G/E overhaul များကို မနိုင်မနင်းလုပ်ကိုင်ရခြင်း..စသည့် ကိစ္စများသည် အလုပ်ကို
Professional တစ်ဦးကဲ့သို့ မဆောင်ရွက်ခြင်းကြောင့် ဖြစ်ရပါသည်။
CoC လက်မှတ်ကိုင်ထားသလို
Professional တစ်ဦးကဲ့သို့လည်း ကျင့်ကြံသင့်ပါသည်။
ကျွန်တော့် အမြင်လေးကို မျှဝေခြင်းပါ။ ကွဲပြားမှုများ ရှိနိုင်ပါသည်။
လေးစားလျှက်
တင်ဝင်းထွန်း
No comments:
Post a Comment