Wednesday, October 22, 2014
Professional များနှင့် တခဏ
        ကျွန်တော်တို့ သင်္ဘောအရာရှိများ ကိုင်ဆောင်ရသည့် လက်မှတ်များကို CoC ( Certificate of Competency ) ဟု ခေါ်ပါသည်။ ဆိုလိုရင်းမှာ ကျွမ်းကျင်မှုလက်မှတ်ဖြစ်ပါသည်။ သင်္ဘော အပြင် လေယာဉ်ပျံမောင်းနှင်သူများ တွင်လည်း ထိုသို့ကျွမ်းကျင်မှုလက်မှတ်များ ကိုင်ဆောင်ရပါသည်ဟု သိရပါသည်။ ကိုင်တွယ်မောင်းနှင်ရန်အတွက် လိုအပ်သောအရည်အချင်းပြည့်မှီသည်ဟု ယူဆပြီး ထုတ်ပေးသောလက်မှတ်ဖြစ်ပါသည်။
        ကျွန်တော် Singapore Maritime Academy တွင် Combined Class 1 Engineer သင်တန်းတက်ရောက်စဉ် Lecturer Mr.Mukaji မှ CoC လက်မှတ်နှင့် ပတ်သက်သော ပို့ချချက်လေးကို ပြန်လည်မျှဝေလိုပါသည်။ 
        Competency ဆိုသည့် စကားလုံးသည် ကျွမ်းကျင်ပိုင်နိုင်ခြင်း ဟု အဓိပ္ပါယ်ရပါသည်။ Mr.Mukaji ၏ ဖွင့်ဆိုချက်အရ Competency တွင် စကားလုံး သုံးလုံးပါဝင်သည်။ ထိုစကားလုံးများမှာ K,U,P တို့ဖြစ်ပါသည်။ K= Knowledge, U=Understanding and P=proficiency ဖြစ်ပါသည်။
        Knowledge မှာ သက်ဆိုင်ရာဘာသာရပ်အလိုက် သိထားသင့်သော ဗဟုသုတဖြစ်ပါသည်။
        Understanding မှာ သက်ဆိုင်ရာစနစ်များနှင့် ဆက်သွယ်မှုများကို သေချာစွာ နားလည်ရမည်။
        Proficiency မှာ ကြုံလာသောအခက်အခဲများ၊ ဆောင်ရွက်ရမည်များကို သေချာစွာနားလည်ပြီး ဖြေရှင်းနိုင်သောအရည်အချင်း ဖြစ်ပါသည်။ ရလဒ်ကောင်းကို ရရှိသည်အထိဆောင်ရွက်နိုင်သည့်ပညာဖြစ်ပါသည်။
        CoC လက်မှတ်ထုတ်ပေးရန်အတွက် အခက်အခဲတစုံတရာတွေ့လျှင် မည်သို့ဆောင်ရွက်မည်ကို မေးမြန်းမည့် Oral စာမေးပွဲရှိလာရပါသည်။ ရင့်ကျက်ပြီး၊ အတွေ့အကြုံများသော စာစစ်သူသည် အခက်အခဲတွင် စာဖြေသူ မည်သို့ဆောင်ရွက်မည်ကို မေးမြန်းလေ့ရှိပြီး၊ မိမိ၏အတွေ့အကြုံနှင့် နှိုင်းယှဉ်အကဲဖြတ်ပါသည်။ ပြီးနောက် အောင်၊ ရှုံးကို ဆုံးဖြတ်ပေးလေ့ရှိပါသည်။ 
        ကျွန်တော့် အမြင်အရ ထိုလက်မှတ်ကိုင်ဆောင်သူများသည် အလုပ်များကို Professional တစ်ဦးကဲ့သို့လည်း ဆောင်ရွက်သင့်ပါသည်။ EFA မဂ္ဂဇင်းမှ ဆောင်းပါးတစ်စောင်တွင် ဆရာမကြီးဒေါ်ခင်မျိုးချစ်မှ Professional ကို အဓိပ္ပါယ်ဖွင့်ပါသည်။ 
Professional- တတ်မြောက်သင့်သည်များကို သေချာစွာတတ်မြောက်သူ
                - လူသားတို့အကျိုးအတွက် မှန်ကန်သောစိတ်ဓါတ်ရှိသူ။
         ရေကြောင်းလောကတွင် နောက်လူအတွက် အလုပ်များ ချန်ထားပြီး ဆင်းပြေးခြင်း၊ G/E များကို Running Hour ချိန်၍ မောင်းနှင်သောကြောင့် နောက်လူသည် G/E overhaul များကို မနိုင်မနင်းလုပ်ကိုင်ရခြင်း..စသည့် ကိစ္စများသည် အလုပ်ကို Professional တစ်ဦးကဲ့သို့ မဆောင်ရွက်ခြင်းကြောင့် ဖြစ်ရပါသည်။ 
        CoC လက်မှတ်ကိုင်ထားသလို Professional တစ်ဦးကဲ့သို့လည်း ကျင့်ကြံသင့်ပါသည်။ 
ကျွန်တော့် အမြင်လေးကို မျှဝေခြင်းပါ။ ကွဲပြားမှုများ ရှိနိုင်ပါသည်။
လေးစားလျှက်
တင်ဝင်းထွန်း
D/G ၏ cylinder head ရှိ T-yoke guide ကျိုးသွားခြင်း
T-yoke guide = T-shaped valve guide
Type of Engine- Daihatsu
ဖြစ်ပွါးပုံ
        ပင်လယ်အတွင်း သင်္ဘောသွားနေစဉ် No.2 D/G T/C inlet temp high alarm ( 500’C ) လာပါသည်။ တာဝန်ကျအင်ဂျင်နီယာသည် D/G ကို စစ်ဆေးသောအခါ No.1 cylinder rocker arm သည် ပုံမှန် အခြေအနေ မဟုတ်သည်ကို တွေ့ရသည်။
        အင်ဂျင်နီယာသည် St-by D/G ကို ချက်ချင်းပြောင်းမောင်းပြီး၊ No.2 D/G ကို ရပ်လိုက်ပါသည်။
ထိခိုက်မှုအခြေအနေ
(၁) No.1 cylinder ရှိ T-yoke guide မှာ အောက်ခြေ cylinder head နှင့် ကပ်လျှက်နေရာတွင် ကျိုးနေပါသည်။
(၂) Cylinder ရှိ Exhaust pipe မှာ နီရဲနေပြီး၊ ပတ်ထားသော အပူကာစများမှာ ပျော်ကျ ပျက်စီးနေပါသည်။
(၃) တာဝန်ရှိအင်ဂျင်နီယာ၏ မျက်မြင်စစ်ဆေးချက်အရ No.1 cylinder ရှိ piston and liner မှာ ကောင်းမွန်ပါသည်။
ပြင်ဆင်ဆောင်ရွက်ချက်များ
        ကျိုးပဲ့သွားသော T-yoke guide ကို အသစ်လဲလှယ်သည်။ Cylinder တိုင်း၏ Tappet clearance ကို စစ်ဆေးချိန်ညှိသည်။
ထိခိုက်မှု၏အကြောင်းအရင်း
( Hardware factor )
Tappet clearance ချိန်မှု မှားယွင်းခြင်းဖြစ်သည်။ Tappet clearance ချိန်သောအခါတွင် T-yoke guide နှင့် exhaust valve ၂ ခုအကြား ထိမှတ် ( Contact point ) အကွာအဝေးကို မှားယွင်းစွာ ချိန်တွယ်မိခြင်းဖြစ်သည်။
        ထိုကဲ့သို့ ထိခိုက်မှုမျိုးကို ယခင်ကလည်း မကြာခဏ မှားယွင်းခဲ့ကြဖူးပါသည်။
(Software/ Human factor )
ပြဿနာ၏အကြောင်းရင်းမှာ Tappet Clearance ချိန်မှု မှားယွင်းခြင်းဖြစ်သည်။
ထပ်မံမဖြစ်ပွါးစေရန် ဆောင်ရွက်ချက်များ
( Human aspects )
အောက်ပါအတိုင်း ချိန်ညှိမှုကို ပြုလုပ်ပါ။
(၁) Rocker arm ကို မတပ်ဆင်မှီ T-yoke ( T-shaped valve guide )  နှင့် Exhaust valve များကို ထိနေစေရန် Adjust screw သုံး၍ ချိန်ညှိပါ။
(၂) Tappet Clearance ကို ချိန်ညှိပါ။
      T-yoke နှင့် Exhaust valve များကို ချိန်ပြီးသောအခါတွင် Tappet clearance ကို ဆက်လက်ချိန်ညှိပါ။ အပူချိန်ကွာခြားလျှင် contact points တန်ဖိုးများ ပြောင်းလဲနိုင်ပါသည်။
သင်ခန်းစာ
ပုံမှန်မဟုတ်သောအခြေအနေတွင် အင်ဂျင်နီယာများနှင့် သင်္ဘောသားများသည် ECR အတွင်းရှိနေသင့်ပြီး၊ ချက်ချင်းအရေးယူဆောင်ရွက်ရန် အသင့်ရှိနေသင့်သည်။ Alarm လာပြီး၊ ၂မိနစ်အတွင်း St-by G/E ကို ပြောင်းနိုင်သောကြောင့် ပြင်းထန်သောထိခိုက်မှု ကို မဖြစ်ပွါးစေခဲ့ပါ။ တာဝန်ကျအင်ဂျင်နီယာမရှိသည့် ညဖက်အချိန်တွင် ဖြစ်ပွါးလျှင် ထိခိုက်မှုပြင်းထန်နိုင်ပါသည်။ 
{Remark:  : ယခု Report သည် အင်ဂျင်နီယာ၏ Tappet clearance ချိန်ဆမှု မှားယွင်းခြင်းကြောင့်ဖြစ်သည်။ Tappet Clearance ချိန်လျှင် အင်ဂျင်နီယာများသည် T-yoke (T-shaped valve guide) နှင့် Rocker-arm အကြားအဝေးကိုသာ Thickness gauge သုံး၍ ချိန်တတ်ကြပါသည်။
Yanmar engine နှင့် Daihatsu engine များသည် Compound valve guide system ကို အသုံးပြုကြပါသည်။ Rocker arm တစ်ခုသည် Exhaust valve ၂ လုံးကို T-shaped valve guide အသုံးပြု၍ အဖွင့်အပိတ်ပြုလုပ်ပြီး၊ အခြား Rocker arm တစ်ခုသည် T-shaped valve guide ဖြင့် Intake valve ၂ လုံးကို အဖွင့်အပိတ်ပြုလုပ်ပါသည်။ 
T-shaped valve guide အောက်ရှိ valve ၂ လုံးသည် valve guide နှင့် သေချာစွာ ထိနေစေရန်အရေးကြီးပါသည်။ contact points ကို မှန်ကန်စေရန်အတွက် Adjust screw ဖြင့် ချိန်ညှိပါ။
Contact point ကွါနေလျှင် Valve rotator ကောင်းစွာအလုပ်မလုပ်နိုင်ပါ။ Valve rotator စားသွားနိုင်ပါသည်။ 
Contact point သည် ထိနေသော်လည်း၊ Valves များကို ဖိထားသော အခြေအနေဖြစ်နေလျှင်၊ ဗါးပွင့်နေသောကြောင့် Exhaust temp တက်ခြင်း၊ Valve Stem, valve seat, valve guide များ မီးစားခြင်း ဖြစ်ပေါ်ပါလိမ့်မည်။ 
ထိုအချက်သည် မှားယွင်းတတ်သောအချက်ဖြစ်သဖြင့် သတိထား၍ ဆောင်ရွက်သင့်သည်။ }
ဘေးရန်ကင်းကြပါစေ…
တင်ဝင်းထွန်း
Monday, October 20, 2014
Air compressor ထိခိုက်ပျက်စီးခြင်း
ဖြစ်ပွါးပုံ
(၁) အောက်တိုဘာ ၂၈၊ ၁၉၉၁ ခုနှစ်တွင် ကော့ရွှန်းမြို့သို့ သင်္ဘောဆိုက်ကပ်ရန်အတွက် Engine St-by ပေးလိုက်ပါသည်။ No.1 Main Air compressor သည် ပုံမှန်မဟုတ်ဘဲ ရုတ်တရက် ရပ်တန့်သွားပါသည်။ စစ်ဆေးတွေ့ရှိချက်အရ No.2 Cylinder ၏ Connecting rod ကျိုးသွားပါသည်။
(၂) အထက်ပါထိခိုက်ပျက်စီးမှုကို ပြန်လည်ပြင်ဆင်ခဲ့ပါသည်။
     ဖေဖေါ်ဝါရီ ၂၅၊ ၁၉၉၂ ခုနှစ်တွင် တိုကျိုမှထွက်ခွါရန် Engine St-by ချိန်တွင် No.1 Main air compressor သည် ပုံမှန်မဟုတ်ဘဲ ရုတ်တရက်ရပ်တန့်ခဲ့ပါသည်။ No.1 cylinder ၏ piston pin အောက်ပိုင်း piston skirt သည် ကျိုးပဲ့သွားပြီး၊ cylinder liner နံရံတွင်ကပ်နေပါသည်။
ပြုပြင်ချက်များ
Drain line ကို ပြန်လည်ပြင်ဆင်လိုက်ပါသည်။
ထိခိုက်မှုဖြစ်စေသည့်အကြောင်းရင်းများ
(Hardware factor)
ဖြစ်စဉ်(၁)တွင် piston သည် လိုင်နာအတွင်း ဖမ်းနေပြီး( seized ) ၊ cylinder oil nozzle များ ပိတ်ဆို့နေပါသည်။ ထိုအချက်သည် cylinder oil လုံလောက်မှု မရှိကြောင်း ပြသပါသည်။
သို့သော် ဖြစ်စဉ်(၂) တွင် piston ပျက်စီးခဲ့ပါသည်။ စစ်ဆေးချက်အရ cylinder oil nozzle များသည် ပုံမှန်အခြေအနေတွင် ရှိပါသည်။ ထို့ကြောင့် ထပ်မံစစ်ဆေးမှုများကို လုပ်ဆောင်သောအခါ အောက်ပါတွေ့ရှိချက်များကို ရရှိပါသည်။
Air compressors အားလုံး၏ Drain pipe line သည် ဘုံအဖြစ် စုပေါင်းသွားပြီး၊ waste oil tank သို့ တိုက်ရိုက်ဆက်သွယ်ထားပါသည်။ ထိုအချက်ကြောင့် piping system အတွင်း ကြွင်းကျန်သောဖိအား (remnant pressure) သည် အလွယ်တကူလျှော့ကျခြင်း မရှိပါ။ Auxiliary air compressor များမှ စီးဆင်းသော Drain များသည် No.1 Main Air compressor ရှိ Drain ပိုက်ဖက်သို့ စီးသွားသည်။
ထို့နောက် Intercooler ရှိ Automatic Drain Trap ကို ဖြတ်သန်းပြီး High pressure suction side တွင် Drain များ သွားစုပါသည်။ Auxiliary air compressor နှင့် No.1 Main Air Compressor သည် ပိုမိုနီးကပ်ပါသည်။ ထိုအချက်သည် Cylinder liner နှင့် High pressure suction valve များကို သံချေးတက်စေပြီး၊ compressor မောင်းနှင်ချိန်တွင် လိုအပ်သော cylinder liner ရှိ ဆီလွှာ ( oil film ) ကို နည်းပါးစေပါသည်။ ထို့ကြောင့် ဆီခမ်းပြီး၊ piston ထိခိုက်မှုဖြစ်စေခြင်းဟု ယူဆပါသည်။
( Software / Human Factors)
ယခင်စစ်ဆေးခြင်းမှာ ပျက်စီးခြင်း၏အဓိကအချက်ကို ရှာမတွေ့ခဲ့ပါ။
ထပ်မံမဖြစ်စေရန် ပြင်ဆင်ချက်များ
( Hardware aspects )
အသစ်တည်ဆောက်မည့်သင်္ဘောများတွင် သင်္ဘောတည်ဆောက်သူများအား Drain system နှင့် ပတ်သက်၍ လုံလောက်အောင်စဉ်းစားနိုင်ရန် တင်ပြမည်ဟု ဆုံးဖြတ်လိုက်ပါသည်။
( Software/ Human aspects )
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ အလားတူသင်္ဘောများကို အသိပေးဖြန့်ဝေသွားမည်။
သင်ခန်းစာ
ထိုသို့ထိခိုက်မှုများဖြစ်ပွါးလျှင် သက်ဆိုင်ရာတာဝန်ရှိသူ ကျေနပ်သည်အထိ ဖြစ်စဉ်ကို သေချာစွာစစ်ဆေးသင့်ပါသည်။
{Remark: :
 2-stage Air compressor ၏ diagram ဖြင့် တွဲ၍ ကြည့်လျှင် ပိုမိုသဘောပေါက်ပါလိမ့်မည်။ အဆင်ပြေလျှင် ပုံကြမ်းတင်ပေးပါမည်။ တခါတရံတွင် Waste oil tank များသည် M/E ၏ scavenging drain tank နှင့် ဆက်သွယ်နေသဖြင့် tank ထဲတွင် pressure ရှိနေပါသည်။ ထို pressure ကြောင့် Air compressor drain များ အောက်သို့ မစီးနိုင်ခြင်းလည်းဖြစ်နိုင်ပါသည်။
 No.1 Air compressor သည် ပထမဖြစ်စဉ်တွင် connecting rod ကျိုးပြီး၊ ဒုတိယဖြစ်စဉ်တွင် piston skirt မှ ပြတ်ထွက်သွားပါသည်။ ပထမဖြစ်စဉ်ဖြစ်ပွါးရခြင်း အကြောင်းကို report တွင် မဖေါ်ပြထားပါ။ ဖြစ်နိုင်သည်မှာ high pressure suction valve မှ ရေဝင်ခြင်းဖြစ်နိုင်ပါသည်။
 တောက်လျှောက်မောင်းထားလျှင် ဖြစ်နိုင်ရန်ခက်ခဲပါသည်။ အကြာကြီးရပ်ထားပြီး၊ egine st-by အချိန်တွင် ပြန်မောင်းသောကြောင့် ဖြစ်နိုင်ပါသည်။ ယခု case မှာ Main Air compressor ၂ လုံး၊ Auxiliary air compressor  ၁ လုံး ထားရှိသော သင်္ဘောဖြစ်ပုံရပြီး၊ ထိုသင်္ဘောများတွင် Engine St-by အချိန်တွင်သာ Main Air compressor ကို မောင်းပြီး၊ ပင်လယ်ထဲတွင် Auxiliary Air compressor ကိုသာ အသုံးပြုပါသည်။ }
( Zawgyi )
ဖြစ်ပွါးပုံ
ပြုပြင်ချက်များ
(Hardware factor)
( Hardware aspects )
သင်ခန်းစာ
{Remark: :
Sunday, October 19, 2014
Generator engine ၏ crankshaft ထိခိုက်မိခြင်း
ဖြစ်ပွါးပုံ
        သင်္ဘောသည် မီးစက်နှစ်လုံးကို အပြိုင်မောင်းထားပြီး၊ ကုန်ချနေစဉ်၊ No.1 G/E သည် Low Lub oil pressure alarm ဖြင့် ရုတ်တရက် tripped ဖြစ်သွားပါသည်။
ထိခိုက်မှုများ
        No.5 cylinder တွင် အောက်ပါထိခိုက်မှုများကို တွေ့ရှိရပါသည်။
(၁) Connecting rod ၏ Bottom end bearing သည် ပျောက်ဆုံးနေပါသည်။
(၂) Bearing ၏ သတ္တုအပိုင်းအစများကို Crankcase အောက်ခြေအပြားပေါ်တွင် တွေ့ရှိရပါသည်။
(၃) Crankpin တွင် အစင်းကြောင်းများနှင့် အပေါက်တစ်ပေါက်ကို တွေ့ရသည်။
(၄) Connecting rod bolt head collar မှာ ပုံပျက်ပြီး၊ ပဲ့နေပါသည်။
( Hardware factor )
        Connecting rod bolts များကို လုံလောက်သော Torque ဖြင့် တိုက်ထားခြင်း မရှိပါ။
(Software / Human factor )
အင်ဂျင်နီယာသည် Manual အတိုင်း ဆောင်ရွက်မှုမရှိခြင်းကြောင့်ဖြစ်သည်။
အင်ဂျင်ခန်းရှိ စက်ပစ္စည်းများကို ကိုင်တွယ်မောင်းနှင်သောအင်ဂျင်နီယာများသည် စက်ပစ္စည်းထုတ်လုပ်သူများ (Makers)  ပေးထားသည့် မောင်းနှင်ရန်လက်စွဲစာအုပ် ( Operation manuals ) များကို ကျွမ်းကျင်နားလည်ရမည်။ 
တခါတရံတွင် ညွှန်ကြားချက်လက်စွဲစာအုပ်( Instruction manuals ) များ ရှိ တချို့ညွှန်ကြားချက်များကို စက်ထုတ်လုပ်သူများမှ ပြောင်းလဲခြင်း( changed ) ၊ အသစ်ပြန်လည်ဖြည့်စွက်ခြင်း( revised ) များ ပြုလုပ်ကြတတ်သည်။ ထိုသို့ပြောင်းလဲချက်များကို စက်ပစ္စည်းဝယ်ယူသူများထံသို့ Service Bulletin (စက်ပြင်လက်စွဲစာစောင်) များ ပေးပို့အကြောင်းကြားပါသည်။ အင်ဂျင်နီယာများသည် ထို service bulletin များမှ ပြောင်းလဲသွားသော နည်းလမ်းအသစ်များကို လိုက်နာရမည်။
        အင်ဂျင်နီယာများသည် ထုတ်လုပ်သူ၏ပြောင်းလဲချက်များအတိုင်း မလိုက်နာ၊ မဆောင်ရွက်လျှင် အကျိုးဆက်အားဖြင့် ထိခိုက်မှုများကြုံတွေ့နိုင်ပါသည်။
        မိခင်ရုံးချုပ်မှပို့ပေးသော service bulletin များရှိ စက်ပစ္စည်းသည် မိမိသင်္ဘောတွင် မပါရှိသော်လည်း၊ အင်ဂျင်နီယာများသည် service bulletin ကို ဖတ်ရှုထားရမည်။