Friday, September 13, 2013

ပျက်စီးနေသောအောက်ဆီ-အက်ဆီတလင်းဝက်ဒင်း ကိရိယာများကြောင့် မီးလောင်ခံရခြင်း



ပျက်စီးနေသောအောက်ဆီ-အက်ဆီတလင်းဝက်ဒင်း ကိရိယာများကြောင့် မီးလောင်ခံရခြင်း

(   Burn injury from faulty oxy-acetylene welding equipment  )

      အင်ဂျင်ခန်းလူတစ်ဦးသည် Gas welding operation ပြုလုပ်ရန်အတွက် ပြင်ဆင်လျှက်ရှိပါသည်။ torchကို မီးညှိပြီး မကြာမှီတွင် gas torch မှ acetylene ပိုက်ကို ချွတ်လိုက်ပါသည်။ ထိုအခါ ပွင့်နေသောacetylene ပိုက်မှ မီးတောက်ထွက်လာပါသည်။ သင်္ဘောသား၏ ဘယ်ဖက်လက်ဖျံတွင် မီးလောင်ခံလိုက်ရပါသည်။

လေ့လာတွေ့ရှိချက် ( Investigation )

၁။ အလုပ်လုပ်ရန်အတွင် ပြင်ဆင်ထားသော အောက်ဆီဂျင်နှင့် အက်ဆီတလင်းဓါတ်ငွေ့များ၏ဖိအားအချိန်အဆသည် မှန်ကန်မှုရှိပါသည်။
၂။ ကိရိယာများ၏လုပ်ဆောင်မှုကို မျက်စိဖြင့် စစ်ဆေးထားပါသည်။
၃။  torch မှ အက်ဆီတလင်းပိုက်သည် ခေါက်နေပြီး၊ ထိုနေရာမှ ထိခိုက်မှုကြောင့် ပျက်စီးနေသည်ကို သတိမပြုမိသောကြောင့် ဖြစ်နိုင်ပါသည်။
၎။ ဒဏ်ရာရရှိသောသင်္ဘောသားသည် အလုပ်လုပ်ရန်လိုအပ်သော ဝယ်ဒင်းလက်အိတ်ကို ဝတ်ဆင်ထားခြင်း မရှိပါ။
၅။ ဒဏ်ရာရသူသည် သူ၏ Boiler suit အကျီလက်ကို ခေါက်တင်ထားပါသည်။

ကာကွယ်ရန်အတွက်လုပ်ဆောင်မှုများ ( Corrective / Preventive actions )

၁။ နောက်ထပ်တစ်ကြိမ်ကျင်းပမည့် ဘေးအန္တရာယ်ကင်းရေးအစည်းအဝေးတွင် ထိုထိခိုက်မှုကို ဆွေးနွေးရန်။
၂။ Hot work များကို ဆောင်ရွက်တိုင်းတွင် ဘေးအန္တရာယ်တွက်ချက်ခြင်း ( Risk assessment ) ပြုလုပ်သင့်ပြီး၊ ကုမ္ပဏီမှ လိုအပ်ချက်အလိုက်ဝတ်ဆင်ရမည့် ဘေးအန္တရာယ်ကာကွယ်မှုပစ္စည်းများ ( Company’s Personal protective matrix ) များကို ဝတ်ဆင်ထားသင့်ပါသည်။
၃။ Gas welding မပြုလုပ်မှီတွင် ကိရိယာအာလုံးနှင့် ပိုက်အဆက်အားလုံးကို သေချာစွာစစ်ဆေးရမည်။ လုံခြုံဘေးကင်းသောအခြေအနေရှိရန် သေချာစေရမည်။
၎။ အလုပ်ကို မစတင်မှီတွင် အစည်းအဝေးငယ်လေး( Toolbox meeting ) ပြုလုပ်ရန်နှင့် အလုပ်တွင် ပါဝင်မည့်လူတိုင်းသည် ဖြစ်ပေါ်နိုင်မည့်ဘေးအန္တရာယ်များကို သေချာစွာ သိရှိသင့်ပြီး၊ လုပ်ကိုင်မည့် လုပ်ငန်းအတွက် အဆင့်များကိုလည်း သိရှိရပါမည်။

Note:  : 

PPE – Personal protective equipment
         ဘေးကင်းလုံခြုံစေရန်ဝတ်ဆင်ရမည့်ကိရိယာများ အဝတ်အစားများ။
Company PPE matrix -  လုပ်ကိုင်မည့်အလုပ်တစ်ခုစီအလိုက် လိုအပ်မည့်ကိရိယာနှင့် အဝတ်အစားများကို ဇယားနှင့် ပြ၍ company မှ ညွှန်ကြားထားခြင်း ဖြစ်သည်။ ထိုညွှန်ကြားချက်အတိုင်းလိုက်နာဝတ်ဆင်ရန် ဖြစ်သည်။ )

( IHS – Safety at Sea – January 2011 – Reports များမှ ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။ )

မီးရှို့စက်မှ ထိခိုက်ဒဏ်ရာရခြင်း



                    မီးရှို့စက်မှ ထိခိုက်ဒဏ်ရာရခြင်း
                    ( Injury from Incinerator  )

            သင်္ဘောတစ်စီးတွင် Fourth Engineer သည် မီးရှို့စက်ကို မောင်းနှင်နေစဉ်၊ မီးလောင်ခံရပြီး ဒဏ်ရာများ ရရှိခဲ့ပါသည်။ Fourth Engineer သည် မီးရှို့စက်တွင် အင်ဂျင်ခန်းမှအမှိုက်များနှင့် ဆီဟောင်းများကို မီးရှို့နေပါသည်။ မီးလောင်ခန်းအတွင်းသို့ ချောင်းကြည့်မှန်( Sight Glass ) မှ ကြည့်သောအခါ အတွင်းရှိမီးတောက်၏ လောင်ကျွမ်းနှုန်းမှာ အားနည်းနေသောကြောင့် ပိုမိုလောင်ကျွမ်းစေရန်၊ အင်ဂျင်ခန်းအမှိုက်များ ထပ်ထည့်ရန် တံခါးကို ဖွင့်လိုက်ပါသည်။ မီးလောင်ခန်းတံခါးကို ဖွင့်လိုက်သောအခါ၊ မီးလောင်ခန်းအတွင်းမှ မီးတောက်ကြီးထွက်လာပြီး၊ Fourth Engineer ၏ မျက်နှာ၊ ဆံပင်၊ လက်နှင့် ခြေထောက်များကို မီးလောင်သွားပါသည်။

       မီးလောင်ဒဏ်ရာများမှာ ဒုတိယအဆင့်လောင်ကျွမ်းခြင်းအဆင့် ဖြစ်ပါသည်။ ဒဏ်ရာမှာ ကိုယ်ခန္ဓာ၏အစိတ်အပိုင်းအနည်းငယ်ကို လောင်ကျွမ်းသောကြောင့် ကံကောင်းသည်ဟု ဆိုရပါမည်။ ဆက်သွယ်ရေးစက်၏အကူအညီဖြင့် ဆေးဝါးကုသမှုလမ်းညွှန်ချက်များ တောင်းခံပြီး ကုသခဲ့ပါသည်။ ဒဏ်ရာများသည် လျှင်မြန်စွာကုသပျောက်ကင်းသွားသော်လည်း၊ မျက်နှာနှင့် ခြေလက်များတွင် သေရာပါ အမာရွတ်များ ထင်ကျန်ခဲ့ပြီ ဖြစ်ပါသည်။

မှတ်သားသင့်သောအချက်များ

           မီးရှို့စက်နှင့် ရေနွေးငွေ့စက်များနှင့် အလုပ်လုပ်ကိုင်သည့်အင်ဂျင်နီယာအားလုံးတို့သည် burner မှ မီးမလောင်ခင်အချိန်နှင့် မီးလောင်ပြီးအခြေအနေတွင် ရှိရမည့်၊ လေဝင်၊ လေထွက်လိုအပ်ချက်များကို ကောင်းမွန်စွာသိရှိရမည်။ လေဝင်၊ လေထွက်တံခါးများကို ဖွင့်လျှင်ဖြစ်နိုင်မည့် မီးလောင်ခန်းအတွင်းမှ မီးတောက်ဟပ်ခြင်းကို သိရှိရမည်။

နှာခေါင်းရိုးကျိုးသွားခြင်း



                                                 နှာခေါင်းရိုးကျိုးသွားခြင်း 

          သင်္ဘောသား ၂ ယောက်သည် စည်ပိုင်းအလွတ်တစ်လုံးကို ခိုင်မြဲစွာချည်နှောင်ရန်အတွက် ကြိုးစားနေပါသည်။ ရွေ့လျားအသုံးပြုသောပန့်အတွက် စည်ပိုင်းကို သန့်ရှင်းရေးလုပ်ရန်ကန်( a cleaning bath ) အဖြစ် အသုံးပြုရန်ဖြစ်ပါသည်။  (50mmx3mm)ရှိသော သံပြားကို ပြုတ်တူပုံစံကွေးထားပြီး စည်ပိုင်းပတ်လည်တွင် တပ်ဆင်၍ ချည်နှောင်ကြပါသည်။ ထိုသို့လုပ်ကိုင်စဉ်အတွင်း သံပြားသည် ရုတ်တရက်ချော်ထွက်သွားသည်။ မကွေးထားရသေးသောအပိုင်းသည် အခြားသင်္ဘောသားတစ်ဦး၏ မျက်နှာကို ထိုးမိသွားပြီး၊ နှာခေါင်းရိုးကျိုးသွားပါသည်။ ထိခိုက်ဒဏ်ရာရသူကို ရှေးဦးသူနာပြုနည်းနှင့် ပြုစုထားပြီး၊ ဆေးရုံသို့ပို့ဆောင်လိုက်ပါသည်။ ထို့နောက်မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးပါသည်။ မတော်တဆထိခိုက်မှုဖြစ်ချိန်တွင် သင်္ဘောသည်ကမ်းနားတွင် ဆိုက်ကပ်ထားသောကြောင့် ထိုသင်္ဘောသားအတွက် ကံကောင်းပါသည်။

ထိခိုက်မှုကိုဖြစ်စေသည့်အကြောင်းအရာများ

၁။ အစီအစဉ်အားနည်းခြင်း။ မလုပ်ကိုင်မှီ ဖြစ်နိုင်သောဘေးအန္တရာယ်များကို စဉ်းစားခြင်း မရှိပါ။
၂။ အလုပ်အတွက်သုံးသော ပစ္စည်းမှာ သင့်လျှော်မှု မရှိပါ။

ပြုပြင်ရန်အချက်များ

အခြားသင်္ဘောများသို့ ညွှန်ကြားချက်များ ပေးပို့ရန်

၁။ နောက်တစ်ကြိမ်ကျင်းပမည့် ဘေးအန္တရာယ်ကင်းရေးအစည်းအဝေးတွင် ထိခိုက်မှုနှင့် ပတ်သက်၍ ဆွေးနွေးရန်။
၂။ ထိခိုက်မှုဖြစ်စေနိုင်သောမည်သည့်အလုပ်ကိုမဆို မစတင်မှီ အသေးစားဆွေးနွေးပွဲ(Toolbox meeting) ကျင်းပရန်။
၃။ ကိရိယာတန်ဆာပလာများနှင့် လုပ်ကိုင်မည့်အလုပ်ကို သင့်လျှော်ပါသလား အမြဲစဉ်းစားပါ။ ထိုအလုပ်အတွက် လုပ်ကိုင်မည့်နည်းလမ်းကို ကြိုတင်လေ့လာပါ။
၎။ ဘေးအန္တရာယ်ဖြစ်နိုင်ချေနှင့် အလုပ်ကိုမကျွမ်းကျင်လျှင် အခြားသူများထံမှ အကူအညီကို ရယူပါ။

( IHS – Safety at Sea – January 2012 မှ ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။ )

“Steeling Plates များပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရခြင်း”



“Steeling Plates များပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရခြင်း”

     တာဝန်ချိန်အတွင်း ပုံမှန်ကင်းလှည့်မှုနေဖြင့် Fourth Engineer သည် လှည့်လည်စစ်ဆေးနေပါသည်။ ထိုအချိန်တွင် ရာသီဥတုမှာ ဆိုးရွားနေပါသည်။ သင်္ဘောနံရံဘေးတွင် စီထပ်ထားသောစတီးပြား အထပ်ကြီးမှာ လုံလောက်စွာချည်ပိုးထားမှုမရှိခြင်း၊ ရာသီဥတုဆိုးရွာခြင်းတို့ကြောင့် စတင်လှုပ်ရမ်းလာပါသည်။ ထိုအကြောင်းကို အထက်အရာရှိကို သတင်းပေးပို့ခြင်း မရှိပါ။ ဖြစ်ပေါ်လာနိုင်သောဘေးအန္တရာယ်ကို စဉ်းစားခြင်း မပြုဘဲ၊ Fourth Engineer သည် တစ်ယောက်ထဲ စတီးပြားများကို ပြန်စီရန်၊ ပြန်ချည်နှောင်ရန်ကြိုးစားပါသည်။ ထိုသို့ပြုလုပ်နေစဉ် သင်္ဘောသည် ရုတ်တရက်လှုပ်သွားပါသည်။ 

       စတီးပြားများသည် ပြိုကျလာသောကြောင့် ၊  Fourth Engineer သည် ပိတ်မိသွားပြီး၊  စတီးပြားများက ဘယ်ဘက်ခြေထောက်ကို ဖိ၍ ချိုးလိုက်ပါသည်။ ဝပ်ရှော့ထဲတွင် အလုပ်လုပ်နေသောSecond Engineer သည် စတီးပြားများပြိုကျသံနှင့် ပိတ်မိနေသောFourth Engineer၏ အော်သံကိုကြားလိုက်ရပါသည်။ Second Engineerသည် ထိုနေရာသို့ပြေးသွားပြီး၊ အရေးပေါ်ခလုတ်ကို နှိပ်ပါသည်။ အရေးပေါ်အဖွဲ့ဖွဲ့ပြီး၊ Fourth Engineer ကို ကယ်တင်ပါသည်။ ရှေးဦးသူနာပြုစနစ်ဖြင့် ပြုစုကြပါသည်။ 

      ဒဏ်ရာအခြေအနေမှာ ပြင်းထန်ပါသည်။ ကျန်းမာရေးညွန်ကြားချက်များကို ရေဒီယိုစနစ်ဖြင့် ဆက်သွယ်ပြီး တောင်းခံနေရပါသည်။ ထို့ကြောင့် သင်္ဘောသည် အနီးဆုံးဆိပ်ကမ်းသို့ သွားရန် လမ်းကြောင်းပြောင်းလိုက်ပါသည်။ ထိခိုက်သွားသောခြေထောက်ကို ဆေးကုသရန်အတွက် အနီးဆုံးဆိပ်ကမ်းမှတဆင့် စင်ကာပူသို့ လေယာဉ်ဖြင့် ခေါ်သွားကြပါသည်။

ထိခိုက်မှုကိုဖြစ်စေသည့်အခြေခံအကြောင်းအရင်းများ

၁။ ဘေးအန္တရာယ်ဖြစ်နိုင်သောအခြေအနေတွင် အခြားသူများကို သတင်းပို့ရန်၊ အကူအညီတောင်းခံရန် ပျက်ကွက်ပါသည်။

၂။ အတွေ့အကြုံနှင့် အန္တရာယ်ကို သတိထားမှုနည်းပါးပါသည်။ အတွေ့အကြုံနည်းသော Fourth Engineer သည် တစ်ယောက်တည်း စတီးပြားများကို ပြန်စီလျှင်ဖြစ်နိုင်သော ဘေးအန္တရာယ်များကို နားလည်ထားခြင်း မရှိပါ။

၃။ စတီးပြားများကို လုံလောက်သော ချည်နှောင်ထားမှု မရှိပါ။ တစ်ချောင်းထဲသော သံချောင်းနှင့် ချိတ်ကိုသာ အသုံးပြုထားပါသည်။

၎။ ဘေးအန္တရာယ်ရှိသော ပတ်ဝန်းကျင်အခြေအနေ။ ( ရာသီဥတုဆိုးရွားခြင်း )

ပြုပြင်ရန်အချက်များ

အခြားသင်္ဘောများသို့ သတင်းဖြန့်ဝေ၍ သင်္ဘောသားများကို ညွှန်ကြားချက်များ ထုတ်ရန်။

၁။ လုံခြုံဘေးကင်းရေးအစည်းအဝေးတွင် ထိုထိခိုက်မှုကို ဆွေးနွေးရန်။
၂။ မည်သည့်အလုပ်ကိုဖြစ်စေ စတင်မလုပ်ကိုင်မှီ၊ သင့်တော်သောဘေးအန္တရာယ် တွက်ချက်မှုကို ပြုလုပ်ရန်။
၃။ ဘေးအန္တရာယ်ရှိသောအခြေအနေကို မြင်တွေ့လျှင် အထက်လူကြီးများကို အမြဲအကြောင်းကြားရန်။   ဘေးအန္တရာယ်ရှိသောအလုပ်ကို အထက်လူကြီးများ၏ ခွင့်ပြုချက် မရှိလျှင်၊ တစ်ဦးတည်း ဆောင်ရွက်ခြင်း မပြုရန်။
၎။ အထက်အရာရှိများနှင့် အခြားသူများသည် သင်္ဘောပေါ်တွင် ဘေးကင်းစွာဆောင်ရွက်ရန် နည်းလမ်းများကို မိမိတို့၏အတွေ့အကြုံအလိုက် ဝေငှပြောဆိုရန်။

(HIS Safety at Sea- March 2012 မှ ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။ )

ထိခိုက်မှုဖြစ်စဉ်လေ့လာချက် ၅၁ ။ ။ သေးငယ်သောအမှားမှ ကြီးမားသောနောက်ဆက်တွဲများ။ ။



Accident Case Study 51:  Minor Fault, Major Consequences

ထိခိုက်မှုဖြစ်စဉ်လေ့လာချက် ၅၁ ။  ။  သေးငယ်သောအမှားမှ ကြီးမားသောနောက်ဆက်တွဲများ။  ။

မည်သို့ဖြစ်ပွါးသလဲ။  ။

       သင်္ဘောသည် ကမ်းမှထွက်ခွါပြီး၊ ရေတက်ရေကျကို ထိန်းထားသောလော့ (Lock en route ) တစ်ခုအတွင်းသို့ ဝင်ရောက်ပါသည်။
       သင်္ဘောကို ဘောင်းထရပ်စတာ( Bow thruster ),  (Becker Rudder ),   CPP ( Controllable-pitch propeller ) တို့ဖြင့် ထိန်းသိမ်းမောင်းနှင်နေပါသည်။
      Pitch သည် zero သို့ ရောက်ချိန်တွင် CPP သည် အလုပ်မလုပ်တော့ပါ။ Pitch သည် နောက်ထပ်လှည့်ပေးရန် ၄၀% လိုအပ်နေပါသည်။
      တွန်းသင်္ဘောဖြင့် တွန်းသော်လည်း၊ မမှီတော့ပါ။ သင်္ဘောသည် Lock gate ကို ဝင်တိုက်မိပြီး၊ သင်္ဘောဦးပိုင်းနှင့် Gate မှာ ပျက်စီးသွားသည်။

       
  အဘယ်ကြောင့် ဖြစ်ပွါးရသလဲ။  ။

        CPP alarm မှ အချက်ပေးသည်မှာ CPP control power – failure ဖြစ်ပါသည်။ ထိုအချက်ပေးမှုကို သင်္ဘောတိုက်မှုဖြစ်ပြီးသော်လည်း၊ သတိမပြုမိပါ။ တိတိကျကျဖေါ်ပြထားခြင်း မရှိသော အချက်ပေးမှုသင်္ကေတကြောင့် အမှန်တကယ် အချက်ပြမှုကို မသိနိုင်ခဲ့ပါ။
       အချက်ပြမှုနှင့် စနစ်ချို့ယွင်းမှုအကြား အချိန်မှာ အလွန်နီးကပ်လွန်းသောကြောင့် CPP ထိန်းချုပ်မှုကို အင်ဂျင်ခန်းသို့ လွဲပေးရန် (သို့မဟုတ်) အင်ဂျင်ကို အရေးပေါ်ရပ်ရန် မလုပ်နိုင်ပါ။

မှတ်သားရန်။  ။

      သင်္ဘောမထွက်ခွါမှီ စစ်ဆေးသင့်သည်များကို အပြည့်အဝနားလည်သဘောပေါက်စွာ စစ်ဆေးခြင်းသည် စနစ်၏ ချို့ယွင်းမှုပြဿနာများဖြစ်ပေါ်ချိန်တွင် ကိုင်တွယ်ရန် အကူအညီပေးပါလိမ့်မည်။
       အရေးပေါ်အခြေအနေလေ့ကျင့်ခန်းများ ( Drills and exercises ) ပြုလုပ်ခြင်းသည် ပုံမှန်မဟုတ်ဘဲ ရုတ်တရက်ပေါ်လာသော အခြေအနေများကို ကိုင်တွယ်ရန် သင်္ဘောသားများကို အကူအညီပေးပါလိမ့်မည်။

International requirements

-      International Safety Management (ISM) Code, Chapter 08, Emergency Preparedness
 ( IHS – Safety at Sea – December 2012 , မှ ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။ )